Daily Archives: November 16, 2020

ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၈)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၈) “ရှက်စရာ အမူအရာများ” ——————————- ဟိရီသြတ္တပ္ပဆိုသည့် စကားလုံးကို လူတိုင်းကြားဖူးကြပေမည်။ အရှက်အကြောက်ဟု နားလည်ထားကြပုံရ၏။ ဟိရီဆိုသည်မှာ အရှက်တရားဖြစ်၍ သြတ္တပ္ပဆိုသည်မှာ အကြောက်တရား ဖြစ်ပါသည်။ မကောင်းမှုပြုလုပ်ရမည်ကို ရှက်ရွံ့ခြင်းသည် ဟိရီဖြစ်၍ မကောင်ကျိုးခံရမည်ကို ကြောက်ရွံ့ခြင်းသည် သြတ္တပ္ပဖြစ်ပါသည်။ ၎င်းဟိရီသြတ္တပ္ပကို သဒ္ဓမ္မ(သူတော်ကောင်းတရား)ဟုလည်းကောင်း၊ လောကပါလ(ကမ္ဘာစောင့်တရား)ဟုလည်းကောင်း ခေါ်ဆိုပေသေး၏။ ဟိရီသြတ္တပ္ပဖြစ်ကြောင်းတရား များစွာရှိသော်လည်း စာရေးသူ ဘဝင်နှစ်ခြိုက် အသည်းခိုက်၍ အကြိုက်တွေ့လျက် အမြဲဆင်ခြင်နှလုံးသွင်းမိသော အချက်နှစ်ချက်မှာ အတ္တဂါရဝတာ နှင့် ပရဂါဝတာ ဖြစ်ပါသည်။ အတ္တဂါရဝတာဆိုသည်မှာ ...