Daily Archives: April 14, 2018

သတင်း

တပည့် ရှင်တေဇောဘာသ ရဟန်းခံပွဲ

10.4.2018 ရက်နေ့၊ မနက်(၇း၃၀)နာရီ၊ သိမ်ဝင်ပါတယ်။ ရဟန်းဒကာ ရဟန်းဒကာမ မိသားစုများထဲက နှစ်ဦး ဒုလ္လဘရဟန်းခံပါတယ်။ ရဟန်းလောင်းသုံးပါး စုပေါင်းရဟန်းခံပွဲပါ။ မစိုးရိမ်တိုက်သစ်၊မဟာနာယကဆရာတော်များဖြစ်တဲ့ ဓမ္မသမိဒ္ဓိဆရာတော်၊ ဓမ္မာဓိပတိဆရာတော်နှင့် နာယကဆရာတော်များ၊ ရှင်တေဇောဘာသ၏ ငယ်ဆရာတော်များ ကြွရောက်ကြပါတယ်။ ဓမ္မသမိဒ္ဓိကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက ဥပ္ပဇ္ဈာယ်ဆရာတော်အဖြစ်ဆောင်ရွက်ပြီး ဓမ္မသုဝဏ္ဏမေတ္တာကျောင်းနာယကဆရာတော် ဘဒ္ဒန္တကဝိန္ဒာဘိဝံသက အနုသာသကဆရာတော်အဖြစ် ဆောင်ရွက်ပါတယ်။ သိမ်ဆင်းလောင်းအပြီးမှာ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်က တရားဟော ရေစက်ချ ပြုလုပ်အပြီး သံဃာတော်များအား နေ့ဆွမ်းကပ်ပါတယ်။ နေ့ဆွမ်းကပ်ပြီးတဲ့အခါ စာရေးသူထံမှာ သြဝါဒခံယူကြပါတယ်။ ရဟန်းဒကာ ဒကာမများက ကိုဖိုးမောင်+မသူဇာ ဆွမ်းဒကာ ဒကာမများဖြစ်ကြပါတယ်။ တပည့် ရှင်တေဇောဘာသက ပထမကြီးတန်း ရောက်ပါပြီ။ ပထမကြီးတန်း ...
သတင်း

တောင်ကြီးခရီးစဉ် (၆)

22.3.2018 ရက်နေ့၊ မနက်ပိုင်း နောင်တရားမြို့နယ်၊ တီကျစ်ရွာကြီးမှ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ မနက်(၁၀း၀၀)နာရီကျော်မှာ မိုးဗြဲမြို့၊ စည်ကားရပ်ကွက်၊ သာသနာလင်္ကရကျောင်းမှာ ခဏနားပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာအား စာစောင်နှင့် ရေဒီယိုစတစ်များလှူဒါန်းကာ နေ့ဆွမ်းစားဖို့ ထွက်ခွာလာခဲ့ပါတယ်။ မိုးဗြဲမြို့၊ ကွက်သစ်ရပ်ကွက်၊ ဦးကျော်စိုးဝင်+ဒေါ်ခင်လေးနွယ် မိသားစုအိမ်မှာ နေ့ဆွမ်းစားပါတယ်။ ဒေသခံဆရာတော် သံဃာတော်များ ကြွရောက်အားပေးကြပါတယ်။ ဆွမ်းစားအပြီးမှာ ဆရာတော်သံဃာတော်များက အိမ်အပေါ်ထပ်မှာ ပရိတ်တရားချီးမြှင့်ပြီး စာရေးသူက မဏ္ဍပ်ထဲမှာ တရားဟောကြားပါတယ်။ အင်မတန်ခေါင်တဲ့နေရာများမှာ နေကြရတဲ့ ပြည်သူတွေဖြစ်လို့ နမောတဿတရား ဟောကြားခဲ့ပါတယ်။ နမောတဿ ဘုရားဂုဏ်တော်ပွားများပုံကို လက်တွေ့ထိုင်ခိုင်းကာ ပွားများခိုင်းပါတယ်။ နမောတဿ ပွားများပါ၊ ဘေးရန်ကင်းလို့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၈၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဦးသောင်းညွန့်အားရည်စူး၍ ဒေါ်အေး မိသားစုက အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (1.4.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
သတင်း

