Daily Archives: September 26, 2020

Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃)

“ပြုပြင်သင့်သော အားနည်းချက်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) ဘုရားမှတပါး မမှားသူမရှိဟု ဆိုကြသည်။ ရှင်သာရိပုတ်မထေရ်ကြီး ယောဂီနှင့်လိုက်ဖက်သည့် ကမ္မဋ္ဌာန်းမပေးမိ၍ ဘုရားကပြုပြင်ပေးရသည့်ဖြစ်ရပ် (တိတ္ထဇာတ်တော်)ကို သာဓကပြုပုံရပေသည်။မမှားသူဟူ၍ ‘ဘုရားရဟန္တာပဲရှိတယ်’ဟုလည်း ဆိုကြပြန်ပါသည်။ သာရိပုတ်မထေရ်ကြီးကား နည်းလမ်းလွဲခြင်းသာဖြစ်သည်။ အမှားကျူးလွန်ခြင်းမဟုတ်။ စရိုက်နှင့်အကြိုက် တည့်အောင်မပေးနိုင်သည်သာ ဖြစ်သည်။ တစ်စုံတရာအမှားကျူးလွန်ခြင်း မဟုတ်၊ စရိုက်နှင့်အကြိုက် အံဝင်ခွင်ကျရေးသည် ဘုရားအရာဖြစ်၍ ဉာဏ်မမီခြင်းသာဖြစ်သည်။ ဘုရားကဲ့သို့ပြည့်စုံသူကား မဟုတ်။ ထို့ကြောင့် ‘ဘုရား ရဟန္တာမှ အမှားကင်းတာ’ဟု ဆိုလိုပုံရပေသည်။ ပုထုဇဉ်အမှားကို ခွင့်လွှတ်နားလည်ပေးသည့်သဘောပင်။ ‘သူလည်းလေ လောကီသားပေမို့’ဟု စာနာတတ်သောစာစုနှင့်အတူပင်။ ဤသည်ကိုရှု၍ ...