Daily Archives: August 11, 2018
သတင်း
ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ မစိုးရိမ်တိုက်သစ် ပထမအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ အောင်မြင်ခဲ့ကြတဲ့ တပည့်လေးများဖြစ်ပါတယ်။ ကိုရင်သေးသေးလေးက ရှင်စန္ဒာသီရိ (ရှင်ကျင့်ဝတ်အောင်) ကိုရင်သေးသေးလေးရဲ့ဘေးက အရှင်တေဇောဘာသ (အကြီးတန်း တတိယအောင်) ညာဘက်စွန်း မျက်မှန်နဲ့ကိုရင်က ရှင်ဝရသေဋ္ဌ (သာမဏေကျော် ဒုတိယဆင့်အောင်) စာရေးသူရဲ့ညာဘက်ဘေးကပ်ရပ်က အရှင်ဝိသေဋ္ဌ (စာသင်တန်းအောင်) သင်္ကန်းခြင်း တစ်ခုစီ ဆုပေးပါတယ်။ သဟာယ တပည့်လေးများ၏ အောင်မြင်မှု ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ မစိုးရိမ်တိုက်သစ် ပထမအကြိမ် ...
နဂါးနီစုဘူးသတင်း
မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီ၇သူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (8.8.2018) မွန်းလွဲ(၃း၃၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ နဂါးနီစုဘူးသတင်းထောင် အရှင်ခေမိန္ဒ(ဝီ၇ခေမိန်)နှင့် မာလကာခြံ နဂါးနီ EC များ တက်ရောက်ကြပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၅၉)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၁၈)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (17.10.2013)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၇၇)ဦးရှိပြီး ...
သတင်း
သတင်း
မန်း မဘသ ရေဘေးအလှူတော်
ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက် (3.8.2018)ရက်နေ့၊ ညနေ ၆း၀၀ နာရီ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ စစ်ကိုင်းပရိယတ္တိစာသင်တိုက်မှာ ကျင်းပပါတယ်။ မန်း မဘသ ဦးဆောင်ဆရာတော်များ၊ သံဃာတော်များ၊ မျိုးချစ်မောင်မယ်များနှင့် စစ်ကိုင်းစာသင်တိုက်ဆရာတော်ကြီး၊ စာချဆရာတော်လေးများ၊ ရေဘေးသင့်ပြည်သူများ တက်ရောက်ကြပါတယ်။ ကျိုက်ထိုမြို့ ခမရ ၂ မှ တပ်မတော်သားအရာရှိကြီးနှင့်အတူ တပ်မတော်သားများလည်း တက်ရောက်ကြပါတယ်။ အခမ်းအနားမှာ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)က ငါးပါးသီလချီးမြှင့်ပြီး သြဝါဒပေးကာ မန်း မဘသ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိက ...