Daily Archives: July 16, 2020

သတင်း

“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ (အဋ္ဌမနေ့)”

16.7.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။မစိုးရိမ်တိုက်သစ် အစိုးရပထမပြန်စာမေးပွဲ ဒုတိယနေ့ ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ထမင်းကြော်နှင့် ငရုပ်သီးကြော် ကပ်လှူတာဖြစ်ပါတယ်။ ၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေကြောင့် အစိုးရ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ 23.4.2020နေ့ တစ်ရက်သာဖြေဆိုပြီး ခေတ္တရပ်ဆိုင်းလာခဲ့ရာမှ 10.7.2020နေ့မှာ ပြန်လည်စတင်ဖြေဆိုရတာဖြစ်ပါတယ်။ စာဖြေသံဃာအရုဏ်ဆွမ်းသည် ဆရာတော်ဦးဝီရသူ စာသင်သားဘဝကတည်းက ကပ်လှူလာခဲ့တဲ့ ဆွမ်းအလှူတော်ဖြစ်ပါတယ်။ဒီအရုဏ်ဆွမ်းအလှူ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို 7.3.2020 ရက်နေ့မှာ ဆရာတော်က ...
Uncategorizedသတင်း

“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ မန်းမဘသမှ မော်တော်ယဉ်တစ်စီးနှင့် အလှူငွေများ ပစ္စည်းများ လှူဒါန်း”

စစ်ကိုင်း နိုဝင်ဘာ ၄အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန်္တလေးတိုင်းဒေသကြီးမှ ဦးဆောင်ဆရာတော်များ၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများက မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်ရှိ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတွင် နိုဝင်ဘာ ၄ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။ အခမ်းအနားသို့ မန်းမဘသ သြ၀ါဒါစရိယဆရာတော် ဘဒ္ဒန္တ၀ိစာရ၊ မန်းမဘသအတွင်းရေးမှူးချုပ် ဆရာတော်ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော် ဘဒ္ဒန္တပညာသာမိ (သာသနပါလ)၊ မင်းကွန်း ပုထိုးတော်ကြီး ပညာရေး ...