Daily Archives: May 31, 2019

သတင်း

မနက်ခင်းသြဝါဒ(၂)

31.5.2019 ရက်နေ့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းစာသင်သားသံဃာတော်များအား ဆရာတော်ဦးဝီရသူ၏ကိုယ်စား ဆရာတော်ဦးသူရိယာဘိဝံသမှ သြဝါဒပေးပါတယ်။ ဆရာသမားလမ်းညွှန်မှာကြားခဲ့တဲ့ စကားသုံးခွန်း(ဘာပဲလုပ်လုပ် မိမိပညာရေးမထိခိုက်စေနဲ့၊ ဘာပဲလုပ်လုပ် မိမိသာသနာ မထိခိုက်စေနဲ့၊ ဘာပဲလုပ်လုပ် မိမိတိုက်တာ မထိခိုက်စေနဲ့။)ကို ကြိုးစားလိုက်နာဖို့၊ ဆရာသမားဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမယ့် အပြုအမူရှောင်ကျဉ်ဖို့၊ ဆရာသမားအား ကျေးဇူးဆပ်ရာလည်းရောက်အောင် မိမိအတွက်လည်း အကျိုးရှိအောင် စာကြိုးစားပြီး စည်းကမ်းလိုက်နာဖို့၊ ဆရာသမားမရှိဘူးဆိုတဲ့စိတ်မျိုးမထားဘဲ ဆရာသမားရှိနေတဲ့ပုံစံအတိုင်း ကျင့်ကြံနေထိုင်ဖို့၊ တခြားမလိုသူများ ပိုမိုမျက်မုန်းကျိုးစေမယ့် အပြုအမူ အပြောအဆိုများ ရှောင်ကြဉ်ဖို့၊ ဆရာသမားသည် မိမိယုံကြည်ချက်အတိုင်း အမျိုးဘာသာ သာသနာအရေးကို ဆောင်ရွက်နေတဲ့သူ ဖြစ်သည်အားလျော်စွာ မျက်မှောက်မျက်ကွယ်သဘောမထားဘဲ ...