လားရှိုးခရီးစဉ်(၃)/ ၂၀၁၈ ဒသမဓမ္မသဘင်

6.4.2018 ရက်နေ့၊ ည(၈း၀၀)နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မဟာမြတ်မုနိမြတ်စွာဘုရားရင်ပြင်တော်မှာကျင်းပပါတယ်။ လားရှိုးမြို့၊ အမျိုးသားရေးအင်အားစုများအဖွဲ့က ဦးစီးကျင်းပတာပါ။ အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။ တရားဟောအပြီးမှာ ဓမ္မပူဇာအလှူငွေများ ဆက်ကပ်လှူဒါန်းပါတယ်။ အလှူရှင်တစ်ဦးချင်းအလိုက် အမည်ခေါ်ပြီး အလှူငွေပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းများ ပြုလုပ်ကြရာ လားရှိုးမြို့သူမြို့သား ပရိသတ်များ သာဓုခေါ်ကြပါတယ်။ အလှူရှင်ဦးရေက များသော်လည်း လားရှိုးမြို့သူမြို့သားများက သာဓုမြိုင်မြိုင်ခေါ်ကာ ဝမ်းသာအားရ အားပေးကြပါတယ်။ “အမျိုးသားရေးတရားတော်” ၁။ အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကို မြှင့်တင်တာ။ ၂။ အမျိုးသားရေးဆိုသည်မှာ ယဉ်ကျေးမှုကို ထိန်းသိမ်းတာ။ ၃။ အမျိုးသားရေးဆိုသည်မှာ ဘုရားတည်တာ ကျောင်းဆောက်တာ။ ၄။ ...
သတင်း

တောင်ကြီးခရီးစဉ်(၅)

22.3.2018 ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ရွာမှာ မနက် အရုဏ်ဆွမ်းစားပါတယ်။ တီကျစ်ဆရာတော်ကြီး ဖူးမြော်ကန်တော့ပြီး တီကျစ်ရွာသူရွာသားတွေကပ်လှူတဲ့ အရုဏ်ဆွမ်းကို ညီတော်မောင်များနှင့်အတူ စားကြတာပါ။ ပအိုဝ့်ဝီရသူတို့နာမည်ကြီးတဲ့ ဆရာတော်လေးတစ်ပါးလည်း ရောက်ရှိလာပါတယ်။ သူတို့ကတော့ ဖယ်ခုံမြို့ အနောက်ကယန်းဒေသ တရားပွဲအတွက် လာရောက်ပင့်ဆောင်ကြတာပါ။ တီကျစ်ရွာအရုဏ်ဆွမ်းအပြီးမှာ မန်း မဟော်သဓာအတွက် အလှူငွေတွေ လှူဒါန်းကြပါတယ်။ တီကျစ်ဆရာတော်ကြီးက သြဝါဒပေးဖို့ တိုက်တွန်းတာကြောင့် ကာကွယ်ရေးဗျူဟာ ငါးပါးတရား ဟောကြားခဲ့ပါတယ်။ တီကျစ်ရွာသူရွာသားတွေကတော့ အမျိုးသားရေးသမားတွေဖြစ်လေတော့ အမြဲတမ်းတက်ကြွလို့နေတော့တာပါပဲ။ “ကာကွယ်ရေးဗျာဟာ (၅)ပါး” ဝါစာနဲ့လည်း ကာကွယ်ပါ။ အသပြာနဲ့လည်း ကာကွယ်ပါ။ ပညာနဲ့လည်း ကာကွယ်ပါ။ ...