Daily Archives: July 25, 2019

နဂါးနီစုဘူးသတင်း

အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (24.7.2019)ရက်နေ့၊ မနက်(၉း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြကြည်မာ၊ စာရင်းစစ် ဒေါ်တင်စန်း၊ အတွင်းရေးမှူး(၂) မအိသန္ဒာနွယ်တို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင် (၃၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ၊ တစ်သိန်းတန်းအသင်းဝင်(၁၂၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ ...