Daily Archives: July 21, 2020

သတင်း

“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ (တေရသမနေ့)”

21.7.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။မစိုးရိမ်တိုက်သစ် အစိုးရပထမပြန်စာမေးပွဲ ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ကြက်ဥ ကြာဇံကြော်ဆွမ်း ကပ်လှူတာဖြစ်ပါတယ်။စာဖြေသံဃာအရုဏ်ဆွမ်းအတွက် သုံးသိန်းကျပ်အလှူရှင်ဖြစ်တဲ့ မန္တလေးမြို့၊ ဦးပေါများ+ဒေါ်ခင်မြကြင် (လှချစ်သောင်း) မိသားစုမှ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကုသိုလ်ယူကာ အချိုပွဲအဖြစ် စပျစ်သီးများ လှူဒါန်းပါတယ်။ ၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေကြောင့် အစိုးရ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ 23.4.2020နေ့ တစ်ရက်သာဖြေဆိုပြီး ခေတ္တရပ်ဆိုင်းလာခဲ့ရာမှ 10.7.2020နေ့မှာ ပြန်လည်စတင်ဖြေဆိုရတာဖြစ်ပါတယ်။ စာဖြေသံဃာအရုဏ်ဆွမ်းသည် ...
မုဒိတာရပ်ဝန်းသတင်း


2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်း စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်နိုင်ရန်မန္တလေးမြို့၊ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ(ရွှေမန်းမေအထည်ဆိုင်) မိသားစုမှ အလှူငွေ ၂၀၀၀၀ိ (နှစ်သောင်းကျပ်)၊မန္တလေးမြို့၊ မခိုင်ဇာဖြိုး (နဂါးနီစုဘူးအင်း) မိသားစုမှ အလှူငွေ ၁၀၀၀၀ိ(တစ်သောင်းကျပ်) လှူဒါန်းပါသည်။ (18.7.2020) အလှူရှင် မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “2020 မစိုးရိမ်တိုက်သစ် စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော် (၃၀)” 2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ ...