Daily Archives: July 1, 2019

သတင်း

မင်းကွန်းဒေသ ချောင်းမကြီးရွာ မဟာသာလ ဘ/က ကျောင်း အကူအညီလိုအပ်လျှက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသမြောက်ဘက်ရှိ ချောင်းမကြီးကျေးရွာတွင်ထူထောင်ထားသောမဟာသာလဘုန်းတော်ကြီးသင်ပညာရေးကျောင်းအလယ်တန်းကျောင်းမှာရေရှည်ရပ်တည်နိုင်ေ၇းအတွက်အကူအညီထောက်ပံ့မှုများလိုအပ်လျှက်ရှိကြောင်းသိရသည်။ အဆိုပါကျောင်းကို (၂၀၀၇) ခုနှစ်တွင်စတင်ထူထောင်ခဲ့ပြီး ချောင်းမကြီးကျေးရွာနှင့်ပတ်ဝန်းကျင်ရွာများဖြစ်သည့် ကင်းရွာ ၊ အုံးသဇင်ရွာ ၊ ပုခန်းကျောင်း ရွာတို့နှင့်မြစ်တစ်ဘက်ကမ်းမှ ကျွှန်းရွာတို့မှလာရောက်ပညာသင်ကြားနေကြကြောင်း ၊ ယခင်က (၃) မိုင်ခန့်ဝေးသောမင်းကွန်း အထက်တန်းကျောင်းသို့ခြေလျင် ၊ ရေကြောင်းမှစက်လှေများဖြင့်သွားရောက်ပညာသင်ကြားရကြောင်းသိရှိရသည်။ ကျောင်းစတင်ထူထောင်စကစတုတ္ထတန်းအထိသာရှိခဲ့ပြီး စာသင်ခန်းများကို သက်ငယ်မိုး ၀ါးထရံကာ တဲငယ်များ၊ မိုးမရွာလျှင်သစ်ပင်ကြီးများအောက်တွင်သင်ကြားပေးခဲ့ကြောင်းသိရသည်။ အဆိုပါကျောင်းတွင် ဆရာ/မ များကလည်း ( ၃ ) နှစ်လစာမယူပဲစေတနာသက်သက်ဖြင့်သာ ကျောင်းသူ/သား (၈၀ ) ကျော်တို့ကိုသင်ကြားပေးခဲ့ကြကြောင်း ၊ ယခုအခါ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ ဆရာတော်ဦးနာဂိန္ဒာလင်္ကာရ(ဓမ္မစေတီ)မှ ဆန်အိတ် ၉၀ လှူဒါန်း

မင်းကွန်း ဇွန် ၃၀မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ဆန်အိတ် (၉၀)ကို အကယ်ဒမီကျောင်း၏ သြဝါဒါစရိယဆရာတော်တစ်ပါးဖြစ်သည့် ဦးနာဂိန္ဒာလင်္ကာရ(ဆယ်ဘွဲ့ရ၊ ပြည်တွင်းပြည်ပသာသနာပြု)မှ 30.6.2019 ရက်နေ့ လှူဒါန်းခဲ့ကြောင်း သိရသည်။ အလားတူ မန္တလေးမြို့သစ်၊ မြနန္ဒာဈေးမှ သစ္စာအားမာန် ပရဟိတနှင့် သာရေးနာရေး ကူညီမှုအဖွဲ့မှ ဦးမျိုးကိုဦး ဦးဆောင်သော ဈေးသူဈေးသားများမှ အလှူငွေ ၇၀၀၀၀၀ိ (ခုနစ်သိန်းကျပ်)နှင့် စားသုံးကုန်းကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းရွာ၊ ဓမ္မနာဒစာသင်တိုက်ဆရာတော် ဦးတိက္ခသာရမှ ခရမ်းသီး နှစ်အိတ်၊ ပဲသီး တစ်အိတ်၊ ကန်စွန်းရွက် တစ်အိတ်တို့ကို လှူဒါန်းခဲ့ကြကြောင်း ကျောင်းအုပ်ဆရာတော်ဦး ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း


စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် ရမည်းသင်းမြို့နယ်၊ ရွာတန်းရွာ၊ ဓမ္မနာဒစာသင်တိုက်ဆရာတော် ဦးတိက္ခသာရမှ ခရမ်းသီး (၃)အိတ်၊ ပဲသီး (၁)အိတ်၊ ကန်စွန်းရွက် (၁)အိတ် လှူဒါန်းပါသည်။ (30.6.2019) အလှူရှင် ဆရာတော် ဦးတိက္ခသာရနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းအသူတောင်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “မုဒိတာရပ်ဝန်း – ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၁၈)” စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် ရမည်းသင်းမြို့နယ်၊ ရွာတန်းရွာ၊ ဓမ္မနာဒစာသင်တိုက်ဆရာတော် ဦးတိက္ခသာရမှ ခရမ်းသီး (၃)အိတ်၊ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၄၁၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ဖြူးမြို့၊ သိမ်ကုန်းရပ်ကွက်၊ ဒေါ်ဝါဝါစိုး မိသားစုမှ အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (29.6.2019) မန်း မဟော်သဓာအတွက် ၁။ ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ၂။ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ၃။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း


စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် ရန်ကုန်မြို့၊ ကိုသန့်ဇင် မိသားစုမှ အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။ (26.5.2019) ကိုသန့်ဇင်မိသားစုသည် ပညာရေးအကယ်ဒမီကျောင်းအတွက် လစဉ် သုံးသိန်းကျပ် လှူဒါန်နေတဲ့ မိသားစုဖြစ်ပါသည်။ အလှူရှင် ကိုသန့်ဇင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းအသူတောင်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “မုဒိတာရပ်ဝန်း – ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၁၇)” စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် ရန်ကုန်မြို့၊ ကိုသန့်ဇင် မိသားစုမှ အလှူငွေ ၃၀၀၀၀ဝိ ...