Daily Archives: January 16, 2021

သတင်း

ယနေ့ အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်သူများ၏ သဘောထားကြေညာချက်

ယနေ့ အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်သူများ၏ သဘောထားကြေညာချက် ******************************************* ဆန္ဒဖော်ထုတ်ပွဲမှ သံဃာသုံးပါးနဲ့ လူတစ်ဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက် ချုပ်နှောင် ဖမ်းဆီးသွားတယ်လို့ ကနဦးသိရပါတယ်။ အင်းစိန်ထောင်ရှေ့မှာတော့ စောင့်ကြည့်နေဆဲ အခြေအနေဖြစ်ပါတယ်။ #MyanmarNationalPost ဆရာတော်ဦးဝီရသူနှင့် အခြားနစ်နာနေရသောအကျဉ်းသားများအား ရုံးထုတ်စစ်ဆေးပေးရန် ဆန္ဒဖော်ထုတ် တောင်းဆိုပွဲ၏ သဘောထားကြေညာချက် ရက်စွဲ ။ ။ ၁၆-၁-၂၀၂၁ ၁။ ဆရာတော်ဝီရသူ(မစိုးရိမ်)သည် အခမ်းအနားတစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ဝေဖန်ပြောဆိုခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု့ ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခဲ့သည့်အပေါ် ၂-၁၁-၂၀၂၀ ရက်နေ့ကတည်းက ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပြီး ...
သတင်း

အင်းစိန်ထောင်မှ ဆရာတော်ဦးဝီရသူ တရားဝင်ရေးသားပေးပို့သည့် စာ

#အးင်းစိန်ထောင်မှ ဆရာတော်ဦးဝီရသူ တရားဝင်ရေးသားပေးပို့သည့် စာ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နာယကဆရာတော် ဦးကေသရ နောင်တော်ကြီးဘုရားနှင့်အတူ အဖွဲ့ဝင်ညီတော်များထံသို့ ၂၆-၁၂-၂၀၂၀ ရိက္ခာပို့ရင်းအပ်နှံခဲ့သော စာများအားလုံး ၂၅-၁၂-၂၀၂၀ ရက်မှာ ဖတ်ရပါသည်။ ဝီရဝံသအဖွဲ့၏ ဆောင်ရွက်ချက်အားလုံး အားရကျေနပ်စရာတွေပါဘုရား။ ကျေးဇူးလည်းတင် ဦးလည်းတင် သာဓုလည်းခေါ် မေတ္တာလည်း ပို့သနေပါသည်ဘုရား။ အလှူရှင်စာရင်းများ ပေးပို့ဖို့ထပ်မံကြုံလာပါက အနည်းအကျဉ်းစီသာခွဲ၍ ပို့တော်မူပါဘုရား။သာသနာရေးဆောင်ရွက်ချက်ရယ်လို့ မည်မည်ရရမရှိပါဘဲ ထိုင်စားနေရသလို ဖြစ်နေလို့ လိပ်ပြာမသန့်တာနဲ့ မေတ္တာအနှံ့ဖြန့်ကြက်ရာတွင် အာရုံယူလို့ကောင်းအောင် တောင်းခံလိုက်ခြင်းဖြစ်ပါတယ်ဘုရား။ အဖွဲ့သားအားလုံးကိုလည်း ယုံကြည်စိတ်ချ လေးစားအားထားလျက်ပါဘုရား။ အလှူရှင်စာရင်းဖတ်ရလို့ ဝမ်းသာဝမ်းနည်းဖြစ်ရသလို ရိက္ခာပို့ရုံတင်မဟုတ်ဘဲ ...
သတင်း

ဦးဝီရသူကိစ္စ အင်းစိန်ထောင်ဘူးဝမှာ ဆန္ဒပြတဲ့ သံဃာအချို့ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်​ဖမ်းဆီး

ဦးဝီရသူကိစ္စ အင်းစိန်ထောင်ဘူးဝမှာ ဆန္ဒပြတဲ့ သံဃာအချို့ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်​ဖမ်းဆီး ယနေ့ မနက် ဦးဝီရသူ ကိစ္စ အင်းစိန်ထောင်ဘူးဝ မှာ ဆန္ဒပြတဲ့ သံဃာ အချို့ ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်​ ဝင်​​ရောက်​ ဖမ်းဆီးလိုက်​ပါတယ်​။ ကား​ပေါ်ကို အတင်းချုပ်​​နှောင်​ ဖမ်းဆီး​ခေါ်​ဆောင်​ သွား​ပေမဲ့ ဘယ်​​နေရာ ဘယ်​ဌာနကို ဖမ်းဆီးသွားတယ်​ ဆိုတာကိုအတိအကျ မသိရ​သေးသလို အဖမ်းခံရတဲ့ သံဃာစာရင်း လူစာရင်းကိုလည်း အတိအကျ မသိရ​သေးပါဘူး။ ဒီပွဲကို တရားဝင်​ ခွင့်​ပြုမိန့်​တင်​ပြီး သံဃာ​တော်​​တွေနဲ့ အမျိုးသား​ရေးသမား​တွေက ကျင်းပခဲ့တာပါ။ ...
သတင်း

ဝီရဝံသအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ အလှူငွေရရှိမှု၊ သုံးစွဲမှု၊ ကျန်ရှိငွေစာရင်း

ဝီရဝံသအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ အလှူငွေရရှိမှု၊ သုံးစွဲမှု၊ ကျန်ရှိငွေစာရင်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ အလှူငွေရရှိမှု ~~~~~~~~~ ၁။ ၂-၁၁-၂၀၂၀ မှ ၃၀-၁၁-၂၀၂၀ အထိ နိုဝင်ဘာလ အလှူရရှိငွေ (အလှူရှင် အမှတ်စဉ် – ၁ မှ ၆၂ အထိ) ၅,၉၀၅,၀၀၀ိ/-(ကျပ်ငါးဆယ့်ကိုးသိန်းငါးထောင်) ၂။ ၁-၁၂-၂၀၂၀ မှ ၃၁-၁၂-၂၀၂၀ အထိ ဒီဇင်ဘာလ အလှူရရှိငွေ (အလှူရှင် အမှတ်စဉ် – ၆၃ မှ ၈၈ အထိ) (အမှတ်စဉ် ...