Daily Archives: June 23, 2018

သတင်း


ကျောက်သားလေးလို ဖွေးဖြူသော ဆရာတော်ရဲ့စိတ်ဓာတ်၊ ကျောက်သားလေးလို မာကျောသော စိတ်ဓာတ်၊ ငါးကလေးလို မဆုတ်မနစ် ကူးခတ်တတ်သော စိတ်ဖြင့် ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်လူမျိုးအပေါ် မလျှော့သောဇွဲဖြင့် စေတနာ မေတ္တာ အနစ်နာခံ၍ ဆောင်ရွက်တော်မူနေသော သာသနာ့အာဇာနည်ဆရာတော်ဘုရားအား ထာဝရဦးထိပ်ပန်ဆင်လျက် ဂုဏ်ပြုသောအားဖြင့် အမှတ်တရလက်ဆောင် ပေးအပ်လှူဒါန်းပါသည်ဘုရား…။ ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ…။ ဦးအောင်မိုး+ဒေါ်ကြည်ကြည်ဦး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ စကျင်ရွာ     ဆရာတော်ဦးဝီရသူ မွေးနေ့မင်္ဂလာ အမှတ်တရ” ကျောက်သားလေးလို ဖွေးဖြူသော ဆရာတော်ရဲ့စိတ်ဓာတ်၊ ကျောက်သားလေးလို မာကျောသော စိတ်ဓာတ်၊ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ပညာရေးအကယ်ဒမီ သြဝါဒ

ပထမဝါဆိုလဆန်း (၈)ရက်၊ (20.6.2018)ရက်နေ့၊ ည ၆း၃၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ဟောပြောပါတယ်။ ဓမ္မစေတီကျောင်းတိုက်မှ ပညာရေးအကယ်ဒမီ ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများအား ဟောပြောတာပါ။ သရဏဂုံရဲ့ ဂုဏ်ကျေးဇူးနှင့် ပညာရေးတန်ဖိုး ဟောပြောခဲ့တာပါ။ ဆရာ ဆရာမနှင့် ကျောင်းသူကျောင်းသားပေါင်း (၁၅၀)ရှိပါတယ်။ (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသူကျောင်းသားများအား နေ့ရော ညပါ ထိန်းကျောင်းပြုပြင် သွင်သင်ဆုံးမ ပြသသင်ကြားနေတဲ့ကျောင်းပါ။ ကျောင်းထိုင်ဆရာတော် အရှင်နာဂိန္ဒာလင်္ကာရ၊ ၎င်း၏ညီ အရှင်သုမနာလင်္ကာရ ပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော် အရှင်ဥက္ကဋ္ဌ၊ လက်ထောက်ဆရာတော် အရှင်သောဘိတ(သောကြာကြယ်)တို့ ဦးစီးဆောင်ရွက်နေကြတာပါ။ ဝီရသူ (မစိုးရိမ်) ...