Daily Archives: November 30, 2019
သတင်း
ဒေါက်တာဇော်မြင့်မောင်အတွက် ဆုတောင်းမေတ္တာပို့သခြင်း
နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿမြတ်စွာဘုရား ဂုဏ်တော်အအေးဓာတ်ကြောင့် ဒကာဇော်မြင့်မောင်နှလုံးသား အေးမြပါစေသား။ ဒေါက်တာဇော်မြင့်မောင်နှင့် ဦးပဉ္စင်းဦးဝီရသူတို့က ဆွေးမျိုးနီးပါး ချစ်ခင်ရင်းနီးကြတဲ့ တော်လှန်ရေး ရဲဘော်တွေပါ။ အိုးဘို မြစ်ဆုံ ဘဝတက္ကသိုလ်ကျောင်းဆင်း ကျောင်းသားကြီးတွေလည်းဖြစ်သလို ဦးဇင်းနှင့်သူ၏နှင့် တော်လှန်ရေးကာလမှာ ပူပေါင်းပြီး လျှို့ဝှက်တော်လှန်ရေးတွေ ဆင်းနွှဲခဲ့ဖူးတဲ့ ရဲဘော်အချင်းချင်းလည်း ဖြစ်ပါတယ်။ ဦးဇင်းရဲ့ ငယ်ဆရာ မိခင်စာသင်တိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသဟာ ဒကာဇော်မြင့်မောင်တို့ မိသားစုရဲ့ ဆရာဖြစ်ပါတယ်။ ဒကာဇော်မြင့်မောင်တို့ငယ်စဉ်က အဲဒီဆရာတော်ထံမှာ ယဉ်ကျေးလိမ္မာသင်တန်းတွေ တက်ခဲ့ကြတာပေါ့။ အဲဒီဆရာတော်က ဒေါက်တာဇော်မြင့်မောင်တို့အိမ်မှာ ဆွမ်းခံကြွခဲ့တယ်။ဒါကြောင့် ဆရာချင်းတူတဲ့ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (င-နိဂုံး)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) 8.1.2019 ရက်နေ့တုန်းကလည်း တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက မန်းမဟော်သဓာနဲ့ပတ်သက်ပြီး အမျိုးသမီးကြီးတစ်ဦးကို အခုလိုမေးလိုက်ပါတယ်။“ပညာရေးဌာနကို စာတင်ပြီး လုပ်တာ ဟုတ်ရဲ့လား။”“သီတဂူဆရာတော်လိုပဲ ဝီရသူကိုယ်တိုင် အမည်ခံပြီး လုပ်ပါ့လား။”“ဝါခင်းကုန်းအမည် ဘာလို့ခံထားတာလဲ။”“သူတို့နောက်မှာ နိုင်ငံရေးသမားတွေ အများကြီးပဲ။”“မဟော်သဓာနားမှာ ဘယ်လောက်ရှုပ်တယ်ဆိုတာ သိရဲ့လား။”ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့တင်ပြတဲ့အခါ အကျယ်အဝန်းကဘယ်လောက်၊ စာသင် ဆောင်၊ ထမင်းစားဆောင်၊ နားနေဆောင်၊ ရုံးခန်း၊ စုပေါင်းတန်းစီမည့်နေရာ၊ အားကစားကွင်း၊ ပန်းခြံ စတာတွေက ဘယ်လိုဆိုတာ ဓာတ်ပုံတွေပြသပြီး ပူးတွဲတင်ပြရတာပါ။ စာသင်ဆောင်တောင် မရှိသေးဘဲ ပညာရေးဌာနကို ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (ဃ)
ဒုတိယအကြိမ် သွားရောက်သြဝါဒခံခဲ့ပါတယ်။ ဥက္ကဋ္ဌဆရာတော်ကြီးမိန့်တာက“ဆရာတော်ဦးတိက္ခ ရပ်တည်ချက်မြဲပါ့မလား၊ သတိမကောင်းတော့ဘူး၊ မေးရင် မသိဘူး ဖြစ်နေတယ်၊ အဲဒါပြဿနာပဲ” “ရွှေဆံနွယ်ထံမှ ဝီရသူဆီရောက်၊ အဲဒါ ဂွကျတာပဲ” “ဦးတိက္ခ ဦးစီးတည်ထောင်တယ်ဆိုပြီး လက်သီးလက်မောင်းတန်းတာက ဝီရသူဖြစ်နေတယ်။ ကိုယ်ဖြစ်ချင်တာ အေးအေးဆေးဆေးကြံပြီး လုပ်ရမှာ” ဆိုတာတွေပါပဲ။ဥက္ကဋ္ဌဆရာတော်ကြီးစကားအရ မြေကွက်က ရွှေဆံနွယ်ဆရာတော်ထံမှ ဝါခင်းကုန်းဆရာတော်ကြီးထံ ရောက်ရင် ပြီးစီးသွားပါပြီ။ ဝါခင်းကုန်းဆရာတော်ထံမရောက်ဘဲ ဝီရသူထံရောက်တာကို ပြဿနာလို့ ပြောတာကို ထောက်ရင် ပုဂ္ဂိုလ်ရေး အမြင်မကြည်မှုကြောင့် ချမပေးတာ ထင်ရှားသွားပါပြီ။မဟော်သဓာကျောင်းနဲ့ပတ်သက်လို့ ဝီရသူတစ်ခါမှ လက်သီးလက်မောင်း မတန်းသေးပါဘူး။ 25.11.2018 ရက်နေ့မှာပြုလုပ်တဲ့ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (ဂ)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) တိုင်းဥက္ကဋ္ဌဆရာတော်ကြီး ကျောက်ချောရွာမှအပြန် ကြားရတာလေးတစ်ခု ရှိပါသေးတယ်။ ဝီရသူကပဲ ပညာရေးကိုဗန်းပြပြီး နိုင်ငံရေးလုပ်နေသလိုလို အစိုးရကို နိုင်ငံရေးအရ တိုက်ခိုက်ချင်လို့ မန်းမဟော်သဓာကျောင်း တော်ကြီးကို အဆောက်ပြနေသလိုလို ဆိုတာပါပဲ။ ဂျင်းထည့်ကျွမ်းတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆရာတော်တွေကို ဂျင်းထည့်သွားကြတာလေးပါ။ မန်းဟော်သဓာနဲ့ပတ်သက်ပြီး ဝီရသူအမည်ကို လုံးဝ မသုံးခဲ့ပါဘူး။ ဦးမျိုးမြင့်ဦး နာမည်နဲ့တင်ပြီး ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီးရဲ့ ထောက်ခံစာနဲ့ပဲ တင်ခဲ့တာပါ။ စိတ်ရှည်ရှည်နဲ့ သည်းခံ စောင့်ဆိုင်းခဲ့တာလည်း ၂ နှစ်ပြည့်ပါတော့မယ်နော်။ ဒါဆိုရင် ပညာရေးကို ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် မန္တလေးမြို့၊ မန်းမြို့ဈေး၊ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (ရွှေမန်းမေ အထည်ဆိုင်) မိသားစုမှ ပညာရေးပဒေသာပင် ၂၀၀၀၀၀၀ိ (သိန်းနှစ်ဆယ်)ကျပ် လှူဒါန်းပါသည်။ (9.11.2019) အလှူရှင် ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (ရွှေမန်းမေ အထည်ဆိုင်)မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းအသူတောင်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “မုဒိတာရပ်ဝန်း – ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၄၅)” စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် မန္တလေးမြို့၊ မန်းမြို့ဈေး၊ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (ရွှေမန်းမေ အထည်ဆိုင်) မိသားစုမှ ...