Daily Archives: March 4, 2019

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (1.3.2019) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း

၂၀၁၉ ဒွါဒသမဓမ္မသဘင် (ရွှေဘို-စဥ့်တုံ)

တပို့တွဲလပြည့်ကျော် ၇ရက် (26.2.2019)ရက်နေ့၊ ည ၇း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံ(စည်တုံ)ကျေးရွာ၊ ရဟန်းအလှူဒါယကာကြီး ဦးမြင့်ဦး+ ရဟန်းအလှူဒါယိကာမကြီး ဒေါ်ခင်ပြုံး၊ သား ရဟန်းအလှူဒါယကာ ဦးဇော်လင်းထွန်း+ရဟန်းအလှူဒါယိကာမ ဒေါ်ဇာဇာဦး မိသားစုတို့၏ ကံထပ် ရှင်ပြု နားသ အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။ အမျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနား ကျင်းပခဲ့တဲ့ ရွာလေးပါ။ ပြည်ချစ်သားဂျာနယ် အမြဲဖတ်တဲ့ရွာလေးပါ။ မျိုးချစ်ပြည်သူအများစုနေထိုင်ရာ ရွာလေးပါ။ စာရေးသူကို ဂျာနယ်ထဲမှာပဲဖူးဘူးတာ အပြင်မှာ အခုမှပဲဖူးရတယ်ဆိုပြီး ဝမ်းသာအားရ အပြေးအလွှား လာရောက်ဖူးမြော်ရင်း လျှောက်ထားသူကတော့ ရဟန်းအလှူဒါယိကာမကြီး ဒေါ်ခင်ပြုံးပါပဲ။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၉၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ နန်းရှေ့၊ ဦးခင်စိုး+ဒေါ်ခင်ညွန့်ရီ၊ သား ထက်လင်းအောင်၊ သမီး ရည်လွင်အောင်၊ ထိုက်ထိုက်စိုးရီအောင် မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (13.2.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ ...