Daily Archives: March 7, 2019

သတင်း

၂၀၁၉ စုဒ္ဒသမဓမ္မသဘင် (မတ္တရာ-ပေါက်ဝဲ)

တပို့တွဲလပြည့်ကျော် ၁၀ ရက် (1.3.2019) ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပေါက်ဝဲကျေးရွာ၊ ရဟန်း အလှူဒါယိကာမကြီး ဒေါ်ခင်မြဦး၊ ဒေါ်ခင်အေးရီ မိသားစုတို့၏ ကံထပ် ရဟန်းခံ ရှင်ပြု နားသ အလှူတော်မင်္ဂလာ ဓမ္မသဘင်။ ပေါက်ဝဲကျေးရွာဆိုတာ မစိုးရိမ်ကျောင်းတိုက်ကြီးကို စတင်တည်ထောင်ခဲ့တဲ့ အဂ္ဂါဘိဓဇ မစိုးရိမ်ဆရာတော်ဘုရားကြီး၏ ဇာတိရွာဖြစ်ပါတယ်။ လက်ရှိ မစိုးရိမ်တိုက်သစ် ဓမ္မသီတဂူကျောင်း နာယကဆရာတော်လေး ဘဒ္ဒန္တကောဏ္ဍညာလင်္ကာရာဘိဝံသကလည်း မတ္တရာ ပေါက်ဝဲရွာဇာတိဖြစ်ပါတယ်။ မတ္တရာဆိုပေမယ့် မန္တလေးနဲ့ ပိုနီးပါတယ်။ မြောက်ပြင် ညောင်ကွဲရပ်ကွက်ကနေသွားရင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၉၃

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မြို့သစ်၊ ဒေါ်ဝိုင်းချစ်၊ သမီး မစိုးစိုးခိုင်၊ ဦးကိုလေး+ဒေါ်ခင်လေး၊ သား ပြည့်ဖြိုးမောင် မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (13.2.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ ...
သတင်း

သစ္စဝေဒဂူဆရာတော် မွေးနေ့မင်္ဂလာ

တပို့တွဲလပြည့်ကျော် ၁၁ ရက် (2.3.2019)ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ခြေ၊ သစ္စဝေဒဂူမိုးကုတ်ဝိပဿနာမဂ္ဂင်ရိပ်သာမှာ ကျင်းပပါတယ်။ သစ္စဝေဒဂူဆရာတော် ဘဒ္ဒန္တခေမာစာရ ကမ္မဋ္ဌာနာစရိယရဲ့ သက်တော်(၆၅)နှစ်ပြည့် ဝိဇာတ(မွေးနေ့)မင်္ဂလာဖြစ်ပါတယ်။ မဟာမြိုင်ဆရာတော်ကြီးနှင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။ မဟာမြိုင်ဆရာတော်ကြီး သြဝါဒပေးအပြီးမှာ စာရေးသူ သြဝါဒပေးရပါတယ်။ ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်ဘူး ဆိုသူများကို ပြန်လည်ပြုပြင် ဆုံးမစေချင်လို့ “ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ်” ခေါင်းစဉ်နဲ့ ဟောကြားခဲ့ပါတယ်။ မွေးနေ့ရှင် ...
သတင်း

၂၀၁၉ တေရသမဓမ္မသဘင် (ညောင်တုန်း-အလယ်ဆယ်ရွာ)

တပို့တွဲလပြည့်ကျော် ၈ရက် (27.2.2019)ရက်နေ့၊ ည ၇း၀၀ နာရီ၊ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ အလယ်ဆယ်ရွာ၊ ရတနာအောင်မြေကျောင်းတိုက်၊ နိုင်ငံတော်အစိုးရ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ဓမ္မသာရ၏ ဂုဏဝိသိဋ္ဌပူဇာအကြို ဓမ္မသဘင်။ တပည့်အရှင်ဓမ္မသာရ အစိုးရဓမ္မာစရိယဘွဲ့ ရရှိခြင်းအထိမ်းအမှတ် ပူဇော်ပွဲလေးပါ။ သဟာယကျောင်းမှ ဓမ္မာစရိယအောင်ခဲ့သလို သဟာယကျောင်းမှာပဲ ဆက်လက်နေထိုင်ရင်း ဝီရသူဖောင်ဒေးရှင်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ တပည့်ကျော်ရွာသို့ ကုန်းတတန် ရေတတန်သွားရတာက အမှတ်တရတစ်ခုပါပဲ။ တစ်ဦးတည်းသောသားလေးလည်းဖြစ် ရွာမှာလည်း ပထမဦးဆုံး ဓမ္မာစရိယဘွဲ့ရသူလေးလည်း ဖြစ်ပါတယ်။ ရွာဆရာဘုန်းကြီးကတော့ ပျော်တပြုံးပြုံး မော်မဆုံးပါပဲ။ ဒါပေမယ့် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၉၂

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ နန်းရှေ့၊ ဦးသန့်ဇင်+ဒေါ်ခင်မိုး မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (13.2.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...