Daily Archives: August 20, 2020

Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀)

“ ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) စာရေးသူသည် ငယ်စဉ်ကတည်းက သေနာသနဝတ် (ကျောင်းသန့်ရှင်းရေးကုသိုလ်)မြဲသူ ဖြစ်ပါသည်။ အခိုက်အတန့်သာ နေထိုင်ရသည့်ကျောင်း ဖြစ်စေကာမူ သန့်ရှင်းရေးဝတ်မပျက်ခဲ့ပါ။ တံမြက်စည်းလှည်းခြင်းအလုပ်ကို အမြဲလုပ်ပါသည်။ စာကျက်ရင်း ကြမ်းတိုက်ပါသည်။ သင်္ကန်းစုတ်ကို ခြေနှစ်ဖက်ဖြင့်နင်းထားပြီး တစ်လှမ်းချင်း ပွတ်ဆွဲလမ်းလျှောက်ကာ စာကျက်ခြင်း စာပြန်ခြင်းအလုပ်ကို လုပ်လေ့ရှိပါသည်။ ချောမွေ့ပြောင်လက်လာသော ကြမ်းခင်းများကိုကြည့်၍ ဓမ္မပီတိဖြစ်ရသလို မိမိမရောက်ခင်နှင့် မိမိရောက်ပြီး မကြာမီကာလတို့ကို ပြန်လည်သုံးသပ်ကြည့်မိသည့်အခါတိုင်းမှာလည်း အားရကျေနပ်မှု ရရှိခဲ့သည်သာ ဖြစ်ပါသည်။ယုတ်စွအဆုံး ညအိပ်ညနေ တရားဟောကြွရသည့်အခါမျိုးမှာပင် တဒင်္ဂတည်းခိုရာကျောင်းကို ကိုယ်တိုင်ကြမ်းတိုက်ခဲ့ပါသည်။ တပည့်များက ...