Daily Archives: November 14, 2019
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၃၀၀၀၀(သုံးသိန်း သုံးသောင်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၄၀၀၀၀၀(လေးသိန်း)ကျပ် လှူဒါန်းပါသည်။ (1.11.2019) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း – ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၄၄)
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် ရန်ကုန်မြို့၊ ကိုသန့်ဇင် မိသားစုမှ အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။ (30.10.2019) ကိုသန့်ဇင်မိသားစုသည် ပညာရေးအကယ်ဒမီကျောင်းအတွက် လစဉ် သုံးသိန်းကျပ် လှူဒါန်နေတဲ့ မိသားစုဖြစ်ပါသည်။ 25.5.2019 ရက်နေ့ ၃၀၀၀၀၀ိ 28.6.2019 ရက်နေ့ ၃၀၀၀၀၀ိ 31.7.2019 ရက်နေ့က ၃၀၀၀၀၀ိ 31.8.2019 ရက်နေ့ ၃၀၀၀၀၀ိ 30.9.2019 ရက်နေ့ ၃၀၀၀၀၀ိ 30.10.2019 ရက်နေ့ ၃၀၀၀၀၀ိ စုစုပေါင်း ၁၈၀၀၀၀၀ိ (တစ်ဆယ့် ...
သတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (က)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ ဦးပဉ္စင်း ဦးဝီရသူ ဒုတိယအကြိမ် စာရေးသား မိန့်ကြားလိုက်တယ်။ 10.12.2018 ရက်နေ့ The Voice Weekly ဂျာနယ်ပါ သတင်းထဲမှာ မန်းမဟော်သဓာကျောင်းတော်ကြီး နှင့်ပတ်သက်ပြီး “မန္တလေးတိုင်းအစိုးရက တိုင်းသံဃနာယကထံ စာရေးသားပေးပို့” ခေါင်းစဉ်နဲ့ အခုလို ရေးသား ထားတာ တွေ့ရပါတယ်။ “မန်းဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း တည်ဆောက်ခွင့်တားမြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပြုလိုဘဲ တိုင်းသံဃနာယကထံ စာရေးသားထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း အာဟာရဒါနအလှူ
11.11.2019 ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မပါကဋကျောင်းမှ အရှင်ဂန္ဓမာလာ(ခ) မဟော်သဓာမစိုးရိမ်(ဓမ္မာစရိယ)၏ သက်တော် (၂၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသား/သူများအား အာဟာရဒါနလှူဒါန်းတာပါ။ ဓမ္မစေတီကျောင်း တိုက်အုပ် ဆရာတော်အရှင်သုမနာလင်္ကာရက အနုမောဒနာတရား ဟောကြားချီးမြှင့်ပါတယ်။ အာဟာရဒါနပြုရာတွင် ပဲထမင်းအလှူရှင်များမှာ ဟုမ္မလင်းမြို့ ရွာသစ်ရွာနေ မအိရွှေစင်၊ မနန်းနန်ဝေးနှင့် မိဘများက ၂သိန်းကျပ်၊ မြင်းခြံမြို့နယ် ဆုံရွာနေ ဦးဝင်းခိုင်+ ဒေါ်မြင်မြင့်စိန်နှင့် ရွာသူရွာသားများက ၃ သိန်း ကျပ် လှူဒါန်းကြပါတယ်။ ...
