Daily Archives: December 6, 2020

ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၁)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၁) “ဆရာလုပ်ခြင်းအနုပညာနှင့် ထိုးဖောက် ဖောက်ထွက်ဗျူဟာ” စာရေးသူ၌ ဆန္ဒစောခြင်း၊ ဇွတ်တရွတ်လုပ်တတ်ခြင်းစရိုက်များ ရှိသည့်အပြင် တစ်စိုက်မတ်မတ်လုပ်တတ်ခြင်း၊ ခေါင်းအေးအေးထားစဉ်းစားတတ်ခြင်းများလည်း ရှိတတ်ပါသည်။ ဇွတ်တရွတ်လုပ်တတ်ခြင်းသည် စာရေးသူ၏အားသာချက်ဖြစ်သကဲ့သို့ အားနည်းချက်လည်း ဖြစ်ပါသည်။ ယုံကြည်ရာကို ဇွတ်တရွတ်လုပ်သဖြင့် ထင်မှတ်မထားသူများ တအံ့တသြနှင့် ငေးမောယူရသည်အထိ အောင်မြင်မှုများရှိခဲ့သလို လုံးဝမအောင်မြင်ဘဲ လူမသိသူမသိ အခြေအနေမျိုးနှင့်ကြုံရကာ ဆုံးရှုံးခဲ့ရခြင်းလည်း ရှိပါသည်။ ဥပမာ- ထေရဝါဒစာအုပ်ရေးသားဖို့ ခုနစ်နှစ်ကျော်မျှ လေ့လာလိုက်စား သုတေသနပြုထားခဲ့သော်လည်း ဆရာသမားများထံ အကြံဉာဏ်တောင်းခြင်း၊ ထေရ်ကြီးဝါကြီးများထံ သြဝါဒခံခြင်း၊ ဒါယကာ ဒါယိကာမများကို ...