သဟာယအင်တာနက်ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်သော ဆရာတော်၏ အစီအစဉ် (၂) 3.6.2019 တနင်္လာနေ့
ဦးဇင်းဖြင့် အထဲမရောက်သေးဘူးဗျာ။ ဦးဇင်းတည်ထောင်ထားတဲ့ ပရဟိတပညာရေး ပညာဒါနကျောင်းတွေမှာ တချို့မိဘတွေက ကလေးငယ်တွေကို ပြန်ပြန်ခေါ်ကြတာလည်း ရှိပါတယ်။ ကလေးတွေ စိတ်ဆန္ဒမပါဘဲနဲ့ မခေါ်ကြပါနဲ့ဗျာ။ ဦးဇင်းလဲ အစစအရာရာ စီစဉ်ပေးထားပါတယ်။ ဦးဇင်းမရှိသော်လည်းပဲ ၀ီရသူဖောင်ဒေးရှင်း ရှိပါတယ်။ ၀ီရသူဖောင်ဒေးရှင်းမှတစ်ဆင့် အလှူခံပြီးလုပ်ပေးပါလိမ့်မယ်.။ အလှူခံအဖွဲ့လည်း ဖွဲ့ထားပါတယ်။ အားလုံးကို Video ဖိုင်နဲ့လည်း မှာခဲ့ပါတယ်.။ စာရေးပြီးတော့လည်း မှာခဲ့ပါတယ်။ ကလေးတွေရဲ့ စားရေး ပညာရေးကျန်းမာရေး အစရှိသည် ဦးဇင်းတာဝန်ယူပါတယ်နော်။ ဒါကြောင့်မို့လို့ ကလေးတွေ မပျော်လို့ ပြန်တာတော့ ကိစ္စမရှိပါဘူး။ ပျော်လျက်နဲ့ ပြန်ပြန်ခေါ်တာကတော့ ...
သဟာယအင်တာနက်ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်သော ဆရာတော်၏ အစီအစဉ် (၁) 3.6.2019 တနင်္လာနေ့
မေလ ( ၃၀ ) ရက်နေ့က စပြီး ၃၀/၃၁/ ဇွန် ( ၁ ) ရက်နေ့ အဲဒီ ၃ ရက်ဆက်တိုက် ရန်ကုန် ရွှေတိဂုံဘုရား ရာဟုထောင့်မှာ အောင်မြေနင်းရင်း ညီတော်နောင်တော်အပေါင်းနှင့် အမျိုးသားရေး ညီအစ်ကိုမောင်နှမများ မျိုးချစ်ပြည်သူများ ဦးဇင်းအတွက် ဆုတောင်းပေးနေကြတာကို တွေ့ရပါတယ်။ အင်မတန်လည်း ကြည်နူးပါတယ်။ အင်မတန်မှလည်း အားရ၀မ်းသာ ဖြစ်မိပါတယ်။ အင်မတန်မှလည်း ကျေးဇူးတင်ပါတယ်။ အဲဒီအတွက်လည်း ဦးဇင်းအင်အားတွေ ဖြစ်ပါတယ်နော်။ ထို့အတူပဲ ဦးဇင်းနဲ့ပတ်သက်တဲ့ သတင်းတွေ ပျံ့နှံ့ပြီးကတည်းက ...