သတင်း
မာနလေးတော့ ထားကြပါ (ဂ-နိဂုံး)
အဖျင်းအသွမ်း၊ ဂုဏ်မဲ့နွမ်းအောင်၊ ကိုယ်ဝမ်းမွေးမှု၊ လူ့နှယ်တုလျက်၊ လူပြုလူကျင့်၊ ရှင်နှင့်မတော်၊ ပစ္စည်းမျှော်၍၊ မလျော်လျောက်ပတ်၊ မြေကြန်တတ်က၊ နက္ခတ်ပညာ၊ စေပါဒူတ၊ အင်္ဂဝိဇ္ဇာ၊ တိရစ္ဆာဖြင့်၊ ငုံ့စားမော်စား၊ အမြော်စားနှင့်၊ ထောင့်စားခေါ်ရိုး၊ ရဟန်းဆိုးတို့၊ စားမျိုးလေးဖြာ၊ မိစ္ဆာဇီဝ၊ နေသနလည်း၊ စိတ်မှတရံ၊ အကြံမဆန်း၊ မှဲ့မစွန်းတည့်။ (မဃဒေဝ။ ၄၂၅) (သာရိပုတ္တသံယုတ်။ သုစိမုခီသုတ်၊ သံ၊ ဋ္ဌ။ ၃။ ၃၁၈-၃၁၉) မြေယာအတတ်ဖြင့် အသက်မွေးသူက ငုံ့စား၊ နက္ခတ်ပညာဖြင့် အသက်မွေးသူက မော်စား၊ ပေးနိုးကျွေးနိုး မျှော်ကိုးပြီး အစေခံလုပ်သူက ...
သတင်း
မာနလေးတော့ ထားကြပါ (ခ)
ဒီအချိန်မှာ ဗာရာဏသီမင်းနှင့် ပုရောဟိတ်ပုဏ္ဏားတို့ ရောက်လာပြီး ဗေဒင်သင်နေကြပါတယ်။ ဆရာပုဏ္ဏားက အောက်မှာထိုင်ပြီး သင်ကြားပေးနေကာ တပည့်ဖြစ်သူက အပေါ်မှာနေပြီး သင်ယူနေတာကို သစ်ပင်ပေါ်က ဘုရားလောင်း တွေ့မြင်သွားပြီး အခုလို တွေးတောမိပါတယ်။ “အကြင်မင်းသည် မြင့်သောနေရာ၌နေထိုင်၍ ဗေဒင်ကို သင်ယူနေ၏။ ထိုမင်းသည် တရားမစောင့်လွန်းရာရောက်နေသည်။ ဆရာပုဏ္ဏားသည် နိမ့်သောနေရာမှာ ထိုင်နေပြီး မြင့်သောနေရာမှာထိုင်နေသော မင်းအား ဗေဒင်သင်ပေးနေ၏။ ဤပုဏ္ဏားသည်လည်း တရားမစောင့်။ ငါသည် မိန်းမဟူသောအကြောင်းကြောင့် သရက်သီးကို လာခိုးခြင်းဖြစ်၏။ ငါသည်လည်း တရားမစောင့်။ ငါတို့သုံးဦးလုံး ယုတ်ညံ့သူတို့အမှုကို ပြုလုပ်ခဲ့ကြပြီ။” (ဝိ၊ ...
သတင်း
မာနလေးတော့ ထားကြပါ (က)
တစ်ချိန်တုန်းက ရှင်သာရိပုတ္တရာမထေရ်ကြီးက တပည့်ရင်းတစ်ပါးကို လာဘ်ပေါများကြောင်း (ဘုန်းကံကြီးကြောင်း) တရားလေးပါးကို ဟောကြားခဲ့ဖူးပါတယ်။ ဟိရီသြတ္တပ္ပကင်းမဲ့စွာ ရဟန်းဘဝကိုမေ့ထားလိုက်ပြီး ၁။ မရူးဘဲနဲ့ ရူးသလိုနေရမယ်။ ၂။ ကုန်းတိုက်စကား (အမုန်းတရား ဂျင်းစကား)ကို ပြောဆိုရမယ်။ ၃။ ကချေသည်လို ပြုမူရမယ်။ ၄။ ဘလောင်းဘလဲ တတ်ရမယ် (ဗရမ်းဗတာစကားတွေ ပြောတတ်ရမယ်)။ တကယ်တော့ ရှင်သာရိပုတ္တရာက ဒီတရားကို ဟောချင်လို့ ဟောခဲ့တာ မဟုတ်ပါဘူး။ တပည့်လေးက မေးမြန်းလို့ ဟောခဲ့တာပါ။ တရားလည်းဟောပြီးရော တပည့်လေးလည်း သင်္ခန်းစာရပြီး ပြန်သွားပါတော့တယ်။ ဘုန်းကံမကြီးရင် နေပါစေ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့ အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ ...
မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ကော်မတီကို အလွှာအသီးသီးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေလှဟာ မဆလခေတ် တိုင်းကောင်စီအုပ်ချုပ်ရေးဘက်မှာ အတွေ့အကြုံရှိခဲ့သလို ဗိုလ်မှူးအောင်ချမ်းမင်းဟာလည်း အရင်ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ PSO ဖြစ်လို့ မြေယာနှင့်ပတ်သက်ပြီး အများကြီးအတွေ့အကြုံရှိပါတယ်။ ဒါ့အပြင် ရှေ့နေများ၊ ဥပဒေပညာရှင်များ များစွာပါဝင်လို့ အစိုးရပိုင်မြေဆိုတာ ဘာ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေဆိုတာ ဘာ အားလုံးကွဲကွဲပြားပြား သိနားလည်ကြပါတယ်။ ၆(၁)နဲ့ စွဲလို့ရတယ် မရဘူးဆိုတာလောက်တော့ ပမွှားလို့ပဲ ပြောရမှာပါ။ အဲဒီလူတွေပါဝင်လို့ဆိုပြီး နိုင်ငံရေးလို့ မထင်လိုက်ပါနဲ့။ ဘယ်ပါတီကပဲလာလာ၊ မဟော်သဓာရောက်ရင် ပညာရေးပဲ ဆွေးနွေးခွင့်ရှိသလို ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီ ထူးချွန်ဆုပေးပွဲ
9.11.2019 ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ မင်းကွန်းပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဓမ္မစေတီကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်း ကျောင်းတွင်းစာမေးပွဲဖြေဆိုရာတွင် ၈-၉-၁၀ တန်းမှ ပ-ဒု-တ ရရှိကြတဲ့ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း ဖြစ်ပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဓမ္မစေတီကျောင်းတိုက် လက်ထောက်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။ ပါဠိပါရဂူဆရာတော်ကြီးမှ ကျေးဇူးတရားနှင့်စပ်ဆိုင်သော သြဝါဒများ မိန့်ကြားချီးမြှင့်တော်မူကာ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့ အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ ...
မန်းမဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင်တစ်ဦးက တိုင်းဒေသကြီးဝန်ကြီးတစ်ဦးကို သွားရောက်မေးမြန်းရာမှာတော့ လုံးဝ ချမပေးတော့မှန်း သိလိုက်ရပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးတစ်ဦးက ပြောဆိုရာမှာ အစိုးရပိုင်မြေဖြစ်နေလို့ အရောင်းအဝယ်လုပ်သူတွေကို ၆(၁)ဖြင့် တရားစွဲလို့ရကြောင်း ပါဝင်ပြီး နိုင်ငံရေးကင်းရှင်းပါတယ်လို့ ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်မလားဟု မေးမြန်းကြောင်း သိရှိရပါတယ်။ ၎င်းဝန်ကြီးစကားအရ တိုင်းဒေသကြီးအစိုးရဟာ အစိုးရပိုင်မြေနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေ မကွဲပြားသေးမှန်း သိလိုက်ရပါတယ်။ ၎င်းဝန်ကြီးကို မေးချင်ပါတယ်။ မန်းမဟော်သဓာမြေကွက်ဟာ အစိုးရပိုင်မြေဆိုရင် ဘယ်ဌာနပိုင်တဲ့ မြေကွက်ဖြစ်ပါသလဲ?။ သစ်တောပိုင်မြေဆိုရင် သစ်တောဌာနက ကင်းလွတ်ကြောင်း ထောက်ခံစာပေးထားပါတယ်။ ဆည်မြောင်း၊ လမ်းတံတား၊ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီ ကထိန်အလှူတော်
မင်းကွန်း နိုဝင်ဘာ-၉ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းတောင်ရိုး ပုထိုးတော်ကြီးဘုရား အနီး ဓမ္မစေတီကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များ ကထိန်ခင်းနိုင်ရန်အတွက် ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲနှင့် ပညာရေးအကယ်ဒမီအတွက် ပညာရေးငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ဓမ္မစေတီကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ပညာရေးအကယ်ဒမီ ဩဝါဒါစရိယ မန္တလေးမြို့ ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဓမ္မစေတီကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရတို့ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှောက်ကြသည်။ ...
