၂၀၁၉ ပဉ္စပဓမ္မသဘင် (ရန်ကုန်-လမ်းမတော်)
ပြာသိုလပြည့်ကျော် ၁၄ (3.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်မိသားစုများ၏ (၁၂)ကြိမ်မြောက် ဓမ္မသဘင်။ ၂၀၁၉ ခုနှစ်ရဲ့ ၅ခုမြောက် တရားပွဲပါ။ မျိုးချစ်သမဂ္ဂ(ရန်ကုန်)မှ ဦးကေတုမာလာတို့ ခက်ခက်ခဲခဲကြိုးစားခဲ့လို့ ဟောခွင့်ရခဲ့တဲ့တရားပွဲလေးပါ။ စာရေးသူက တတိယမြောက်ဖြစ်ပြီး စတုတ္ထညမှာ နောင်တော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားမှာပါ။ စာရေးသူက ငြိမ်းချမ်းရေးပွဲမှအပြန် လမ်းမတော်ဓမ္မာရုံမှာ ခဏနားကာ တရားပွဲစီစဉ်သူများ၊ ရပ်မိရပ်ဖများ၊ သံဃာတော်များနှင့် တွေ့စကားပြောပြီးမှ ပလ္လင်ပေါ်တက်ပါတယ်။ အိုးမလုံ အုံပွင့်တတ်သူများက သူတို့အကြောင်း ထည့်ဟောမှာစိုးလို့ အကြောက်အကန်တားဆီးပိတ်ပင်ကြကြောင်း သိရပါတယ်။ ...