Daily Archives: February 14, 2019

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၈၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးညီညီ+ဒေါ်ခင်မမ၊ သမီး ဝေမွန်ညီညီ မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (25.1.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း အာစရိယပူဇော်ပွဲ

12.2.2019 ရက်နေ့၊ ညနေ ၄း၃၀ နာရီ၊ မန္တလေးမြို့်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာတည်ရှိတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် Repeater နှင့် Fresher ကျောင်းသူကျောင်းသားများရဲ့ အာစရိယပူဇော်ပွဲအခမ်းအနားပါ။ ဘုရားကြီးတိုက် ဇေယျရွှေမြေကျောင်း ပဓာနနာယက ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့် ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။ ပါဠိပါရဂူဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်ပါတယ်။ ကျောင်းသားကျောင်းသူများက ဆရာ ဆရာမများအား လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ကြပါတယ်။ လောကအလင်းကျူရှင်ကျောင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဝင်ခွင့်စည်းကမ်းသတ်မှတ်ချက်များ အသစ်ပြဋ္ဌာန်းထားပါတယ်။ ...
သတင်း

ပညာရေးအကယ်ဒမီကျောင်း ဆန်အိတ်အလှူတော်

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းအတွက် ဆွမ်းဆန်တော် (၄၅)အိတ် လာရောက်လှူဒါန်းသွားပါတယ်။13.2.2019 ရက်နေ့ မနက်ပိုင်း ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းသွားတာပါ။ အလှူရှင်ကတော့ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာ ရေဦးကျောင်းဆရာတော်ဦးပဏ္ဍိတနှင့် တပည့် ဒါယကာ ဒါယိကာမများ ဖြစ်ပါတယ်။ တစ်တင်းဝင်အိတ်များဖြစ်ပြီး အားလုံး (၄၅)တင်း ဖြစ်ပါတယ်။ ပညာရေးအကယ်ဒမီကျောင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ (၁၄၆)ဦးနှင့် ဆရာ ဆရာမ (၃၀)ကျော် ရှိပါတယ်။၅-၆-၇-၉ တန်းများ စာမေးပွဲပြီးလို့ ရွာပြန်သွားကြပါပြီ။၈-၁၀ တန်းပဲ ကျန်ပါတော့တယ်။၁၈ ရက်နေ့မှာ ...