Daily Archives: April 22, 2020

Uncategorized

အာဃာတဖြေဖျောက်နည်း

(ပံသုကူလိကနည်း)ဝစီကံတစ်ပိုင်းသာ စင်ကြယ်ရာ၊ ပံသုကူအဝတ်ပမာ၊ကောင်းရာကိုသာ ဖြတ်ယူပါ၊ ကောင်းရာကိုသာ နှလုံးသွင်းပါ။ (သေဝါလပဏကနည်း)ကာယကံတစ်ပိုင်းသာ စင်ကြယ်ရာ၊ ရေညှိရေကန်ဥပမာ၊ရေကြည်ကိုသာ သောက်သုံးပါ၊ ကောင်းကွက်ကိုသာ နှလုံးသွင်းပါ။ (ဂေါပီတကနည်း)ကိုယ်နှုတ်မူရာ မစင်ကြယ်ရာ၊ နွားခြေခွက်ရေဥပမာ၊လေးဘက်ထောက်ကာ ရေသောက်ပါ၊ စိတ်ကြည်လင်ရာ နှလုံးသွင်းပါ။ (ဗာနွဂိလာနနည်း)ကံသုံးပါးမှာ မစင်ကြယ်ရာ၊ ခရီးသွားလူနာဥပမာ၊ကရုဏာထားကာ ကူညီပါ၊ ကရုဏာထားကာ နှလုံးသွင်းပါ။ (သီတောဒကနည်း)ကံအားလုံးမှာ စင်ကြယ်ရာ၊ ရေကောင်းရေကြည်ဥပမာ၊စိတ်တိုင်းကျသာ သုံးဆောင်ပါ၊ စိတ်တိုင်းကျသာ နှလုံးသွင်းပါ။ (အင်္ဂုတ်တိုရ်၊ပဉ်စကနိပ်တ်၊ဒုတိယအာဃာတပဋိဝိနယသုတ်) ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-ဝီရသူ(မစိုးရိမ်) ဟောကြားတော်အပ်သောမေတ္တာစေတောဝိမုတ္တိ “မေတ္တာသည်သာ လွတ်မြောက်ရာ” တရားတော် (အမှတ်-၉) အာဃာတဖြေဖျောက်နည်း (ပံသုကူလိကနည်း)ဝစီကံတစ်ပိုင်းသာ စင်ကြယ်ရာ၊ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ဋ/နိဂုံး)

“ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေကွာ” ကိုဆွေဝင်းသွားနေတဲ့ လမ်းကြောင်းကလည်း အတိုင်ပင်ခံလမ်းကြောင်းကြီးလိုပဲ တရားရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းနေတာ တွေ့ရတယ်။ အတိုင်ပင်ခံကြီးကြည့်ပါ့လား ICJအမှုမှာတရားရေးကို နိုင်ငံရေးနည်းနဲ့ သွားဖြေရှင်းလိုက်တာ ဖောင်းဘောတွေ မိသွားပါလေရော။ သာဝန်ကိုစာထုတ်ခိုင်းရတာနဲ့၊ ဥပဒေချုပ်ထိ သဘောလားမှတ်ချက်တက်ယူရတာနဲ့၊ အီးယူဥက္ကဋ္ဌကိုယ်တိုင်တရားရုံးကြားနာပွဲ လာရောက်နားထောင်မယ် သတင်းလွှင့်ရတာနဲ့၊ အရပ်ဘက်အဖွဲ့အစည်းတွေ ကြေညာချက်ထုတ်ရတာနဲ့ စုံနေတာကိုကြည့်ရင် ကိုဆွေဝင်းလည်း ရာဇဝတ်မှုကို တရားရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီး အမှုကို အစဖျောက်ဖို့ ကြံစည်နေသလား အောက်မေ့ရတယ်နော်။ တရားလိုကို ထောင်ထဲထည့် သက်သေတွေကို လက်စားချေတားပြီး လူရှေ့သူရှေ့မှာ မခုတ်တတ်တဲ့ကြောင်ကလေးလို မျက်နှာငယ်လေးနဲ့ ...