Daily Archives: August 23, 2019

ဂျာနယ်သတင်းအင်တာဗျူး

“အနိုင်ကျင့်တဲ့အကွက်တွေ ကုန်သွားပြီဆိုရင် ဦးဇင်းထွက်လာမှာပါ” (က)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ် အတွဲ(၂)အမှတ်(၂၂) 26.7.2019) ဆရာတော်ဦးဝီရသူ တိမ်းရှောင်နေရချိန်များမှာ ဆရာတော်ပြောချင်တာတွေနဲ့ ဆရာတော် ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်များအတွက် အင်တာဗျူးများကို ကြိုးစားပြီး စီစဉ်တင်ဆက်ပေးနေပါတယ်။ အင်တာဗျူးတွေဟာ အချိန်ရရင်ရသလို ပြုလုပ်ထားတဲ့ အင်တာဗျူးတွေဖြစ်တဲ့အတွက် အဆက်အစပ်မရှိ ဖြစ်နေတာမျိုးတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ဆရာတော်ရဲ့အသံနဲ့ အမျိုးသားရေးအလံကို ဆက်လက်လွှင့်တင်နိုင်ဖို့အတွက် ပြည်ချစ်သားဂျာနယ်ပရိသတ်များအတွက် အင်တာဗျူးများကို တင်ဆက်ပေးလိုက်ပါတယ်။ ငြိမ်း- ပထမဆုံး မေးခွန်းအနေနဲ့ အစိုးရက ပုဒ်မ ၁၂၄(က)နဲ့ စွဲဆိုထားတဲ့အမှုကို တရားရုံးက တစ်လအတွင်း ဖြေရှင်းဖို့ အမိန့်ချထားတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ပညာရေးအကယ်ဒမီ အလှူတော်

မင်းကွန်း သြဂုတ် ၂၂ စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုး ပုထိုးတော်ကြီးဘုရားအနီး ဓမ္မစတီကျောင်းတိုက်တွင် ဓမ္မစေတီဆရာတော်နှင့် ကမ္ဘာကျော်ဆရာတော်တို့ပူးတွဲ တည်ထောင်ထားသည့် ပညာရေးအကယ်ဒမီကျောင်းသို့ စေတနာရှင်၊ အလှူရှင်များက န၀ကမ္မ၀တ္ထုငွေများ၊ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်စသော စားသောက်ကုန်များ လာရောက်လှူဒါန်းလျက်ရှိသည်။ ယနေ့ သြဂုတ် ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် BDP ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသဦးဆောင်သော သံဃာတော်အရှင်သူမြတ်များ၊ လူပုဂ်္ဂိုလ်များပါဝင်သောအဖွဲ့ လာရောက်၍ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ခေါက်ဆွဲခြောက်၊ မုန့်ဩဇာ၊ ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ...
ဂျာနယ်သတင်းအင်တာဗျူး

“ဓမ္မစက်ကို မထေမဲ့မြင်ပြုတာဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတယ်” (ဃ-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၁)၊ 12.7.2019 ငြိမ်း- အရှင်ဘုရားရဲ့ မွေးနေ့မှာ သွေးလှူဒါန်းကြတာတွေနဲ့ပတ်သက်ပြီး အဆင်မပြေတာတွေ တွေ့ရ ကြုံရတာကိုလည်း ကြားရပါတယ်ဘုရား။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲဘုရား။ ဆရာတော်- မွေးနေ့သွေးလှူပွဲနဲ့ပတ်သက်ပြီးတော့ သတင်းတွေမှာပါနေတာက မပြည့်စုံဘူးလေ။ ဇွန်လ ၂၆ ရက်နေ့တိုင်း သွေးလှူပွဲရှိတယ်လို့ ဆေးရုံကို ဦးဇင်းက ရက်အသေ သတ်မှတ်ခိုင်းထားပြီးသား။ ပြက္ခဒိန်အသစ်ထွက်တာနဲ့ ဒီနှစ် ဇွန် ၂၆ ရက် သွေးလှူဖြစ်ပါသလား၊ အတည်ပြုပါမယ်ဆိုပြီး အမြဲတမ်း မေးနေကြပဲလေ။ ဦးဇင်းကလည်း အတည်ဖြစ်တယ်လို့ အသိပေးနေကျပဲ။ အဲဒီနေ့မှာ ဦးဇင်းနဲ့ပတ်သက်တဲ့ ...