Daily Archives: July 15, 2020

ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆) “တစ်ကိုယ်ရေ သန့်ရှင်းမှု” စာရေးသူသည် နိုင်ငံခြားသားများ၏ လူနေမှု အဆင့်အတန်းကို အထင်ကြီးပါသည်။ အထူးသဖြင့် အနောက်တိုင်းသားတို့၏ လူနေမှုအဆင့်အတန်းကို အထင်ကြီးခြင်း ဖြစ်၏။ သူတို့နှင့် ယှဉ်လိုက်လျှင် မိမိလူမျိုးများ လူနေမှုအဆင့်အတန်း နိမ့်ကျနေပေသည်။ စိတ်မကောင်းပါ။ သူများတွေက အိမ်သာကို အိမ်ဦးခန်းနှင့် ဧည့်ခန်းအလား သန့်ရှင်းသပ်ရပ်စွာ တစ်ခမ်းတစ်နား ပြင်ဆင်ထားကြချိန်မှာ စာရေးသူတို့ လူမျိုးကား တောထိုင်ဓလေ့ ကျင့်သုံးနေဆဲ ဖြစ်ပါသည်။ အိမ်တိုင်းမှာ ယင်လုံအိမ်သာ ထားရှိရေးနှင့် လူတိုင်းရေလောင်းအိမ်သာ သုံးစွဲတတ်ရေးအတွက် အမြဲတမ်း ...
Uncategorizedသတင်း

“ ရွှေမျက်စဉ်း၏ ထူးခြားသည့်လက္ခဏာများ” (၂)

ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာတစ်ခုမှာ မျက်ရည်ပူကျခြင်းပင် ဖြစ်ပါသည်။ မျက်ရည်ပူများစွာကျသူနှင့် မကျသူသာ ကွဲပြားတတ်ပြီး မျက်ရည်ပူကျခြင်းလက္ခဏာကား တူညီနေတတ်ပါသည်။ မျက်စဉ်းခတ်စမှာ မျက်ရည်ပူကျတတ်ကာ မျက်ရည်ပူကျပြီးသည့်အခါ အမြင်ကြည်လင်ပြတ်သားလာခြင်း၊ ပေါ့ပါးလန်းဆန်းလာခြင်း၊ ကြည့်ရရှုရ ပိုကောင်းလာခြင်းစသော စက္ခုသုခ (မျက်လုံးဆိုင်ရာချမ်းသာခြင်းအရသာ)ကို ခံစားရတတ်ပါသည်။ ညအခါမျက်စဉ်းခတ်လျှင် မျက်ရည်ပူမကျဘဲ မနက်အိပ်ရာထမှ မျက်ရည်ပူများ အလိုအလျှောက် စီးကျလာသည်လည်း ရှိပါသည်။ ထိုအခါ တစ်နေ့လုံးနေသာထိုင်သာရှိကာ ကြည့်ရရှုရသည်မှာ ပို၍ အဆင်ပြေလာတတ်ပါသည်။ အိပ်ရာဝင်တိုင်း ခတ်အိပ်လျှင် ပို၍သိသာကာ မျက်စဉ်းအရသာကို ပို၍ခံစားရမည် ဖြစ်ပါသည်။ အခြားအချိန်များမှာ မျက်စဉ်းမခတ်ကောင်းခြင်း မဟုတ်ပါ။ ...
သတင်း

“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ (သတ္တမနေ့)”

15.7.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။မစိုးရိမ်တိုက်သစ် အစိုးရပထမပြန်စာမေးပွဲ ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ပေါင်မုန့်ကြက်ဥကြော်နှင့် နှပ်ကော်ဖီ ကပ်လှူတာဖြစ်ပါတယ်။ ၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေကြောင့် အစိုးရ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ 23.4.2020နေ့ တစ်ရက်သာဖြေဆိုပြီး ခေတ္တရပ်ဆိုင်းလာခဲ့ရာမှ 10.7.2020နေ့မှာ ပြန်လည်စတင်ဖြေဆိုရတာဖြစ်ပါတယ်။ စာဖြေသံဃာအရုဏ်ဆွမ်းသည် ဆရာတော်ဦးဝီရသူ စာသင်သားဘဝကတည်းက ကပ်လှူလာခဲ့တဲ့ ဆွမ်းအလှူတော်ဖြစ်ပါတယ်။ဒီအရုဏ်ဆွမ်းအလှူ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို 7.3.2020 ရက်နေ့မှာ ဆရာတော်က “သံဃာကျေးဇူး ...