Daily Archives: December 26, 2018

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း


နတ်တော်လဆုတ် ၃ ရက်၊ မနက် ၁၁း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။ ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား အရုဏ်ဆွမ်းမုန့်ဟင်းခါးနှင့် နေ့ဆွမ်း ဆက်ကပ်တာပါ။ ဦးငြိမ်းချမ်းကိုကိုရဲ့ (၃၀)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှူဒါန်းခြင်းဖြစ်ပါတယ်။ ဆွမ်းကပ်အပြီးမှာ ကလေးများအား မုန့်များဝေငှပါတယ်။ မွေးနေ့အလှူရှင် ဦးငြိမ်းချမ်းကိုကို မိသားစုတို့ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။ “ပညာရေးအကယ်ဒမီကျောင်း မွေးနေ့ဆွမ်းအလှူတော်” နတ်တော်လဆုတ် ၃ ရက်၊ မနက် ၁၁း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ...
သတင်း

တလမွန်မိသားစုနှင့်အတူ

19.12.2018 ရက်နေ့၊ မနက်စာစားပြီး မော်လမြိုင်သို့ ထွက်ခွာခဲ့ပါတယ်။ နေ့ဆွမ်းစားချိန်ရောက်တဲ့အခါ ဘီလင်းမြို့ရှိ တလမွန်ထမင်းဆိုင်မှာ ခဏနားပါတယ်။ ဆွမ်းစားပြီးတဲ့အခါ ဆိုင်ရှင်များက လာရောက်ဦးချနှုတ်ဆက်ကြပါတယ်။ ဝီရသူမှန်း အခုမှသိရလို့ပါပဲ။ စာရေးသူရဲ့ ဒကာတွေကို ဒီဆရာတော်ကို မြင်ဖူးတယ် ဘယ်သူလဲလို့ မေးကြည့်တဲ့အခါကျမှ ‘သြော်… သိပြီ သီပြီ ဒီဘုန်းကြီးကို ကုလားတွေက တအားမုန်းတာလေ’တဲ့။ အရောင်းအဝယ်ကောင်းအောင် အဆောင်လေးဘာလေးရှိရင် ပေးပါဦးဆိုလို့ နမောတဿတရားထိုင်နည်းပြပေးပြီး သတိရတိုင်း စိတ်ထဲမှာ နမောတဿရွတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အပြန်ကျရင် သူတို့ဆိုင်မှာပဲ ဆွမ်းဝင်ဘုဉ်းပေးပါဆိုလို့ ၂၀ ရက်နေ့မှာလည်း ဆွမ်းဝင်စားခဲ့ပါတယ်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မြဝတီမြို့၊ ကိုတင်မင်းယုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ အလှူရှင် ကိုတင်မင်းယုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ ...
မန်းမဟော်သဓာသတင်း

မန်းဟော်သဓာအတွက် နေပြည်တော် မဘသ အလှူတော်

နတ်တော်လပြည့်ကျော် ၂ ရက် (24.12.2018)ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးဝင်းထဲရှိ ရှင်းလင်းဆောင်မှာကျင်းပပါတယ်။ နေပြည်တော် မဘသ နောင်တော်ညီတော်များ စုပေါင်းလှူထားတဲ့ အလှူငွေ ဆယ်သိန်းကျပ် ပေးအပ်လှူဒါန်းပွဲ ဖြစ်ပါတယ်။ အလှူငွေပေးအပ်အပြီးမှာ ကျူရှင်ကျောင်းနှင့် မြေကွက်ကို လိုက်လံကြည့်ရှုကြပါတယ်။ ကလေးများကိုလည်း မုန့်ဖိုးများ ဝေငှသွားကြပါတယ်။ နေပြည်တော် မဘသ အဖွဲ့ကို ဦးဆောင်လာသူကတော့ နေပြည်တော် လယ်ဝေးမှ ရွှေအင်တောင်ဆရာတော် ဘဒ္ဒန္တဇနိန္ဒ ဖြစ်ပါတယ်။ မန်းမဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းတော်ကြီးအတွက် လှူဒါန်းကြသော အလှူရှင်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၆၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မြဝတီမြို့၊ ဦးအောင်ချင်း+ဒေါ်ဝင်းဝင်းမြတ် မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်)လှူဒါန်းပါသည်။ (22.12.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း


မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းကျေးရွာ၊ ဦးအောင်ကျော်ဝင်း+ဒေါ်ဝင်းမြ၊ ဦးနေမျိုး+ဒေါ်ယဉ်ယဉ်အေး၊ ဦးကံတင်+ဒေါ်သောင်းရင်၊ ဒေါ်ဝင်းမေ၊ မဆွေဇင်အေး၊ မပြည့်မြိုင် မိသားစုတို့မှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (23.11.2018) အလှူရှင် မိသားစုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၆)” ...