Daily Archives: December 24, 2018
သတင်း
မစိုးရိမ်တိုက်သစ် ဆွမ်းအလှူတော်
နတ်တော်လဆုတ် ၂ ရက် (24.12.2018)ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းမှာ ကျင်းပပါတယ်။ မနက် ၇း၀၀ နာရီမှာ သံဃာတော်များအား ဆွမ်းလောင်းလှူပြီး ၉း၃၀ နာရီမှာ တရားနာ ရေစက်ချပါတယ်။ ၁၁း၀၀ နာရီမှာ နာယကဆရာတော်များ စာချဆရာတော်များ ကျမ်းပြီးဘွဲ့ရဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ အလှူရှင်ကတော့ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်၊ ဦးထွန်းထွန်းဝင်း (ခ) ဦးကရင်+ဒေါ်မြမြစိုး (ခ) ဒေါ်ငယ်လေး မိသားစုတို့ ဖြစ်ပါတယ်။ သမီးလေးယောက်ရှိရာမှာ အလတ်နှစ်ယောက်ဖြစ်တဲ့ မေသက်လင်းနှင့် မေသက်ဝင်းက အမြွှာညီအစ်မပါ။ အသက် ၂၂ ...
သတင်းလောကအလင်းပညာဒါနကျောင်း
လောကအလင်း သားသားမီးမီးများ လာရောက်ဖူးမြော်
နတ်တော်လဆုတ် ၁ ရက် (23.12.2018)ရက်နေ့၊ ညနေ ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ လာရောက်ဖူးမြော်ကြတာပါ။ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ပုဂံ ညောင်ဦး ဘုရားဖူးသွားကြမှာဖြစ်လို့ မသွားခင် လာရောက်ကန်တော့ကြတာပါ။ ဘုရားဖူးသွားတာ ကုသိုလ်ရအောင်ယူဖို့ မှာလိုက်တဲ့အပြင် စာမေးပွဲအောင်ကြောင်း အောင်ဂါထာလည်း ပေးလိုက်ပါတယ်။ ဒီဂါထာကို နေ့တိုင်း မန်းမှုတ်ပြီး ပြုပြင်ဆင်ခြင်ကြရင် သေချာပေါက် အောင်မြင်တဲ့အကြောင်းလည်း ပြောလိုက်ပါတယ်။ သူတို့လေးတွေ ပညာရေးအတွက် လိုလေသေးမရှိ ထောက်ပံ့နေလို့ဆိုပြီး သူဌေးဘုန်းကြီးလို့ မထင်ကြဖို့၊ ကျောင်းစုတ်နဲ့နေရသလို နေ့စဉ် မနက်စာဝယ်စားနေရတဲ့အကြောင်း၊ အန္တရာယ်ကြားမှ ...
သတင်း
ယွန်းဝတီမိသားစု အလှူတော်
နတ်တော်လဆန်း ၁၃ ရက် (20.12.2018)ရက်နေ့၊ မနက် ၆း၃၀ နာရီ၊ မော်လမြိုင်မြို့၊ ယွန်းဝတီရွှေဆိုင်မိသားစုနေအိမ်မှာ အရုဏ်ဆွမ်းစားပါတယ်။ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစုနှင့် ဓမ္မမိတ်ဆွေတွေကိုလည်း တွေ့ရပါတယ်။ မော်လမြိုင်မြို့ရဲ့ အမျိုးဘာသာ သာသနာရေး အခြေအနေများကို ပြောဖြစ်ကြပါတယ်။ အထူးသဖြင့် နိုင်ငံတော်ပိုင်စာသင်ကျောင်းတွေမှာ သံဃာတော်များ တရားဟောခွင့် မရတော့တဲ့ကိစ္စ ပြောဖြစ်သွားတာပါ။ နှစ်ပေါင်းများစွာ ကျင်းပလာတဲ့ပွဲတွေတောင် ဒီဘက်ခေတ်မှာ ဟောပြောခွင့်မရရှိတော့ပါဘူး။ သီတဂူဆရာတော်ကြီးလို ဒိတ်ဒိတ်ကြဲထေရ်ကြီးဝါကြီးတောင် လက်မခံရဲကြတော့တဲ့အခြေအနေမှာ ဟိတဓရဆရာတော်တို့ အခြားဆရာတော်တို့ဆို ပြောစရာတောင် လိုမယ်မထင်ပါဘူး။ သံဃာတွေရဲ့ အရိပ်အာဝါသအောက်မှ ကလေးငယ်များကို ခွဲထုတ်နေတာ သိသာပါတယ်။ ...
ဝီရသူဖောင်ဒေးရှင်းသတင်း
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းကျေးရွာ၊ ဦးအေးထွန်း+ဒေါ်သန်းစိန်၊ သမီး မပြုံးကြည်၊ မသန်းဆင့်၊ မအေးကြူ မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (23.11.2018) အလှူရှင် မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၄)” မန္တလေးမြို့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၆၇
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မြစ်ကြီးနားမြို့၊ အေးသာယာရပ်ကွက်၊ ဒေါ်ခင်စု မိသာစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (14.12.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...