Daily Archives: January 1, 2018

သတင်း

နှစ်ကူးမေတ္တာ

ဖေးဘုတ်ပရိသတ်ကြီးမင်္ဂလာပါ။ ၂၀၁၇ ခုနှစ် နှစ်ဟောင်းကုန်ဆုံးခဲ့ပါပြီ။ ၂၀၁၈ခုနှစ် နှစ်သစ်သို့ရောက်ရှိခဲ့ပါပြီ။ အင်္ဂလိပ်နှစ်ဆန်တစ်ရက်နေ့ဟာ မြန်မာကျွန်ဖြစ်တဲ့နေ့ပါပဲ။ ဝိတိုရိယဘုရင်မကြီးအား မြန်မာပြည်ကို နှစ်ကူးလက်ဆောင်အဖြစ် ဆက်သနိုင်ခဲ့ကြောင်း ဗြိတိသျှအစိုးရက အိန္ဒိယဘုရင်ခံမှတစ်ဆင့် ကြေညာခဲ့တာပါ။ ဒါကြောင့် အင်္ဂလိပ်နှစ်ဆန်းတစ်ရက်နေ့ဟာ အင်္ဂလိပ်တွေအတွက် ဂုဏ်ယူဝင့်ကြွားစရာ နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်လို့ရပေမဲ့ မြန်မာတွေအတွက်တော့ ကျက်သရေမရှိ မင်္ဂလာမရှိတဲ့ နေ့ရက်ကြီးတစ်ခုပါ။ နှစ်ကူးလို့ ရူးမိတာမဟုတ်တောင် သူများတွေလို ဝမ်းမြောက်ပျော်ရွှင်စွာ နှုတ်ဆက်လိုတာကတော့ အမှန်ပါပဲ။ ဖေးဘုတ်ပရိသတ်ကြီး မင်္ဂလာပါနော်။ ၂၀၁၈မှာ ၆၆(ဃ)နှင့် မငြိအောင် ရှောင်ကွင်းနိုင်ပါစေ။ ၅၀၅(ခ)နှင့် မငြိအောင် ကျော်လွှားနိုင်ပါစေ။ ...
သတင်း

ဒိုင်းမွန်းရွှေကြည် နှစ်သစ်ကူးအလှူ

ဒီကနေ့ ဒီဇင်ဘာလ 31 ရက်နေ့ မွန်းလွဲပိုင်းမှာ မိတ်ဆွေကြီး ဒိုင်းမွန်းရွှေကြည်က စာရေးသူထံ ဖုန်းဆက်လာပါတယ်။ ထုံးစံအတိုင်း မင်္ဂလာပါဦးဇင်း Good Luck ပါလို့ နှုတ်ဆက်ရင်း ဆုတောင်းမေတ္တာစကားတွေ ပြောကြားလာတာပါ။ ထူးခြားတာကတော့ Video Call ခေါ်ချင်လို့ လိုင်းဖွင့်ပေးဖို့ ပြောလာတာပါပဲ။ စာရေးသူက ပြင်ဦးလွင်မှအပြန် ကားပေါ်မှာဖြစ်လို့ လိုင်းမမိတစ်ချက် မိတစ်ချက် ဖြစ်နေတာကြောင့် Video Call ဖွင့်လို့မရပါဘူး။ ဘာကြောင့်များ Video Call ခေါ်ချင်တာပါလိမ့် မေးလိုက်တော့ တာမွေမြို့နယ် NLD စည်းရုံးရေးမှူး မူဆလင်ကိုညီညီနှင့် စကားပြောခိုင်းမလို့လို့ ဆိုပါတယ်။ စာရေးသူလည်း ...
သတင်း