သတင်း
မြန်မာ့နိုင်ငံရေး(၃)
NLDအစိုးရဘက်မှာ အရှက်မဲ့စွာရပ်တည်ပြီး ထေရ်ကြီးဝါကြီးပါမရှောင် သံဃာတော်တွေကို စော်ကားပြစ်မှားနေကြတဲ့ ဘုန်းကြီးဆိုသူတွေကို ကြည့်လိုက်ရင် အခကြေးငွေရလို့ ဟောင်တဲ့ခွေးတွေလိုပဲ မြေကွက်ကလေး ပါမစ်လေး မျိုးမျိုးမြက်မြက်ရထားလို့ သခင့်စိတ်တိုင်းကျ ဟောင်ပြနေကြသူတွေသာ ဖြစ်တယ်။ ပြည်သူ့မျက်နှာမကြည့်ဘဲ အစိုးရမျက်နှာပဲ ကြည့်ကြတယ်။ ပြည်သူ့အကျိုးမရှေးရှုဘဲ အစိုးရအကျိုးပဲ ရှေးရှုကြတယ်။ လူ့အခွင့်အရေးတွေ၊ တရားဥပဒေစိုးမိုးရေးတွေ ဘာမှပြန်မကြည့်ကြတဲ့ နိုင်ငံရေးအုံအင်ကောင်တွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဒီမိုကရေစီကို တကယ်ယုံကြည်လို့ ထောက်ခံပါတယ်ဆိုရင် အခွင့်အရေးနှင့် လာဘ်လာဘတွေ ကင်းအောင်နေပြမှ သိက္ခာရှိတဲ့ နိုင်ငံရေးလို့ ယုံကြည်နိုင်မယ်။ အခုတော့ သိက္ခာမရှိတဲ့ နိုင်ငံရေး အုံအင်တွေလို့ပဲ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့ အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ ...
နောက်တော့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေနဲ့ ထိန်းခိုင်းမယ်လုပ်လာပါတယ်။ စာသင်ကျောင်း ဆောက်လုပ်ခွင့်ဟာ သံဃာ့အဖွဲ့အစည်းနှင့် မသက်ဆိုင်၊ သာသနာရေးဌာနနှင့်လည်း မပတ်သက်ပေမယ့် မဘသအဖွဲ့ကြီးကို မဟနအဖွဲ့ကြီးနဲ့ ထိန်းချုပ်ခဲ့သလို ဝီရသူကိုလည်း သံဃနာယကအဖွဲ့အဆင့်ဆင့်နဲ့ ထိန်းချုပ်ဖို့ လုပ်လာတာလို့ပဲ ယူဆပါတယ်။ မန်းမဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး မြေကွက်အလှူရှင်က ဓမ္မဓရ ရွှေဆံနွယ်ဆရာတော် အရှင်ဝါယာမာနန္ဒနှင့် ကျောက်ချောရွာမှ ဒေါ်မေတို့ ဖြစ်ပါတယ်။ ရွှေဆံနွယ်မြေကွက်က ရဲရွာသွားလမ်းဘေးမှာတည်ရှိပြီး ဒေါ်မေအကွက်က ရွှေဆံနွယ်အကွက်ရဲ့ကျောဘက် ချိုင့်ဝှမ်းထဲမှာ ရှိပါတယ်။ ၎င်းမြေကွက်များလက်ခံနိုင်ဖို့ ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တွေမှာ 2015 ခုနှစ်ကတည်းက မြေရာဇဝင်လေ့လာခဲ့တာပါ။ ၎င်းမြေကွက်ကို ...