Daily Archives: August 21, 2019

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ပညာရေးအကယ်ဒမီကျောင်းအတွက် ရှမ်း/တောင် ဘာသာရေးအဖွဲ့အစည်းများ အလှူတော်

ရှမ်း/တောင် ဘာသာရေးအဖွဲ့အစည်းများမှ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ဓမ္မစေတီကျောင်းတိုက်၊ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်း ကလေးငယ်များအတွက် လှူဒါန်းမှုအစုစု စာရင်းများ ၁/ သိမ်တောင်ကျောင်း ဓမ္မရောင်စဉ်အသင်း တောင်ကြီးမြို၊ ဆန် = ၁၄ -အိတ်၊ ဆီ = ၂ -ပုံး၊ ကြက်သွန် – ၁၀ – ပိဿာ၊ အာလူး – ၁၀ ပိဿာ။ ၂/ သီတဂူကျောင်းတိုက် ဝံသာနုရက္ခိတအသင်း တောင်ကြီးမြို့၊ ဆန် – ၄ -အိတ်။ ဦးမြင့်ဦး+ ဒေါ်တင်တင်အေး ...
ဂျာနယ်သတင်းအင်တာဗျူး

ဓမ္မစက်ကို မထေမဲ့မြင်ပြုတာဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတယ် (ဂ)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၁)၊ 12.7.2019) ငြိမ်း- ဥပဒေက တဖက်စောင်းနင်းဖြစ်နေတယ်လို့ ထင်သလား ဒါမှမဟုတ် မညီမျှဘူးလို့ ထင်လား။ ဒီအပေါ်မှာ ဘယ်လို ခံစားရပါသလဲ။ ဆရာတော်- ဥပဒေက မညီမျှဘူးလို့ ခံစားရတာကတော့ ဒီအစိုးရတက်ကတည်းကပဲလေ။ ဥပမာ ဆိုကြပါစို့၊ တရားပွဲပိတ်တာက အဆင့်ကျော်ပြီးတော့ ပိတ်သွားတာလေ။ ရွှေညဝါတို့ဆိုရင် ဓမ္မစက်နဲ့ကိုင်တွယ်တာတောင်မှ စိတ်ရှည်လက်ရှည် အကြာကြီးခေါ်ပြီး ဆုံးမ၊ မရတဲ့အဆုံးမှ ပိတ်လိုက်တာလေ။ ဦးဇင်းကျတော့ ဘာမပြော ညာမပြောနဲ့ ကာယကံရှင်တောင်မသိဘူး ပိတ်ချလိုက်တာ။ ကျန်တာတွေလည်း အများကြီးပေါ့ကွာ၊ မန္တလေးသပိတ်စခန်းကိစ္စတို့၊ တခြားကိစ္စတွေလည်း ...