Daily Archives: December 5, 2018

သတင်း

မတ္တရာ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ အလည်တစ်ခေါက်

တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် (1.12.2018)ရက်နေ့၊ ညနေပိုင်းမှာ မတ္တာရာမြို့၊ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ သွားရောက်ခဲ့ပါတယ်။ မတ္တရာမြို့၊ ဇေယျာသနမစိုးရိမ်တိုက်သစ်၊ ကျောင်းရေစက်ချပွဲလာရောက်ရင်း သူငယ်ချင်းရှိရာ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ သွားရောက်ကြခြင်း ဖြစ်ပါတယ်။ သူငယ်ချင်းများဖြစ်တဲ့ နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ဦးအဂ္ဂဓမ္မ၊ ဓမ္မပါကဋကျောင်းနာယကကျောင်းဆရာတော် ဦးနန္ဒ၊ အရှေ့ခင်မကန်တိုက် ကထိန်တော်ကျေင်းဆရာတော်လေး ဦးပညာသီရိ၊ ဓမ္မပါရဂူကျောင်းနာယကဆရာတော် ဦးဇနကတို့နဲ့ သွားကြတာပါ။ ရန်ကင်းမစိုးရိမ်တိုက်သစ်ဆရာတော်လေး ဦးစန္ဒာသီရိက စာရေးသူတို့ထက် နှစ်စောပြီး သကျသီဟကျမ်းပြီးသွားသူပါ။ စာရေးသူအောက် တစ်ဝါငယ်ပါတယ်။ ရောက်တုန်းရောက်ခိုက် ဆက်စပ်မိသမျှတွေပြောကြရင်း ကိုရင်လေး ဦးဇင်းလေးများက လာရောက်ကန်တော့တာကြောင့် သြဝါဒပေးခဲ့ရပါတယ်။ မြတ်စွာဘုရားသာသနာတော်ကို ဘယ်လိုထူထောင်ခဲ့သလဲ၊ ဘယ်လိုဦးဆောင်ခဲ့တာလဲဆိုတာလေးတွေ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၆၄”

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပဲခူးမြို့၊ ဦးကျင်မောင်+ဒေါ်သိန်းရင်၊ (အစ်ကို) ဦးအေးမြင့်တို့အားရည်စူး၍ ဦးတင်မောင်အေး+ဒေါ်နုနုရီ မိသားစုမှ အလှူငွေ ငါးသောင်းကျပ် လှူဒါန်းပါသည်။ (2.12.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
မန်းမဟော်သဓာသတင်း


မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန္တလေးမြို့၊ ၃၈ လမ်း၊ ၇၃ လမ်းထောင့်၊ ဦးဇော်ဇော်လှိုင်+ဒေါ်သီတာထွေး၊ သား နေစိုးဟိန်း၊ ဟိန်းပြည့်ဇော် (ရွှေလက်ရာမုန့်ဟင်းခါး)မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (16.11.2018) အလှူရှင် မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၁)” မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (3.12.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...