Daily Archives: February 2, 2019

သတင်း

၂၀၁၉ စတုတ္ထဓမ္မသဘင် (ရန်ကုန်-လှိုင်သာယာ)

ပြာသိုလဆုတ် ၁၁ ရက် (31.1.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ခိုင်ရွှေဝါလမ်းမကြီး၊ (၇)ရပ်ကွက်၊ သွေးကရုဏာ သွေးလှူရှင်အသင်း၏ (၃)နှစ်ပြည့်အထိမ်းအမှတ်၊ ခိုင်ရွှေဝါလမ်းမိသားစုနှင့် (၇)ရပ်ကွက်လုံးဆိုင်ရာ အထူးဓမ္မသဘင်။ ၂၀၁၉ ခုနှစ်ရဲ့ ၄ခုမြောက် တရားပွဲဖြစ်ပါတယ်။ သွေးကရုဏာသွေးလှူရှင်အသင်း လူငယ်များဦးစီးကျင်းပတဲ့ပွဲပါ။ တရားပွဲ ငါးညကျင်းပရာမှာ စာရေးသူက ဒုတိယညဖြစ်ပြီး အရင်ညက အရှင်ကောသလ္လ(ဓမ္မစေတီ)ဟောပါတယ်။ တရားမဟောခင် ကိုတမာတို့အိမ်မှာ နားပါတယ်။ လှိုင်သာယာ (၁၉)ရပ်ကွက်မှ လူငယ်များနှင့် (၇)ရပ်ကွက်မှ လူငယ်များ တရားပွဲစီစဉ်သူများ လာရောက်ဖူးမြော်ကြပါတယ်။ မီးခွက်ဈေးရပ်ကွက်မှာ ...
နဂါးနီစုဘူးသတင်း

ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦး0ီ၇သူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (25.1.2019) မွန်းလွဲ(၁း၀၀)နာရီ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း E.C အဖွဲ့ဝင် ဦးရဲမောင်ရဲ့အိမ်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး(၁) ဒေါ်ကြင်ကြင်မြိုင်၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ အတွင်းရေးမှူး(၂) မအိသန္တာနွယ်တို့ တက်ရောက်ကြပြီး အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။ တစ်သိန်းခွဲတန်း အသင်းဝင်(၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်0ီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ...