Daily Archives: April 5, 2019

သတင်း

၂၀၁၉ သတ္တရသမဓမ္မသဘင် (မော်လမြိုင်-ကျောက်တန်း)

တပေါင်းလပြည့်ကျော် ၁ ရက် (21.3.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ဝံသာနုရက္ခိတအသင်း (၆)နှစ်ပြည့် ဓမ္မသဘင်။ အင်မတန်တက်ကြွတဲ့ အမျိုးသားရေးသမားတွေရဲ့ တရားပွဲပါ။ စုန်းပြူးအနည်းငယ်လောက်ပဲ ရှိတာပါ။ ရပ်ကွက်သူရပ်ကွက်သားအားလုံးနီးပါး မျိုးချစ်တွေပဲ ဖြစ်ပါတယ်။ စာရေးသူပုံနှင့် စာသားတွေပါတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး ကြိုဆိုကြတာ တွေ့ရပါတယ်။ ကျာင်းထိုင်ဆရာတော်လေးကိုယ်တိုင်က စာရေးသူကြွရောက်ဟောကြားတာကို ဖူးမြင်ရရုံနဲ့ပဲ အင်အားတစ်ရပ်ဖြစ်ခဲ့ရပါတယ်လို့ လျှောက်ထားပါတယ်။ အမျိုးသားရေးသမားတွေအတွက် အမျိုးသားရေးလုပ်ငန်းစဉ် (၉)ရပ်နှင့် လမ်းစဉ် (၃)ရပ် ဟောကြားခဲ့ပါတယ်။ “အမျိုးသားရေးတရားတော်” ၁။ အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကိုမြှင့်တင်တာ။ ...
သတင်း

ဘီလူးကျွန်း-ချောင်းဆုံသို့ အလည်တစ်ခေါက်

21.4.2019 ရက်နေ့၊ မွန်းလွဲပိုင်းမှာ ဘီလူးကျွန်း ချောင်းဆုံသို့ ရောက်ရှိခဲ့ပါတယ်။ မော်လမြိုင်မြို့၊ မြစေတီရဲကျောင်းဆရာတော်ကြီးက လိုက်ပို့တာပါ။ ဘီလူးကျွန်းဆိုတာက ကျွန်းနာမည်၊ ချောင်းဆုံဆိုတာက မြို့နာမည် ဒီနှစ်ခုကို ပေါင်းပြီး ဘူးလူးကျွန်း ချောင်းဆုံလို့ ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း ဆရာတော်ကြီးအမိန့်ရှိမှပဲ သိရပါတော့တယ်။ ကျာက်သင်ပုန်းလုပ်တဲ့ ကျောက်ထွက်ရာ သင်ပုန်းကျောက်တောင်ကြီးကိုလည်း တွေ့ခဲ့ပါတယ်။ ဘီလူးကျွန်းကို ကားနှင့် တစ်ပတ်ပတ်ပြီး မြစေတီရဲကျောင်းဆရာတော်ကြီးဇာတိ ကမာကေးရွာသို့ ရောက်ရှိပါတယ်။ ဆးရုံများ၊ တံတားများ၊ လမ်းများ၊ ကျောင်းများ စုံလင်နေအောင် လုပ်ပေးထားတာပါ။ ကမာကေးရွာသူရွာသားများ ကံကောင်းကြပါတယ်။ ဇာတိရွာကို လိုလေသေးမရှိအောင် ...
သတင်း

၂၀၁၉ စာဖြေသံဃာတော်များ အရုဏ်ဆွမ်းအလှူတော် (၁၅)

စစ်ကိုင်းမြို့၊ ဦးကောဝိဒမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (2.4.2019) မစိုးရိမ်တိုက်သစ် စာသင်သားသံဃာတော်များ အစိုးရစာမေးပွဲကြီး ဖြေဆိုရက်တွေမှာ ကျောင်းတိုက်ရံပုံငွေဖြင့် နေ့ဆွမ်းဆက်ကပ်လေ့ရှိပါတယ်။ အရုဏ်ဆွမ်းအလှူရှင်သီးသန့်မရှိပါ။ နေ့ဆွမ်းရော အရုဏ်ဆွမ်းပါ ပြင်ဆင်ရမည်ဆိုလျှင်လည်း ဝေယျာဝစ္စမနိုင်နင်းပါ။ ထို့ကြောင့် စာဖြေသံဃာတော်များအတွက် အရုဏ်ဆွမ်းလိုအပ်လျက် ရှိပါတယ်။ စာရေးသူ လူ့ပြည်ပြန်ရောက်ကတည်းက စာဖြေသံဃာတော်များအတွက် မနက်အစောစာ အရုဏ်ဆွမ်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်ကပ်လာခဲ့ပါတယ်။ တစ်မနက်စာအလှူရှင်များ တနိုင်တပိုင်အလှူရှင်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျန်တာကို စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများဖြင့် ဖြည့်စွက်လှူဒါန်းပါတယ်။ စာဖြေသံဃာအားလုံးကိုတော့ နေ့စဉ်မလှူနိုင်ပါ။ စာဖြေရက်မှာ စာဖြေမည့် ...