Daily Archives: February 24, 2019

သတင်း

၂၀၁၉ အဋ္ဌမဓမ္မသဘင် (မအူပင်-ခနောင်ကြီး)

တပို့တွဲလဆန်း ၁၃ရက် (17.2.2019)ရက်နေ့၊ ည ၇း၀၀ နာရီ၊ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ခနောင်ကြီးကျေးရွာ၊ ပလောင်ကျေးရွာ၊ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး (၁၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်။ အတိုက်အခိုက်တွေ အနှောင့်အယှက်တွေကြားထဲက အခက်အခဲများစွာကိုရင်ဆိုင်ပြီး ကျော်ဖြတ်ခဲ့ရတဲ့ တရားပွဲပါ။ မအူပင် အရှင်ဝိစိတ္တ ကြိုးစားလို့သာ ကျင်းပခွင့်ရခဲ့တာပါ။ စာရေးသူပါလို့ဆိုကာ တိုင်ကြားသူများ ပွဲဖျက်သူများအကြောင့် တရားပွဲကျင်းပဖို့ အစီအစဉ်ပျက်သွားခဲ့ရပါတယ်။ ကိုးနှစ်ကြီးများတောင် နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ပြီး ဆယ်နှစ်ပြည့်တရားပွဲမှ ပျက်ရတော့တယ်ဆိုပြီး ရွာသူရွာသားများ စိုးရိမ်ပူဆွေး ငိုကြွေးခဲ့ရပါတယ်။ နောက်ဆုံးတော့ သူတော်ကောင်းကို နတ်ကောင်းမကာ အဓမ္မကို ဓမ္မက ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၈၈

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ညောင်တုန်းမြို့၊ ဦးတင်ဝင်း+ဒေါ်နော်မြဝေ မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (11.2.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ ...
သတင်း

စာနာမှုအလှူတော်

ဖျာပုံမြို့နယ် NLDပါတီဥက္ကဋ္ဌဦးမင်းဆွေ(မရမ်းကုန်း Great Light ကိုယ်ပိုင်အထက်တန်းကျောင်း)က နိုင်လုံပုဒ်မ(၁၀)ဖြင့် တရားစွဲဆိုထားသော မအေးမြတ်သူအတွက် ရှေ့နေခ(၁၀)သိန်းကျပ်ကို မြစ်ကြီးနားမြို့နေ ဦးကျော်သူမှ လှူဒါန်းပါသည်။ မအေးမြတ်သူကလည်း အဆိုပါဦးမင်းဆွေကို မုဒိမ်းမှု ပုဒ်မ(၃၇၆)ဖြင့် တရားစွဲဆိုထားရာ လိုအပ်သည့် DNA စစ်ဆေးမှုကုန်ကျစရိတ်အတွက်ပါ ဦးကျော်သူက ဆက်လက်လှူဒါန်းသွားပါမည်။ မြစ်ကြီးနားမြို့နေ အလှူရှင် ဦးကျော်သူ၏ လူသားချင်းစာနာမှုအလှူတော်ကို ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေသတည်း…။ ကမ္ဘာကျော်အမုန်းခံသမားကြီး စာနာမှုအလှူတော် ဖျာပုံမြို့နယ် NLDပါတီဥက္ကဋ္ဌဦးမင်းဆွေ(မရမ်းကုန်း Great Light ကိုယ်ပိုင်အထက်တန်းကျောင်း)က နိုင်လုံပုဒ်မ(၁၀)ဖြင့် တရားစွဲဆိုထားသော မအေးမြတ်သူအတွက် ရှေ့နေခ(၁၀)သိန်းကျပ်ကို မြစ်ကြီးနားမြို့နေ ...