Daily Archives: August 1, 2018

သတင်း

သဟာယ ဝါဆိုသင်္ကန်းကပ်အလှူ

ဒုတိယဝါဆိုလပြည်ကျော် ၁ ရက်၊ 28.7.2018 ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာကျောင်းမှာ ကပ်လှူပါတယ်။ ညီတော်မောင် နာယကဆရာတော်လေးများ၊ လောကအလင်း၊ မန်း မဟော်သဓာ ကျောင်းတော်တို့မှ စာချဆရာတော်လေးများနှင့် မန်း မဘသ အတွင်းရေးမှူးချုပ် ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလတို့ ကြွရောက်ချီးမြှောက်ကြပါတယ်။ အလှူရှင်တွေကတော့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း၊ သမီး မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာ)မိသားစုနှင့် ရောဟိနီ သံဃဝေယျာဝစ္စအဖွဲ့ ဖြစ်ပါတယ်။ ပင့်သံဃာများအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းပြီး စာသင်သားသံဃာများအား ...
သတင်း

သဟာယ စာအောင်သံဃာဆုပေးပွဲ

ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်၊ 28.7.2018 ရက်နေ့၊ ည ၇း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ အစိုးရစာမေးပွဲအောင်မြင်ခဲ့ကြတဲ့ စာအောင်သံဃာများနှင့် နိုင်ငံကျော် (၁)ပါး၊ သကျသီဟစာသင်တန်းအောင် (၁)ပါးအား သင်္ကန်းနှင့် ဆုငွေ လှူဒါန်းတာပါ။ သဟာယကျောင်းမှ မူလတန်းအောင် (၂)ပါး × ၁၀၀၀၀ ကျပ် = ၂၀၀၀၀၀ ကျပ် အငယ်တန်းအောင် (၂)ပါး × ၃၀၀၀၀ ကျပ် = ၆၀၀၀၀ ကျပ် အလတ်တန်းအောင် ...
သတင်း

မစိုးရိမ်တိုက်သစ် ဝါဆိုပွဲအခမ်းအနား

ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်၊ 28.7.2018 ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးရှိသော နာယကဆရာတော်များ ဝါဆိုအပြီးမှာ ကျန်စာသင်သားသံဃာတော်များ ဝါဆိုကြပါတယ်။ ဝါဆိုအပြီးမှာ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ သြဝါဒပေးပါတယ်။ ၁၃၈၀ ပြည့်နှစ် (၂၀၁၈)ခုနှစ်၊ ဝါဆိုသံဃာ ၂၈၀၆ ပါးပါ။ စာရေးသူက သဟာယအင်တာနက်ရေဒီယို တိုက်ရိုက်အစီအစဉ်မှာ မြန်မာတရားတော်များကဏ္ဍအတွက် Live လွှင့်နေလို့ အနည်းငယ်နောက်ကျသွားပါတယ်။ ဝါဆိုသံဃာများအား ဦးလှအောင်အမှူးရှိသော LPT အဖွဲ့က ဗလာစာအုပ်များ လှူဒါန်းပါတယ်။ ဗလာစာအုပ်အပိုများကို မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းအတွက် စာရေးသူထံ ...
သတင်း

ပညာရေးအကယ်ဒမီကျောင်း မွေးနေ့အလှူ

ဒုတိယဝါဆိုလဆုတ် ၁ ရက်၊ 28.7.2018 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်အတွင်း၌ ဖွင့်လှစ်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ အရုဏ်ဆွမ်းကပ်ပါတယ်။ အုန်းနို့ခေါက်ဆွဲပါ။ အလှူရှင်ကတော့ ကိုအောင်ကိုဝင်း+မဂျူးဂျူး မိသားစု ဖြစ်ပါတယ်။ သားငယ်လေး ထီးလှိုင်ကျော် (ခ) ဘိုထီး (၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပါ။ သံဃာတော်များအား အရင်ဆက်ကပ်ပြီးမှ ကျောင်းသားကျောင်းသူများ ဆရာ ဆရာမများအား ကျွေးမွေးပါတယ်။  ယွန်းဝတီရွှေဆိုင်မိသားစု လှူဒါန်းထားတဲ့ ထမင်းစားပွဲခုံရှည်များနှင့် စုပေါင်းလှူဒါန်းထားတဲ့ ထိုင်ခုံလေးများ စတင်အသုံးပြုနိုင်လို့ အတော်အဆင်ပြေသွားပါပြီ။ အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ...
သတင်း

ကျောက်ချောကျူရှင်ကျောင်း သြဝါဒ

ဒုတိယဝါဆိုလပြည့် 27.7.2018 ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ မန္တလေး ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ကလေးများအား ရေခဲမုန့်ကျွေးရင်း ကျောင်းသူကျောင်းသားများကို ကြုံတုန်းကြုံခိုက် သြဝါဒပေးတာပါ။ မန်း မဘသ အတွင်းရေးမှူးချုပ် ပါဠိပါရဂူဆရာတော်ကြီး ဦးကုသလမထေရ်က အရင်ဆုံးသြဝါဒပေးပါတယ်။ ပြီးမှ စာရေးသူက သြဝါဒပေးတာပါ။ ခါတိုင်း ကျူရှင်ကျောင်းကိုရောက်တဲ့အခါ စာသင်နေကြလို့ သြဝါဒမပေးဖြစ်ပါ။ ဒီနေ့တော့ ရွာဦးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်လှူကြပြီးအပြန် ရေခဲမုန့်စားပြီး အားလပ်နေလို့ သြဝါဒပေးဖြစ်သွားတာပါ။ စာရေးသူ အကြီးတန်းအောင်ခါစ ၂၂ နှစ်အရွယ် မန္တလေးတက်ခါနီး စာချဘုန်းကြီးပေါက်စဘဝတုန်းက ...