Daily Archives: July 20, 2019

သတင်းလောကအလင်းပညာဒါနကျောင်း

အာဇာနည်နေ့ လောကအလင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

၁၃၈၁-ခုနှစ် ဝါဆိုလပြည့်ကျော် ၃- ရက် သောကြာနေ့၊ (အာဇာနည်နေ့)၊ နေ့လယ် ၂း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ်၊ ၅၃လမ်းနှင့် ယုဇနလမ်းဒေါင့်မှာရှိတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ လောကအလင်း သင်ကြားရေးဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပါတယ်။ လောကအလင်း ပညာဒါနကျူရှင်ကျောင်းနာယက မဟာဣန္ဒကာရာမကျောင်းတိုက်ဆရာတော်ဘုရားအမှူးပြုသော သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပါတယ်။ မဟာဣန္ဒကာရာမဆရာတော်ဘုရားမှ ငါးပါးသီလနှင့် သြဝါဒများ ချီးမြှင့်ပါတယ်။ ကျောင်းသူကျောင်းသားများအတွက် ပညာသင်ယူစဉ်အတွင်း ဆောင်ရန် ရှောင်ရန်များ ...