Daily Archives: December 18, 2018

သတင်း

စာသင်တန်း ဋီကာကျေ်စာဝါ

နတ်တော်လဆန်း(၁)ရက် (၈.၁၂.၂၀၁၈)ရက်နေ့ ညနေ (၄း၀၀)နာရီမှာ ပို့ချပါတယ်။ စာရေးသူ နေထိုင်ရာ ဓမ္မသဟာယကျောင်းမှာ ပို့ချတာပါ။ စာသင်တန်း ဖြေဆိုကြမည့် စာသင်သား ဦးဇင်းလေးများ တက်ရောက်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကပို့ချခဲ့တဲ့ စာဝါရဲ့အဆက်ပါ။ သင်္ဂြိုဟ် ကိုးပိုင်းရှိရာမှာ ငါးပိုင်းပဲ ပြီးခဲ့ပါတယ်။ ဒီနှစ်ကျန်နေသေးတဲ့ လေးပိုင်းကို ဆက်လက်ပို့ချခြင်းပဲဖြစ်ပါတယ်။ ည (၇း၀၀)နာရီမှာ ပို့ချတဲ့ အကြီးတန်း ပဌာန်းစာဝါက သီတင်းကျွတ်လမှာ ပြီးဆုံးသွားခဲ့ပါတယ်။ နံနက် (၉း၃၀)မှာ စာချတန်းအဋ္ဌသာလီနီစာဝါ။ ညနေ (၄း၀၀)နာရီ စာသင်တန်းဋီကာကျော်စာဝါ ။ တစ်နေ့ နှစ်ကြိမ် ...
သတင်း

ငြိမ်းချမ်းရေး ဓမ္မစကူးလ် အလှူတော်

နတ်တော်လဆန်း (၉)ရက် (၁၆.၁၂.၂၀၁၈)နေ့ မွန်းလွဲ (၁း၀၀)နာရီ ငြိမ်းချမ်းရေး ဓမ္မစကူးလ်ကျောင်းမှာ ကျင်းပပါတယ်။ တနင်္ဂနွေ ဓမ္မစကူးလ်ကလေးငယ်များက တနင်္ဂနွေတစ်ပတ်လျှင် ငါးဆယ်ကျပ်နှုန်းဖြင့် စုပေါင်း စုဆောင်းလို့ ရရှိလာတဲ့ ငွေကျပ်တစ်သိနိးကို ဝီရသူဖောင်ဒေးရှင်းအတွက် လှူဒါန်းကြတာပါ။ ပထမအကြိမ်တုန်းက ပုဏ္ဏသာသနာ့အားမာန်အသင်းအား စုပေါင်းလှူဒါန်းခဲ့ပြီး ဒုထိယအကြိမ်မှာတော့ ဝီရသူဖောင်ဒေးရှင်းအတွက် စုပေါင်းလှူဒါန်းကြတာဖြစ်ပါတယ်။ ငြိမ်းရေးဓမ္မစကူးလ်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်လေးက ဦးနရိန္ဒ ဖြစ်ပါတယ်။ မန်းမဘသ အတွင်းရေးမှူးဆရာတော်လေးပါ။ ဆရာတော်လေးက ဓမ္မစကူးလ်အပြင် ၈/၉/၁၀ ကျောင်းသူ/သားများအား ကျူးရှင်ဖွင့်လှစ်ကာ ပညာဒါန သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ အမျိုးသားရေးနဲ့ ပက်သက်တဲ့ ...
သတင်း

အင်းစိန်ရွာမ ဆရာတော်ကြီးအား ဖူးမြော် ပူဇော်

နတ်တော်လဆန်း(၈)ရက် (၁၅.၁၂.၂၀၁၈) နံနက် (၈း၀၀)နာရီမှာ သွားရောက်ဖူးမြော်ပါတယ်။ ဆရာတော်ကြီးက တစ်ပါးတည်း သီတင်းသုံးကာ ရုပ်ပွားတော်ရှေ့မှာ ပရိတ်တရားများ ရွတ်ဖတ်ပူဇော် နေတာကို ဖူးတွေ့ရပါတယ်။ ဆရာတော်ကြီးက သစ်သီးများ ကပ်ခိုင်းပြီး စက်တီးခုံပေါ်မှာ ထိုင်ခိုင်းပေမဲ့ မထိုင်ဝံ့ပါ။ အောက်မှာပဲ ထိုင်ပီး ဆရာတော်ကြီးနှင့် အမျိုး ဘာသာ သာသနာ အကြောင်း ဆွေးနွေးဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ သြဝါဒများကို နာယူပြီး စာရေးသူက လျှောက်တင်စရာများကို လျှောက်ထားကာ ပြန်လာခဲ့ပါတယ်။ ရွာမဆရာတော်ဘုရားကြီး ဘေးအန္တရာယ်ကင်းစွာ ကျန်းမာစွာ အမျိုး ဘာသာ သာသနာ ...