Daily Archives: May 6, 2020

သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၅)

“အနားယူကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) နေ့ဆွမ်းစားပြီး၍ သဟာယကျောင်းသို့ ပြန်ရောက်သည်နှင့် လက်ဆေး ပါးစပ်ဆေး သွားတိုက် ခံတွင်းသန့်ရှင်းရေးလုပ်ပါသည်။ မနက်ပိုင်း လုပ်လက်စအလုပ်များကို လက်စသပ်ပါသည်။အွန်လိုင်းအတွက် သတင်းရေးခြင်း၊ ဆောင်းပါးရေးခြင်း၊ အချက်အလက်ရှာခြင်းများ ပြုလုပ်ပါသည်။နေ့ဆွမ်းစားပြီး ချက်ချင်းကျိန်းစက်အနားယူခြင်းမျိုး မရှိပါ။ အမျိုးသားရေးအတွက် အချိန်ပေးရပါသည်။ပုံမှန်အားဖြင့် မွန်းလွဲ ၁း၃၀နာရီမှ ၂း၀၀နာရီအတွင်း အိပ်ရာဝင်ပါသည်။ နေ့ဘက်အိပ်သည့်အခါ ခေါင်းအုံးမသုံးပါ။ အိပ်ရာခင်းပေါ်မှာ တစ်ကိုယ်လုံးတပြေးညီကျောဆန့်၍ ပက်လက်အနေအထားဖြင့် အိပ်ပါသည်။ လက်နှစ်ဘက်ကို ရင်ဘတ်ပေါ်တင်၍ တရားရှုမှတ်သည့်ပုံစံမျိုးမဟုတ်ဘဲ လက်နှစ်ဘက်ကို ခါးနှင့်ကပ်လျက် အထက်အောက်ဆန့်တန်းပြီး လက်ဖဝါးများကို မှောက်ထားကာ ...
အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၆)

လက်ဆေးပြတာ မကြိုက်လို့မှ မဟုတ်တာ၊လက်ဆေးပြတာ သူ့အလုပ်မဟုတ်လို့ ပြောကြတာ။ ကျန်းမာရေး Talk show တွေ မကြိုက်လို့မှ မဟုတ်တာ၊ဆရာဝန်မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးအလုပ် ဝင်လုပ်နေလို့ ပြောကြတာ။ ကိုဗစ်သတင်းထုတ်ပြန်ပေးတာ မကြိုက်လို့မှ မဟုတ်တာ၊ပြန်ကြားရေးဝန်ကြီးမဟုတ်ဘဲ ပြန်ကြားရေးဝင်လုပ်နေလို့ ပြောကြတာ။ လူနာတွေနဲ့ ဗွီဒီယိုချက်တာ မကြိုက်လို့မှ မဟုတ်တာ၊သတင်းသမားမဟုတ်ဘဲ အင်တာဗျူးဝင်လုပ်နေလို့ ပြောကြတာ။ ပရဟိတဦးဆောင်နေတာ မကြိုက်လို့မှ မဟုတ်တာ၊နေရာတကာ လူစွာလုပ်ရင်း တိုင်းပြည်မွဲပြာကျလာနေလို့ ပြောကြတာ။ အခုအချိန်ထိ ကိုယ့်နေရာကိုယ်မသိ၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ နေရာတကာဝင်ရှုပ်နေတာတွေဟာ နိုင်ငံ့ခေါင်းဆောင်ကောင်း ဟုတ် မဟုတ်၊ ဒီမိုကရေစီကျင့်ဝတ်နှင့် ညီ ...