Daily Archives: August 29, 2018

ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးသားရေးအင်အားစု(ရန်ကုန်)၏ သဘောထားထုတ်ပြန်ချက်

တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊ Senior General Min Aung Hlaing Page နှင့်​ မြ၀တီ သတင်း Page တို့အား Facebook Team မှ ဖျက်​သိမ်းခဲ့မှုအား အမျိုးသားရေးအင်အားစု(ရန်ကုန်)မှ ပြင်းထန်စွာ ကန့်​ကွက်​​ကြောင်း သဘောထားထုတ်​ပြန်​ခြင်း ၁။ တပ်​မ​တော်​ ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊ Senior General Min Aung Hlaing Page နှင့်​ မြ၀တီ သတင်း Page တို့အား Facebook Team မှ (၂၇-၈-၂၀၁၈)ရက်နေ့တွင် ပိတ်သိမ်းခဲ့ကြောင်း ...
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း

ပါရမီပျိုးခင်းသွေးလှူအသင်း စုပေါင်းသွေးလှူဒါန်းပွဲ (ငွေတွင်း)”

၁၃၈၀-ခုနှစ်၊ ဝါခေါင်လပြည့်နေ့ (26-8-2018) တနင်္ဂနွေနေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၊ သံဃနာယကဆရာတော်ကြီးသီတင်းသုံးရာ သပုညကာရီ ကျောင်းသစ်ကျောင်းမှာ ကျင်းပပါတယ်။ စာရေးသူတည်ထောင်တဲ့ ပါရမီပျိုးခင်းသွေးလှူအသင်းရဲ့ (၂၁)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲပါ။ နိုင်ငံတော်ဘာသာနေ့အထိမ်းအဖြစ် ကျင်းပခြင်းဖြစ်ပြီး သွေးအိတ်ပေါင်း(၁၇၂)အိတ်ရရှိခဲ့ပါတယ်။ သွေးလှူဒါန်းပွဲကို ငွေတွင်း မဘသ အဖွဲ့ ဦးစီးကျင်းပတာပါ။ သွေးအလှူရှင်များကို အားဆေး၊ အအေး၊ စာအုပ်၊ တရားခွေ၊ ကြက်ဥများလှူဒါန်းပြီး ပရိသတ်များကို ကြာဇံဟင်းနှင့် ထမင်းများကျွေးမွေးပါတယ်။ ငွေတွင်း မဘက ဦးစီးကျင်းပတာ ယခုနဲ့ဆိုရင် ၃ ကြိမ်ရှိပါပြီ။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်က မန္တလေး ပြည့်သူ့ဆေးရုံကြီးသွေးလှူဘဏ်မှာပြုလုပ်တာပါ။ နှစ်စဉ် ဝါခေါင်လပြည့်နေ့တိုင်း ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၄

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းရွာ၊ ဒေါ်ဝင်းမြမိသားစုက အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်)လှူဒါန်းစဉ်။ (24.8.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
နဂါးနီစုဘူးသတင်း

ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦး0ီ၇သူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (28.8.2018) မွန်းလွဲ(၃း၀၀)နာရီ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း E.C အဖွဲ့ဝင် ဦးရဲမောင်ရဲ့အိမ်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ နဂါးနီစုဘူးသတင်းထောက် အရှင်ခေမိန္ဒ (ဝီရခေမိန်)တို့ တက်ရောက်ကြပြီး အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။ တစ်သိန်းခွဲတန်း အသင်းဝင်(၃၅)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်0ီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ဇဇ(၃-၄) နဂါးနီစုဘူးအသင်းဟာ စတုတ္ထမြောက် အမှတ်(၄)စုဘူးဖြစ်ပြီး (၂၆.၇.၂၀၁၄)ရက်နေ့မှာ ...
နဂါးနီစုဘူးသတင်း

နဂါးနီစုဘူးအသင်း ကျန်းမာရေးထောက်ပံ့မှု

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတာ် ဘဒ္ဒန္တဝိစိတ္တာဘိဝံ-0ီ၇သူ(မစိုးရိမ်) တည်ထောင်သော နဂါးနီစုဘူးအသင်းမှ အသင်းဝင်များအား ကျန်းမာရေးထောက်ပံ့မှုဖောင်တွေ ဖြစ်ပါတယ်။ စတင်တည်ထောင်တဲ့ ၂၀၁၃ ခုနှစ်ကစပြီး ယခုအချိန်ထိ ထောက်ပံ့ခဲ့တဲ့ ကျန်းမာရေးဖောင်တွေဖြစ်ပါတယ်။ အစပိုင်းတုန်းက ဖောင်မလုပ်ရတာတွေလည်း အများအပြားရှိပါတယ်။ ဖျားနာ၊ ဒဏ်ရာရ၊ မျက်စိခွဲ၊ မီးဖွား စတဲ့ ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်ရတဲ့ အသင်းဝင်လူနာတွေကို ရောဂါအလိုက် လိုအပ်သလို ထောက်ပံ့ရတာပါ။ မီးဖွားလူနာတွေကိုတော့ ပုံမှန် ၃၀,၀၀၀ိ (သုံးသောင်းကျပ်စီ) ထောက်ပံ့ပြီး လိုအပ်လာရင် ထပ်မံထောက်ပံ့ပေးပါတယ်။ သေဆုံးသူတွေအတွက် ၁၀၀,၀၀၀ိ (တစ်သိန်းကျပ်စီ) ထောက်ပံ့ပါတယ်။ ကျန်းမာရေးထောက်ပံ့ခဲ့တဲ့ဦးရေ – ၃၅၀ ဦးရှိပြီး ကျန်းမာရေးထောက်ပံ့ငွေ ...