Daily Archives: February 26, 2019

မုဒိတာရပ်ဝန်းသတင်းအင်တာဗျူး

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၉၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် လှည်းကူးမြို့၊ နိရောဓာရုံစာသင်တိုက်၊ အရှင်ဇနကမှ အလှူငွေ ၃၀၀၀၀ိ (သုံးသောင်းကျပ်) လှူဒါန်းပါသည်။ (13.2.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ ...
သတင်း

၂၀၁၉ နဝမဓမ္မသဘင် (မဟာအောင်မြေ-လန်ဒန်ဝင်း)

တပို့တွဲလပြည့်ကျော် ၁ ရက် (20.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့၊ လန်ဒန်ဝင်းရပ်၊ အကွက် ၄၁၅၊ ပုညဝဍ္ဎနသုခကာရီဓမ္မာရုံ၊ ပုညဝဍ္ဎနသုခကာရီအသင်း လပြည့်နေ့တိုင်း စုပေါင်းဘုံဆွမ်းလောင်းပွဲ (၁၆)နှစ်ပြည့် အောင်ပွဲဓမ္မသဘင်။ စာရေးသူရဲ့ ဆွမ်းဒါယကာ ဒါယိကာမများ နေထိုင်ရာရပ်ကွက်ပါ။ စာရေးသူ မော်စကိုမသွားခင်ကတည်းက ပွဲကြီးပွဲကောင်း နွှဲခဲ့ဖူးတဲ့ရပ်ကွက်ဖြစ်သလို မော်စကိုမှပြန်လာတဲ့အချိန်မှာလည်း မကြာမကြာ တရားပွဲကျင်းပခဲ့တဲ့ရပ်ကွက်လေးပါ။ အဓမ္မဝါဒီ အနီအကြောင်များ ပေါများတဲ့ရပ်ကွက်ဖြစ်လို့ ‘ငရဲပန်းကို နတ်ပန်းထင်’ တရားတော် ဟောကြားခဲ့ပါတယ်။ အကုသိုလ်ကံ အကြောင်းဖန်၊ ပြောင်းပြန်ယူကြပြီ။ ...