Daily Archives: February 9, 2019

သတင်း

ဝီရသူစပွန်ဆာနဲ့ ကွန်ပျူတာဘွဲ့ရရှိသွားသူလေးပါ

9.2.2019 ရက်နေ့မှာ စာရေးသူထောက်ပံ့ငွေနဲ့ ကျောင်းတက်ခဲ့တဲ့ ကွန်ပျူတာကျောင်းသူလေးတစ်ယောက် မိဘများနှင့်အတူ ရောက်ရှိလာပါတယ်။ ဒီကနေ့ပဲ ဘွဲ့ရရှိခဲ့လို့ ဘွဲ့ယူအပြီးမှာ လာရောက်ကန်တော့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ခမောက်တောင်ခြေ၊ ဂွေးချိုရွာ၊ ဦးထွန်းမင်း+ဒေါ်နွယ်မာဦးတို့ရဲ့ တစ်ဦးတည်သော သမီးလေးပါ။ အမည်က မွှေးမွှေးကြိုင်ဖြစ်ပါတယ်။ 2015 ခုနှစ် ရေဘေးသင့်တဲ့အချိန်မှာ ကျောင်းဆက်မထားနိုင်လို့ ဘုရားကြီးတိုက် ထီးဖြူဆရာတော် အရှင်သူရိယမှတစ်ဆင့် စာရေးသူထံ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျောင်းတက်နေတာ တစ်နှစ်ခွဲရှိပါပြီ။ ကျန်တဲ့သုံးနှစ်ခွဲအတွက် စာရေးသူက ဆက်လက်ထောက်ပံ့ခဲ့တာပါ။ အောင်မြင်သွားတဲ့အခါမှာ မာစတာတန်းတက်ခွင့်ရပေမယ့် ဆက်မတက်တော့ဘဲ မိဘတွေကို လုပ်ကျွေးတော့မယ်လို့ ...
Uncategorized

မှတ်တမ်းရုပ်ရှင်(ဂျပန်) လာတော့မည်

5.2.2019 ရက်နေ့ Vice Japan သတင်းဌာန Documentary အစီအစဉ်အတွက် သတင်းထောက် Hirokazu Kishida က ဒုတိယအကြိမ် လာရောက်ရိုက်ကူးပါတယ်။ Documentary မှတ်တမ်းရုပ်ရှင်အတွက် ပြင်ဆင်နေတာ မပြီးသေးပါဘူး။ ၂၀၁၈ ဇူလိုင်လကတည်းက ရိုက်ကူးခဲ့တာပါ။ ကြားမှာ အခြားအရေးပေါ်အစီအစဉ်တွေဝင်သွားလို့ အခုလိုမပြီးပြတ်သေးတာပါပဲ။ ၂၀၁၉ ဧပြီးလမှာ ပြီးပြတ်အောင် တည်းဖြတ်သွားမယ်လို့ ပြောပါတယ်။ စာရေးသူက ၎င်းသတင်းထောက်ထံမှ အမေရိကန်ဒေါ်လာ ၃၀၀၀ အပေါင်ယူထားပါတယ်။ အားလုံးတည်းဖြတ်ပြီး စာရေးသူကို လာပြရပါမယ်။ စာရေးသူအတည်ပြုလိုက်တာကိုပဲ လွှင့်ရပါမယ်။ ပိုသွားတာ၊ မကောင်းတာပါသွားတာမျိုးဆိုရင် ...