Daily Archives: July 12, 2020

မုဒိတာရပ်ဝန်းသတင်း


2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်း စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်နိုင်ရန်မန္တလေးမြို့၊ ဦးဝင်းထွဋ်+ဒေါ်မြ့ရီခိုင် မိသားစုမှ အလှူငွေ ၅၀၀၀၀ိ(ငါးသောင်းကျပ်)၊မြိုင်မြို့၊ ဦးအောင်ခိုင်+ဒေါ်ထွေးရီ မိသားစုမှ အလှူငွေ ၁၀၀၀၀ိ(တစ်သောင်းကျပ်) လှူဒါန်းပါသည်။ (12.7.2020) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “2020 မစိုးရိမ်တိုက်သစ် စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော် (၂၃)” 2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မူလတန်း၊ ပထမငယ်တန်း၊ ...
သတင်း

“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ (စတုတ္ထနေ့)”

12.7.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။မစိုးရိမ်တိုက်သစ် အစိုးရဓမ္မာစရိယတန်းစာမေးပွဲ သီလက္ခန်ဘာသာရပ်(ဒုတိယနေ့)ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ရှမ်းခေါက်ဆွဲ ကပ်လှူတာဖြစ်ပါတယ်။၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေကြောင့် အစိုးရ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ 23.4.2020နေ့ တစ်ရက်သာဖြေဆိုပြီး ခေတ္တရပ်ဆိုင်းလာခဲ့ရာမှ 10.7.2020နေ့မှာ ပြန်လည်စတင်ဖြေဆိုရတာဖြစ်ပါတယ်။ စာဖြေသံဃာအရုဏ်ဆွမ်းသည် ဆရာတော်ဦးဝီရသူ စာသင်သားဘဝကတည်းက ကပ်လှူလာခဲ့တဲ့ ဆွမ်းအလှူတော်ဖြစ်ပါတယ်။ဒီအရုဏ်ဆွမ်းအလှူ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို 7.3.2020 ရက်နေ့မှာ ဆရာတော်က “သံဃာကျေးဇူး ခံစားဖူးစေ” ဆောင်းပါးဖြင့် ...