Daily Archives: April 19, 2020

သတင်း

“မစိုးရိမ်တိုက်သစ် သံဃာတော်များအတွက် Mask အလှူတော်”

17.4.2020 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ သံဃာတော်များအတွက်မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈လမ်းနှင့် ၇၃×၇၄လမ်းကြား၊ မစောယုလှိုင်၊ မခင်မျိုးမြင့် (SY- Collection Uf Tu Date Taylor Shop) မိသားစုမှ Mask များ လာရောက်လှူဒါန်းသွားပါတယ်။ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းခြင်းဖြစ်ပြီး ကျောင်းဘုန်းကြီး ဦးကုဏ္ဍလမှ လက်ခံကာ ကျောင်းတိုက်ရှိသံဃာတော်များအား ပြန်လည်ဝေငှလှူဒါန်းပါတယ်။ အလှူရှင်များ ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “မစိုးရိမျတိုက်သစ် သံဃာတော်များအတွက် Mask အလှူတော်” 17.4.2020 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ဒ)

“သတင်းသမားက စစ်ထောက်လှမ်းရေးဝင်လုပ်နေ” မီဒီယာတွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံကြီးက မေးခွန်းထုတ်ခဲ့ဖူးသေးတယ်။ “မီဒီယာတွေ ဘယ်ကငွေကြေးနဲ့ လည်ပတ်နေတာလဲ”တဲ့။ မြွေမြွေချင်း ခြေမြင်လို့ ဟန့်လိုက်တာနေမှာပေါ့နော်။ ဟိုတလောက Eleven Media Group ရေးသားတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ “သတင်းသမားတွေက အလှူခံပုဂ္ဂိုလ်တွေလား၊ မီဒီယာတွေက အလှူခံအဖွဲ့အစည်းတွေလား”ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာပါ။ အမေရိကန်ဒေါ်လာ ၂၅သန်းတန် စီမံကိန်းအတွက် ရွေးချယ်ခံရတဲ့အဖွဲ့သုံးဖွဲ့ထဲမှာ မြန်မာနောင်းပါဝင်နေပါတယ်။ အစွန်းထွက်လေးနဲ့တင် စားမကုန်အောင် ချမ်းသာနေပါပြီ။ အဲဒီငွေတွေယူထားတာကို ပြည်သူတွေမသိအောင် ဖုန်းကွယ်လိုတဲ့သဘောနဲ့ လိုင်းပေါ်မှာ အလှူခံပြနေတာဟာ မျက်ရည်ခြူတဲ့အနေနဲ့ ငိုပြတာလားကွာ။ အဲဒီငွေတွေရလို့ ရခိုင်မကောင်းကြောင်း၊ ဘုန်းကြီးမကောင်းကြောင်း၊ ...