Daily Archives: February 11, 2019

သတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကိုအောင်မြတ်ကို+မဖြိုးဖြိုးတို့၏ မင်္ဂလာဦးအလှူတော်အဖြစ် နဝကမ္မ ၁၅၀၀၀၀ိ (တစ်သိန်း ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (9.2.2019) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် ...
သတင်း

မင်္ဂလာဆွမ်း တရားတော်

9.2.2019 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ နေအိမ်တစ်ခုမှာ ဟောကြားပါတယ်။ သတို့သားက ရန်ကုန်မှာနေတဲ့ မြိတ်သားပါ။ မိသားစုလိုက် ရိုးသားကြိုးစားတဲ့ တောသူတောင်သားတွေပါပဲ။ သတို့သမီးကတော့ မဟော်သဓာကျော်စွာရဲ့ နှမအငယ်ဖြစ်ပါတယ်။ အရုဏ်ဆွမ်းကပ်ပြီး အနုမောဒနာတရား နာယူကြတဲ့အခါ မယား ခုနစ်မျိုးနှင့် လင်ရှစ်မျိုးတရား ဟောကြားခဲ့ပါတယ်။ တရားဟောအပြီးမှာ သံဃာတော်များရှေ့မှောက်မှာပဲ လက်မှတ်ရေးထိုးကြပါတယ်။ ရှေ့နေကိုဖိတ်ထားတာ အချိန်မီမရောက်တာကြောင့် မင်္ဂလာအချိန်အခါအတိုင်း သံဃာတော်များရှေ့မှောက်မှာ လက်မှတ်ရေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ “မယားခုနစ်မျိုး” မယား ခုနစ်မျိုး၊ ယှိမြဲရိုးတွင်၊ ခိုးသူ အရှင်၊ ...