Daily Archives: October 16, 2019
သတင်း
တစ်ခုခုတော့ပေးရမယ်
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ပညာရည်ချွန်ဆုပေးပွဲ (၄)
ပညာရေး အကယ်ဒမီတွင် ယခု စာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် တက်ရောက်သင်ကြားနေသူ ၁၇ဝ ဦးရှိသည်။ပညာရေးအကယ်ဒမီ ကျောင်းသား၊ကျောင်းသူ များသည် တစ်ရက်လျှင်နှစ်ကြိမ်ဘုရား ရှိခိုးခြင်း၊ စာပေသင်ကြားခြင်း၊ စာပြန်စာအံ ရခြင်း၊ သန့်ရှင်းရေးပြုလုပ်ရခြင်း၊ ဗုဒ္ဓဝေယျာဝစ္စ ဆောင်ရွက်ရခြင်းတို့ နေ့စဉ်ပြုလုပ်ကြရသည်။ ထို့ပြင် မင်းကွန်းဒေသရှိ တန်ခိုးကြီး ဘုရားများ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် သန့်ရှင်းရေးဆောင်ရွက်မှုကို ဥပုသ် နေ့တိုင်းပြုလုပ် ကုသိုလ်ယူကြသည်။ ပညာရေးအကယ်ဒမီ ကျောင်းသား၊ ကျောင်းသူများသည် တနင်္ဂနွေနေ့တိုင်း နံနက်နှင့် နေ့လည်ပိုင်းတွင် ယဉ်ကျေးလိမ္မာနှင့် ဓမ္မစကူးလ် သင်ခန်းစာများ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ပညာရည်ချွန်ဆုပေးပွဲ (၃)
လူငယ်ထူးချွန် ဆုနှင့်အတူ ဆယ်တန်းအောင်မြင်ပြီးနောက် ပညာရေး အကယ်ဒမီတွင် အကူဆရာမ အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သူ မယှဉ်သက်ခိုင် (မြောင်မြို့)အား ဂုဏ်ပြုဆုငွေကျပ်ရှစ်သောင်း၊ ပထဝီဝင်နှင့် သမိုင်း နှစ်ဘာသာဂုဏ်ထူးရရှိပြီး လူငယ်ထူးချွန်ဆုနှင့်အတူ ပညာရေးအကယ်ဒမီ အကူဆရာအဖြစ် ဆောင်ရွက်နေသည့် မောင်ဇော်မျိုးနိုင်(ပင်လည်ဘူးမြို့)အားဆုငွေ စုစုပေါင်း ကျပ်နှစ်သိန်းငါးသောင်း၊ ယဉ်ကျေးလိမ္မာ သမီးကောင်းရတနာဆု ရရှိကြသော လဟယ် မြို့နယ် ဆပ္ပလော်ကျေးရွားမှ နာဂတိုင်းရင်းသူများ ဖြစ်ကြသော မကျိမ်ခါလုံ၊ မစစ်မော်သိုက်၊ မထန်ပေ၊ မကျနွေပုံတို့ လေးဦးအား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းခွဲစီဖြင့် စုစုပေါင်းဆုငွေ ကျပ်တစ်သိန်း၊ ရိုးသား ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ပညာရည်ချွန်ဆုပေးပွဲ (၂)
ဆက်လက်၍ ကရင်ပြည်နယ်မှ ကျောင်း လာတက်သော ရခိုင်တိုင်းရင်းသူလေး မအေ မီမီဟန် (အဋ္ဌမတန်း)က အင်္ဂလိပ်စကားပြော ထူးချွန်ဆုရရှိခြင်းအတွက် ကျေးဇူးတင်စကား ကို အင်္ဂလိပ်ဘာသာဖြင့် ပီသကြည်မြစွာ ပြောကြားသွားသည်။ ထူးချွန်ဆရာဆုရ ဆရာ ဦးအေးမြင့်နိုင်နှင့် တက္ကသိုလ်ဝင်တန်းအား ဆယ်နှစ်တိုင်တိုင်ကြိုးစား ဖြေဆိုခဲ့ပြီးနောက် ပညာရေးအကယ်ဒမီတွင် တက်ရောက်သင်ယူ ဖြေဆိုချိန်ကြမှ ဂုဏ်ထူးတစ်ဘာသာ(ဇီဝဗေဒ)ဖြင့် အောင်မြင်ခဲ့သူ မခင်ချိုသက်တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆို၍ ဆုပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ပညာရည်ချွန်ဆုပေးပွဲ (၁)
မင်းကွန်း အောက်တိုဘာ ၁၄စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်မင်းကွန်းတောင်ရိုး ဓမ္မစေတီကျောင်းတိုက်ရှိ ပညာရေးအကယ်ဒမီစင်တာ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယနေ့ည ၇ နာရီက အဆိုပါကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) မှ ဆုပေးသြဝါဒစကား မြွက်ကြားတော်မူရာတွင် ပညာကို ကြိုးစား သင်ယူရန်၊ ခေါင်းဆောင်ကောင်း စိတ်ဓာတ် မွေးမြူရန်၊ အနစ်နာခံကာ မျိုးဆက်သစ်များ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ အနာဂတ်ကာလတွင် ပုခုံးပြောင်းတာဝန် ထမ်းဆောင်နိုင်ရေး ဆည်းပူးလေ့ကျင့်ရန်၊ ကျောင်း၏ ...