Daily Archives: October 16, 2020

ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၅)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၅) “သဘာဝတန်ဖိုး” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) ————————————————- စာရေးသူသည် သဘာဝတရားကို မြတ်နိုးတတ်သူ ဖြစ်ပါသည်။ လသာသည့်ညများ၌ လျှပ်စစ်မီးရောင်မပါဘဲ လမ်းလျှောက်တတ်ပါသည်။ မစိုးရိမ်တိုက်သစ် မိန်းလမ်းမကြီးပေါ်မှာ လရောင်ခံစားရင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်တတ်ပါသည်။ လမင်းကြီးကို မကြာမကြာမော့ကြည့်ကာ မျက်လုံးအေးသည်အထိ လရောင်ခံစားလေ့ရှိပါသည်။ ညအိပ်ရာဝင်သည့်အခါ လရောင်က ခြင်ထောင်ထဲထိ ဝင်နေသည့်အခါမျိုးနှင့်ကြုံရလျှင် သို့မဟုတ် လရောင်က အခန်းထဲထိ ဝင်နေလျှင် ထိုင်၍ လရောင်ကိုခံယူပါသည်။ အိုးဘိုမှာနေရစဉ် လရောင်ငတ်သည့်ဘဝမျိုး ကြုံခဲ့ရသဖြင့် “လရောင်တမ်းချင်း”ကဗျာရှည်ကြီး ရေးစပ်ခဲ့ဖူးပါသည်။ တရားပွဲများသွားရသည့်အခါ ...