Daily Archives: December 29, 2018

သတင်း

နိုင်ငံရေးဆိုတာ ဘာသာရေးနဲ့ မကင်းကောင်းဘူး

မြန်မာ့နိုင်ငံရေးသမားတွေ နိုင်ငံရေးနှင့် ဘာသာရေး မကွဲပြားဘူးဗျ။ ဦးခင်ညွန့်ကို ကန်တော့တာ ဘာသာရေးအရ ဘာသာတရားအဆုံးအမနှင့်အညီ သက်ကြီးရွယ်အိုစာရေးဆရာတွေကို ကန်တော့တာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးနှင့် လုံးဝ မဆိုင်ပါ။ စာရေးစားတဲ့သူမဟုတ်လို့ ကန်တော့ခံဆရာကြီးတွေထဲမှာ စာပေပညာရှင်အဖြစ် စာရင်းမသွင်းနိုင်ဘူးဆိုရင်လည်း ဦးစီးကျင်းပတဲ့ အဖွဲ့အစည်းနဲ့ပဲ ဆိုင်ပါတယ်။ နိုင်ငံရေးနှင့် မဆိုင်ပါ။ မကျေနပ်ရင် မကြိုက်ရင် ပွဲစီစဉ်သူတွေ ဖိတ်ကြားသူတွေကိုသာ တင်ပြရပါမယ်။ နိုင်ငံရေးနှင့်ရောထွေးပြီး အမျိုးသားရင်ကြားစေ့ရေးမဟုတ်ဘူးတို့ အာဏာရှင်လက်ဟောင်းတို့ ဒီမိုကရေစီနှင့် လုံးဝ မထိုက်တန်ဘူးတို့ စတာတွေနှင့် အကြောင်းပြတာတွေကတော့ အာဃာတတစ်ရပ်ပဲ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကိုမြတ်နိုးရင် လက်ခံရမယ်။ ...
သတင်း

သီရိလင်္ကာမှ မိတ်ဆွေများ

27.12.2018 ရက်နှင့် 28.12.2018 ရက်၊ နှစ်ဆက်တိုက် လာဆွေးနွေးကြပါတယ်။ စာရေးသူ ၂၀၁၄ သီရိလင်္ကာသွားတုန်းက ဝတ်ပြုစောင့်ရှောက်ခဲ့သူများနှင့် ဘာသာပြန်ပေးခဲ့သူ ဦးပညာသာမိတို့ ဖြစ်ပါတယ်။ ဗောဓုဗလဆေနအဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တဉာဏစာရမထေရ် အကျဉ်းစံနေရကြောင်း သိရလို့ ကျန်းမာရေးဂရုစိုက်ဖို့၊ စိတ်ဓာတ်မကျဖို့ အားပေးစကား ရေးသားပြီး စာရေးသူပုံတူ ကျောက်စီပန်းချီကားတစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်။ ဗီဒီယိုဖိုင်လုပ်ပြီးတော့လည်း အားပေးစကား လျှောက်ထားလိုက်ပါတယ်။ သီရိလင်္ကာမှမိတ်ဆွေများကို အရှင်ဉာဏစာရမထေရ်က လွှတ်လိုက်တာပါ။ သီရိလင်္ကာမှ မူဆလင်တစ်ဦးက စာရေးသူထံ သွားချင်ကြောင်း အရှင်ဉာဏစာရထံ အကူအညီတောင်းရာမှ အရှင်ဉာဏစာရက ချိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ သီရိလင်္ကာမူဆလင်နှင့်အတူ ...
သတင်း


နတော်လပြည့်ကျော် ၇ ရက် (29.12.2018)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်တော်ကြီးမှာ ကျင်းပပါတယ်။ မိုးကုတ်မြို့နေ ဒေါ်သန်း မိသားစုနှင့် ဒေါ်မေသန်း မိသားစုတို့ရဲ့ (၇)ကြိမ်မြောက် ဆွမ်းလောင်း ဆွမ်းကပ် အလှူတော်ဖြစ်ပါတယ်။ မနက် ၇း၀၀ နာရီမှာ သံဃာတော်များအား ဆွမ်းလောင်းလှူပါတယ်။ မနက် ၉း၀၀ နာရီမှာ ရေစက်ချပြီး ၁၁း၀၀ နာရီမှာ နာယကဆရာတော်များ၊ စာချ၊ ကျမ်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်တယ်။ အလှူရှင်များ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “မစိုးရိမ်တိုက်သစ် ဆွမ်းအလှူတော်” ...
သတင်း

ဝီရသူစပွန်ဆာနဲ့ ကျောင်းတက်နေတဲ့ ဆရာဝန်လောင်းလျာလေးပါ

မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျောင်းသားလေး မင်းဘဦး ဖြစ်ပါတယ်။ စာရေးသူနှင့်အတူထိုင်နေတဲ့ အရှင်အရိယဝံသ(ပေါက်ကိုယ်တော်)ရဲ့ ဇာတိမြို့နယ်ကပါ။ ပေါက်ကိုယ်တော်က သူ့ကလေးအတွက် စပွန်ဆာရှာပေးနေတုန်း အိုးဘိုသို့ ပါတော်မူသွားတာကြောင့် စာရေးသူကပဲ ထောက်ပံ့ပေးခဲ့ရတာပါ။ အခုတော့ ပထမနှစ် အောင်မြင်သွားပါပြီ။ စာမေးပွဲအောင်တဲ့အကြောင်း လာလျှောက်ရင်း သြဝါဒခံယူတာပါ။ ဆေးကျောင်းသားကြီးဆိုပေမယ့် ကလေးအရွယ်ပဲ ရှိပါသေးတယ်။ ပရိတ်ပဋ္ဌာန်းတွေ အလွတ်ရပါသတဲ့ဗျာ။ အမြဲတမ်း ရွတ်ဖတ်ပူဇော်ပါသတဲ့ဗျာ။ စတင်ထောက်ပံ့ခါစက တစ်လငါးသောင်းသာ ထောက်ပံ့နိုင်ပါတယ်။ တစ်ငါးသောင်းထောက်ပံ့ခဲ့တဲ့အထဲက သုံးယောက် ဆရာဝန်ဖြစ်သွားပါပြီ။ အခုနောက်ပိုင်းတော့ တစ်လတစ်သိန်း ထောက်ပံ့ပါတယ်။ တစ်လတစ်သိန်းထောက်ပံ့တဲ့အထဲက သုံးယောက်ကိုတော့ ဝီရသူဖောင်ဒေးရှင်းက ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၇၂

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် နေပြည်တော် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့မှ အလှူငွေ ၁၀၀၀၀၀၀ိ (တစ်ဆယ်သိန်းကျပ်) လှူဒါန်းပါသည်။ (24.12.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...