Daily Archives: May 10, 2020

အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၈)

ဗဟိုကော်မတီဥက္ကဋ္ဌရာထူး မယူစေချင်လို့မှ မဟုတ်တာ၊ဗဟိုကော်မတီဥက္ကဋ္ဌရာထူးယူထားပြီး အစည်းအဝေးထိုင်ခြင်းလည်း မရှိ၊ စီမံကွပ်ကဲမှုလည်း မလုပ်၊ ရေတိုရေရှည်စီမံကိန်းတွေလည်း ချမပြနိုင်ဘဲ လိုင်းပေါ်လော်ပိုင်းနေလို့ ပြောကြတာ။ Mask ချုပ်ပြိုင်ပွဲ မလိုအပ်လို့ ပြောကြတာမှ မဟုတ်တာ၊တာဝန်အကြီးကြီးယူထားပြီး မဖြစ်စလောက်အလုပ်ကလေးတွေနဲ့ပဲ လိုင်းပေါ်မှာ ပျော်မွေ့နေလို့ ပြောကြတာ။ အခန်းထဲမှာ ဇိမ်ခံနေတာ မနာလိုလို့မှ မဟုတ်တာ၊“ပြည်သူနှင့်အတူ”ဆိုင်းဘုတ်ကိုင်စွဲထားတဲ့ ပြည်သူ့အစိုးရခေါင်းဆောင်ကြီးကို ပြည်သူ့ဘဝထဲ ဝင်ကြည့်စေချင်လို့ ပြောကြတာ။ ရောဂါပိုးကူးစက်စေချင်လို့ ရပ်ထဲရွာထဲ ဆင်းခိုင်းနေတာမှ မဟုတ်တာ၊PPEဝတ်စုံပြည့်ဝတ်ဆင်ပြီး အကာအကွယ်ယူလို့ ရနိုင်ရဲ့သားနဲ့ လုံးဝထွက်မလာလို့ ပြောကြတာ။ အဖွားအိုတစ်ယောက်ကို မစာနာလို့ ပြောကြတာမှ မဟုတ်တာ၊သေနတ်ပြောင်းဝကို ...
သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၆)

“ညနေစာဝါနှင့် အာဖရိကငါးခူစာအုပ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) နေ့လည် အိပ်ရာထပြီးသည့်အခါ ညနေစာဝါရှိလျှင် စာဝါချဖို့ စာကြည့်ပါသည်။ ညနေစာဝါမရှိဘဲ ညမှ စာဝါချရမည်ဆိုလျှင် အမျိုးသားရေးလုပ်ငန်းများ လုပ်ဆောင်ပါသည်။ ညနေစာဝါသည် စာသင်တန်းစာဝါဖြစ်ပြီး ညစာဝါသည် အကြီးတန်းစာဝါဖြစ်ပါသည်။ စာသင်တန်းသံဃာများအား ဋီကာကျော်စာဝါ ပို့ချရပြီး အကြီးတန်းသံဃာများအား ပဋ္ဌာန်းစာဝါ ပို့ချရပါသည်။ ဋီကာကျော်စာဝါပို့ချရာ၌ ကျမ်းရင်းဖြစ်သော သဂြုင်္ိဟ်သရုပ်ခွဲနှင့် အဓိပ္ပါယ်ကို အခြေခံကျစွာ ရှင်းပြပြီးမှ ဋီကာကျော် မဏိမဉ္ဇူ စသော အဖွင့်ကျမ်းများကို ဖတ်ပြ ရှင်းပြကာ စာလုပ်နည်းများလည်း စပ်မိလျှင် စပ်မိသလို ...