Daily Archives: August 24, 2018

သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းရှင်များ ဆွေးနွေးပွဲ (၂)

ဝါခေါင်လဆန်း ၁၁ ရက် (22.8.2018)ရက်နေ့၊ မန္တလေးမြို့၊ ချမ်းမြသားစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ညဂိုက်တန်းဖွင့်လှစ်ဖို့အတွက် ဆွေးနွေးကြတာပါ။ Repeater တန်း (၅၀)၊ Fresher တန်း (၂၀)၊ စုစုပေါင်း (၇၀)ဦးကို စတင်သင်ကြားပေးသွားမှာပါ။ 1.9.2018 ရက်နေ့ စပါမယ်။ မတိုင်ခင် မိဘများကိုခေါ်ယူကာ အကြိုအပို့စီစဉ်ပေးကြဖို့ တိုက်တွန်းပေးသွားပါမယ်။ ညဂိုက်တန်းတက်ခွင့်ရသူအားလုံးဟာ လေ့ကျင့်ခန်းစာမေးပွဲ အောင်မြင်သူများ၊ အမှတ်မီသူများ ဖြစ်ပါတယ်။ သီတင်းကျွတ်လျှင် စာမေးပွဲထပ်မံကျင်းပပြီး အမှတ်နည်းသူများကို ညဂိုက်တန်းမှ ပြန်ဆင်းခိုင်းကာ ညဂိုက်တန်းမတက်ရသေးသော်လည်း အမှတ်မီသူများကို ညဂိုက်တန်းပြန်လည်တက်ခွင့်ပေးမှာဖြစ်ပါတယ်။ အဓိကကတော့ Fresher တန်းရော Repeater ...
သတင်း

ကျောက်ချောရွာ ကျူရှင်ကျောင်းဟောပြောပွဲ

ဝါခေါင်လဆန်း ၁၁ ရက် (22.8.2018)ရက်နေ့၊ မနက် ၁၀း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ၉-၁၀ တန်း ကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများ တက်ရောက်ကြပါတယ်။ ဘက်စုံပညာထူးချွန်ဆုများရှင်၊ စာပေဆုများရှင် ဘာသာစုံဂုဏ်ထူးရှင် ဆရာဦးအောင်ကျော်ဆန်းက သားအတွက် ဓားတစ်လက် သမီးအတွက် ထီးတစ်လက် ခေါင်းစဉ်နဲ့ ဟောပြောတာပါ။ တဝါးဝါးတဟားဟားနဲ့ ပရိသတ်များ ပွဲကျကြပါတယ်။ ဆရာ့မေးခွန်းကို ဖြေနိုင်သည့် ကလေးများအား တစ်သောင်းကျပ်စီ ဆရာကြီးမှ ဆုချပါတယ်။ ကျောက်ချောရွာကျူရှင်ကျောင်းကို မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း


ဝါခေါင်လဆန်း ၉ ရက် (20.8.2018)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဘက်စုံပညာထူးချွန်ဆုများနှင့် စာပေဆုများရှင် ဆရာဦးအောင်ကျော်ဆန်းက သားအတွက် ဓားတစ်လက် သမီးအတွက် ထီးတစ်လက် ခေါင်းစဉ်ဖြင့် ဟောပြောပါတယ်။ ပညာရေးအကယ်ဒမီ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်နားထောင်ကြပါတယ်။ ဆရာကြီး မေးတဲ့မေးခွန်းကို ဖြေနိုင်တဲ့ ကလေးတွေကို ဆုငွေ တစ်သောင်းကျပ် ဆုချပါတယ်။ အဟောအပြောကောင်းပြီး စေတနာအပြည့်ပါလို့ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများက လေးစားတမှုနဲ့ ဦးချကန်တော့ကြပါတယ်။ တဝါးဝါးတဟားဟားနဲ့ အားလုံးပွဲကျခဲ့တဲ့ ဟောပြောပုံလေးပါ။ “ပညာရေးအကယ်ဒမီကျောင်း ဟောပြောပွဲ” ဝါခေါင်လဆန်း ...
သတင်း

သင်္ကန်းကပ်အလှူ

ဝါခေါင်လဆန်း ၉ ရက် (20.8.2018)ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၂×၈၃ လမ်းကြား၊ ၂၅ လမ်း၊ ဦးကျော်မင်းနိုင်+ဒေါ်ဇင်မာဝင်း (မင်းမင်း Beauty Life 2 ) နေအိမ်မှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ်၊ နာယကဆရာတော်လေးများဖြစ်တဲ့ ဦးသူရိယာဘိဝံ၊ ဦးစေတိယာလင်္ကာရာဘိဝံသနှင့် သံဃာတော်များအား နေ့ဆွမ်းနှင့် သင်္ကန်းဆက်ကပ်တာပါ။ အနုမောဒနာတရားအဖြစ် ထေရဝါဒသာသနာ တရား ဟောကြားခဲ့ပါတယ်။ ထေရဝါဒဆိုသည်မှာ၊ မထေရ်မြတ်တို့သာသနာ၊ သာသနာဆိုတာ အဆုံးအမ၊ မြတ်ဘုရားသြဝါဒ။ “သင်္ကန်းကပ်အလှူ” ဝါခေါင်လဆန်း ၉ ရက် (20.8.2018)ရက်နေ့၊ ...