လောကအလင်း မိသားစု ဘုရားဖူးခရီးစဉ်ပြီးဆုံး

ဒုတိယအကြိမ် အစမ်းစာမေးပွဲများ ဖြေဆိုပြီးတဲ့ လောကအလင်း ကျောင်းသားကျောင်းသူများ ဘုရားဖူးခရီးစဉ်ကို ဒီဇင်ဘာလ 29 ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ကျောင်းသားကျောင်းသူ ၅၄ယောက် ဆရာတော်သုံးပါး ဆရာ ဆရာမများနှင့် ကြီးကြပ်သူများ ပါဝင်ကြပါတယ်။ ပုဂံညောင်ဦး ပုပ္ပါးမှာ ဘုရားဖူးကုသိုလ်ယူခဲ့တြာပါ။ တူရင်းတောင်၊ ငှက်ပစ်တောင်၊ ရွှေစည်းခုံ၊ လောကနန္ဒာ၊ အလိုတော်ပြည့်ဘုရားများကို ဖူးမြော်ခဲ့ကြပါတယ်။ ဒီနေ့ 31ရက်နေ့ ဘုရားဖူးအဖွဲ့အားလုံး လောကအလင်းကျူရှင်ကျောင်းမှာ လုပ်အားဒါန ဝေယျာဝစ္စကုသိုလ်ယူရင်း ကျောင်းသန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။ အဖွဲ့အစည်းအလိုက် ဘုရားဖူး အဖွဲ့အစည်းအလိုက် လုပ်အားပေး အဖွဲ့အစည်းအလိုက် ခရီးသွားဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖွဲ့အစည်းနှင့် အလုပ်လုပ်တတ်အောင် ...
သတင်း

ဗုဒ္ဓရုပ်ပွားတော်အား စော်ကားသူနှစ်ဦးကို အရေးယူထားပါပြီ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင် ဘုရားဝန်းအတွင်းရှိ ဂြိုဟ်ပြေနာမ်ပြေ ဗုဒ္ဓဆင်းတုတော်များအား ခွထိုင်ခြင်း၊ လည်ပင်းဖက်ခြင်း၊ ခြေထောက်ဖြင့် တင်ထားခြင်း ခွထားခြင်း စသည်ဖြင့် သူတစ်ပါးကိုးကွယ်ရာ ဘာသာ သာသနာ အထိမ်းအမှတ် ရုပ်ပွားတော်များကို စော်ကားခဲ့တဲ့ အဖွဲ့ထဲမှ လူငယ်နှစ်ယောက်ကို ရွှေမိုးတောင် ဂေါပကဥက္ကဋ္ဌ ဦးဒီးဒုတ်(ခ) ဦးတင်မင်းထွေးက တရားလိုလုပ် တိုင်ကြားထားပါတယ်။ ၄င်းလူငယ်နှစ်ဦးဟာ ရုပ်ပွားတော်ကို စော်ကားရုံနှင့် အားမရနိုင်သေးဘဲ ၄င်း၏ Aung Hkasha အကောင့်မှတစ်ဆင့် ဖေးဘုတ်ပေါ်တွင် 25.12.2017 ရက်နေ့မှာ တင်ထားကာ ...
သတင်း

မုဒိတာရပ်ဝန်း

ပြည်ခရိုင် သဲကုန်းမြို့နယ် ရှားဆေးဖိုတဲတိုက် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းဆရာ ဦးအောင်ကြိုင်ဖြိုးအတွက် လားရှိုးမြို့နေ ဒေါ်အေးမှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။(30.12.2017) (ရှားဆေးဖိုကျောင်းလေးအကြောင်း ဆောင်းပါးလေးကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။) ======================================================== “အညတရအရိုင်းပန်းခင်းလေးထဲက စေတနာ့ဥယျာဉ်မှူး” =============================== ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းကျေးရွာအုပ်စု၊ သရက်ကိုင်းကျိုးနယ်မြေထဲက တဲတိုက်လေးတစ်စု ရှိခဲ့ပါတယ်။ ရှားစေးဖိုအမည်ရတဲ့ တဲတိုက်လေးပါ။ အိမ်ခြေ (၇၃)အိမ်၊ လူဦးရေ (၂၉၆)ဦး ရှိပါတယ်။ ကျား/မ အချိုးညီမျှတဲ့ တဲအိမ်စုလေးပါ။ ကျား/မ လူဦးရေ (၁၄၈)ဦးစီရှိတာ ထူးဆန်းသလိုပဲနော်။ သူတို့တတွေဟာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ လားရှိုးမြို့ ဒေါ်အေးမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။( 30.12.2017) အလှူရှင်ဒေါ်အေးနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ...