“စက္ခုအလင်းကျောင်းဆောင် ရေစက်ချပွဲ”
“စက္ခုအလင်းကျောင်းဆောင် ရေစက်ချပွဲ” ————————————————- စက္ခုအလင်း ကျောင်းဆောင် ရေစက်ချပွဲကို ဝါဆိုလပြည့်ကျော် ၁၅ရက် (4.8.2024) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ မန္တလေး၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊၅၃×၁၁၇လမ်း၊ လောကအလင်းကျောင်းတိုက်မှာ ကျင်းပတာပါ။ အမရပုရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ၊ သက်တော်ရှည် ဆရာတော်ကြီး အမှုးပြုသော ထေရ်ကြီးဝါကြီးဆရာတော်များ၊ သံဃာတော်များနှင့် ပရိသတ်များ တက်ရောက်ကြပါတယ်။ မနက် ၆း၀၀ နာရီမှာ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် ပါဠိများ ရွတ်ဆိုပူ ဇော်ကြပြီး အရုဏ်ဆွမ်း ဆက်ကပ်ကြပါတယ်။ သံဃာတော်များက ...
“ဝါဆိုသင်္ကန်း ဆက်ကပ် ပူဇော်ပွဲ”
“ဝါဆိုသင်္ကန်း ဆက်ကပ် ပူဇော်ပွဲ” =========။========= မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၊ ဝါဆိုတော်မူကြသော ဝါဆိုသံဃာ ၂၆၀၁ ပါးအား ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်၊ ၂၀၂၄ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့ ညနေ ၄း၀၀ နာရီမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပခြင်းဖြစ်ပြီး မဟာနယက ဆရာတော်များ၊ နာယကဆရာတော်များနှင့် သံဃာတော်များက ဝါဆိုဝါကပ်ပုံ ပါဠိတောများ ရွတ်ဆိုကာ ဝါဆိုတော်မူကြပါတယ်။ ...
“ကံထပ် မင်္ဂလာ အလှူတော်”
========။======== “ကံထပ် မင်္ဂလာ အလှူတော်” ========။======== မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက – အရှင်ဝီရသူ(မစိုးရိမ်)အား ပုနောပသမ္ပဒါအဖြစ် သိက္ခာထပ် ကံထပ်ပွဲ အခမ်းအနားကို ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည်ကျော်၁ရက် ( 21.7.2024) တနေင်္ဂတွေနေ့မှာ ကျင်းပပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက် ဇေယျာ ရွှေမြေကျောင်းမှာ ကျင်းပတာပါ။ ဝါခင်းကုန်း – ဗြဟ္မစိုရ်ဆရာတော်ကြီး၊ ပုသိမ်ကြီးမြို့နယ် ကျောက်ချောဆရာတော်ကြီး၊ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။ ...
“ရွှေအိမ်ထာဝရ အနုဂါမိက အလှူတော်”
“ရွှေအိမ်ထာဝရ အနုဂါမိက အလှူတော်” =============။============== နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ ရွှေအိမ်(စတိုး)ပိုင်ရှင် ဦးတင်မောင်ဝင်း+ ဒေါ်ဌေး မိသားစုနေအိမ်၌ ကျင်းပပါတယ်။ မောင်အေးကို+မဝင်းဝင်းနွယ် မင်္ဂလာဆွမ်းကပ်တဲ့ ဝါဆိုလ္ဆန်း၁၄ရက်(19.7.2024) ရက် သောကြာနေ့မှာပဲ ကျင်းပတာပါ။ မင်္ဂလာဇနီးမောင်နှံရဲ့ မင်္ဂလာဆွမ်းကပ် အထိမ်းအမှတ်နဲ့ လှူဒါန်းခြင်းဖြစ်ပါတယ်။ အလှူစာရင်းကတော့ ပေ၄၀×၆၀ မြေကွက်တစ်ကွက် (တစ်ထပ်တိုက်အိမ်တစ်လုံးအပါ) အိမ်ခြံမြေနဲ့ ပေ၄၀×၆၀ မြေကွက်နှစ်ကွက်တွဲ (တစ်ထပ်တိုက်အိမ်၊ နှစ်ထပ်တိုက်အိမ်တစ်လုံးစီအပါ) အိမ်ခြံမြေဖြစ်ပါတယ်။ တစ်ထပ်တိုက်အိမ် ပါဝင်တဲ့ အိမ်ခြံမြေတစ်ကွက်ကို ...
မင်္ဂလာဆွမ်း အနုမောဒနာ တရားတော်
———————-။———————- မင်္ဂလာဆွမ်း အနုမောဒနာ တရားတော် ———————-။———————- မောင်အေးကို+မဝင်းဝင်းနွယ်တို့ရဲ့ မင်္ဂလာဆွမ်းကပ်ပွဲပါ။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ ရွှေအိမ်စတိုးဆိုင်မှာ ကျင်းပပါတယ်။ ၁၃၈၆ခုနှစ် ဝါဆိုလဆန်း ၁၄ရက်၊ (19.7.2024) ရက်နေ့မှာ ကျင်းပတာပါ။ မင်္ဂလာဆွမ်းကပ်ပွဲမှာ ရန်ကုန်၊ မန္တလေး၊ ဖြုး၊ ရေတာရှည်၊ တောင်ငူ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ မိတ္ထီလာ၊ ကျောက်ဆည်နှင့် နေပြည်တော်ရှစ်မြို့နယ်မှ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ တက်ရောက်ကြပါတယ်။ ပျော်ဘွယ်မြို့မှ ထေရ်ကြီး ...
ဆရာတော် ဦးဝီရသူ(မစိုးရိမ်) ၅၆ နှစ်ပြည့်မွေးနေ့ စုပေါင်းသွေးလှူဒါန်းပွဲ(မန္တလေး)
ဆရာတော် ဦးဝီရသူ(မစိုးရိမ်) ၅၆ နှစ်ပြည့်မွေးနေ့ စုပေါင်းသွေးလှူဒါန်းပွဲ(မန္တလေး)
‘ဒါနဥပပါရမီကုသိုလ်ရှင်များအတွက်
ဒါနပါရမီကုသိုလ်ရှင်များ’ ‘ဒါနဥပပါရမီကုသိုလ်ရှင်များအတွက် ဒါနပါရမီကုသိုလ်ရှင်များ’ ————————————————————— မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော်၅၆နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျဉ်းပပြုလုပ်သော ပါရမီပျိုးခင်းသွေးလှူရှင်များ အသင်းကြီး၏ (၂၇) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယ္ခုလ ၂၆ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံနှင့် ခုတင်၃၀၀ ဆေးရုံတို့၌ တစ်ပြိုင်နက် ကျဉ်းပခဲ့ပါသည်။ ထိုသွေးလှူဒါန်းပွဲ၌ သွေးလှူရှင်များအား လက်ဆောင်ပစ္စည်းပေးလှူခြင်း၊ ထမင်းနှင့်ရေဘူးများ၊ အားဆေးနှင့် အအေးဘူးများပေးလှူခြင်း၊ သွေးလှူရှင် မိသားစုများအား ဧည့်ခံကျွေးမွေးခြင်း၊ မော်တော်ယဉ်များ၊ စက်လှေများ၊ ဆိုင်ကယ်များဖြင့် လာရောက် ...
“မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ အောင်မြင်စွာပြီးစီး”
“မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ အောင်မြင်စွာပြီးစီး” မန္တလေး၊ ဇွန်၊ ၂၆ရက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနု ဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် ၅၆နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲကြီးကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့များ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။ ရန်ကုန်သွေးလှူဒါန်းပွဲကို မွေးနေ့ပွဲအကြိုအဖြစ် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)၊ တပ်မတော် ဆေးရုံ ခုတင် ၁၀၀၀၌ ယ္ခုလ-၂၃ရက်နေ့ကလည်းကောင်း၊ မန္တလေးနှင့် မိတ္ထီလာမြို့တို့၌ ...
“စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပမည်”
“စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပမည်” ——————————————- မန္တလေး – ဇွန် – ၁၅ ရက် ပါရမီပျိုးခင်း သွေးလှူအသင်းကြီး၏ ၂၇ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယ္ခု ၂၆ရက်နေ့(နယုန်လပြည့်ကျော်၅ရက်နေ့)၌ ကျင်းပမည်ဖြစ်သည်။ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော် ၅၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အဆိုပါသွေးလှူဒါန်းပွဲကြီးကို ဆေးရုံကြီး၊ ဗဟိုအမျိုးသ္မီးဆေးရုံ၊ အရိုးအထူးကုဆေးရုံတို့၌ တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်ကြောင်း – ရဟန်းရှင်လူ မည်သူမဆို သွေးလှူဒါန်းနိုင်ကြောင်း၊ သွေးလှူရှင်များအား နေ့လည်စာ၊ လက်ဆောင်ပစ္စည်းများနှင့် ...
၂၀၂၄ စာဖြေသံဃာအရုဏ်ဆွမ်းကပ် ရသုံးငွေ စာရင်းရှင်းတမ်း
၂၀၂၄ စာဖြေသံဃာအရုဏ်ဆွမ်းကပ် ရသုံးငွေ စာရင်းရှင်းတမ်း
“မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ မစိုးရိမ်တိုက်သစ် သံဃဒါန”
“မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ မစိုးရိမ်တိုက်သစ် သံဃဒါန” နှောင်းတန်ခူးလ္ဆန်း ၃ရက်(၁၁.၄.၂၀၂၄) ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီမှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းမှာ ကျင်းပခြင်းဖြစ်ပြီး စာရေးသူနဲ့ ဝိမုတ္တိကျောင်းနာယကဆရာတော်လေး ဦးသူရိယာဘိဝံသတို့ တက်ရောက်ချီးမြှောက်ကြပါတယ်။ ဉေယျဓမ်တောရ ဂေါပက ဥက္ကဋ္ဌကြီး ဒေါ်လှထွန်းဝင်းနှင့် ကပ္ပိယ ဦးခင်မောင်ဝင်းတို့ဦးဆောင်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဒကာ ဒကာမများ တက်ရောက်ကြပါတယ်။ သင်္ကန်းပရိက္ခရာများနှင့် အသုံးအဆောင်များ လှူဒါန်းကြတာပါ။ စာရေးသူ သီလပေး တရားဟောပြီး ရေစက်ချ ...
မစိုးရိမ်တိုက်သစ် သံဃဒါန ဆွမ်းလှူပွဲ
====================== မစိုးရိမ်တိုက်သစ် သံဃဒါန ဆွမ်းလှူပွဲ ====================== တပိုတွဲလပြည့်ကျော် ၂ (၂၆-၂-၂၀၂၄) ရက်နေ့မှာ ကျင်းပပါတယ်။ အာရုဏ်ဆွမ်းအဖြစ် မုန့်တီ(နန်းကြီး)သုပ် ဆက်ကပ်လှူဒါန်းပြီး သံဃာ -၂၂၆၀ပါးအား နဝကမ္မ(လိုရာသုံးဖွယ်) ဝတ္ထုငွေ ငါးထောင်ကျပ်စီကို ကိုယ်တိုင်လောင်းလှူကြပါတယ်။ အလှူရှင်များက ဟင်္သာတမြို့မှ ဒေါ်စန်းယဉ်၊ ဒေါ်လှမြင့် မိသားစုဖြစ်ပါတယ်။ ဖခင် – ဦးမောင်ကြီး (၁၄နှစ်၉လ) မိခင် – ဒေါ်စောကြင် (၁၀နှစ်၈လ) မောင်လေး – ...
မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အလှူတော်
============။============== မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အလှူတော် ============။============== တပိုတွဲလ္ဆန်း ၉ ရက်(၁၈.၂.၂၀၂၄) ညနေ ၅း၀၀ နာရီ သဟာယကျောင်းမှာ ကျင်းပပါတယ်။ ဉေယျဓမ်တောရ ကပ္ပိယကြီးများဖြစ်တဲ့ ဦးခင်မောင်ဝင်း၊ ဦးဟန်ဝင်းတို့ ဦးဆောင် လှူဒါန်းကြတာပါ။ သင်္ကန်း၊ လွယ်အိတ်၊ စာအုပ်၊ ဘောလ်ပင်၊ ဆယ်ပြာမှုံ၊ ဆပ်ပြာခဲ၊ ဆန် စသည့်လှူဖွယ်များ လာလှူခြင်းဖြစ်ပါတယ်။ ဒီနေ့မနက်မှစပြီး စစ်ကိုင်းနှင့် တံတားဦးသို့သွားရောက်လှူဒါန်းခဲ့ကြပြီး အပြန်မှာ မစိုးရိမ်ဓမ္မသဟာယသို့ လာရောက်လှူဒါန်းခဲ့ကြတာပါ။ စာရေးသူက – ...
“ပညာရေးအကယ်ဒမီ ရေကန်တော်နှင့်ကျောင်းဆောင်သစ် ရေစက်ချ အလှူပွဲ”
“ပညာရေးအကယ်ဒမီ ရေကန်တော်နှင့်ကျောင်းဆောင်သစ် ရေစက်ချ အလှူပွဲ” ————————————————————————————— သီတင်းကျွတ်လပြည့်ကျော် ၂ရက်(31.10.2023) ရက်နေ့မှာ ကျင်းပပါတယ်။ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ စံတော်မူကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ ကျင်းပတာပါ။ ရေကန်တော်နှင့် ဆွမ်းစားကျောင်းဆောင်သစ် ရေစက်ချပွဲဖြစ်ပြီး သီရိဓဇဆရာတော်ကြီး၊ ဓမ္မနာဒတိုက်အုပ်ဆရာတော်ကြီး အမှူးပြုသော မင်းကွန်းတောင်ရိုးသံဃာတော်များ ကြွရောက်ချီးမြှောက်တော် မူကြပါတယ်။ ကျောင်းသူကျောင်းသားများအား တစ်ရက်စာထမင်းသုံးနပ်ကျွေးမွေးခြင်း၊ မုန့်ထုပ်များ လှူဒါန်းခြင်း၊ ဇာတ်သဘင်ဖြင့်ဖျော်ဖြေခြင်း၊ သံဃာတော်များအား နဝကမ္မအလှူငွေ သုံးသောင်းကျပ်စီလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ သုံးရေကန်အလှူရှင်ကတော့ ရမည်းသင်းမြို့၊ KT(2) ...
“ပဲခူးရေဘေးအလှူ”
“ပဲခူးရေဘေးအလှူ” ပဲခူးက အမျိုးတွေနဲ့ တွေ့ဆုံခဲ့ပုံလေးပါ။ 22.10.2023 ရက်နေ့ မနက်အစာ ပဲခူးရွှေမော်ဓောဘုရား – ဖူးမြော်ပါတယ်။ ရှင်စောပုရပ်ကွက်နဲ့ နန်းတော်ရာရပ်ကွက်က ရေဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံဖို့ ထီးချိုင့်ကျောင်းသို့ ရောက်ရှိပါတယ်။ နှစ်ရပ်ကွက်လုံးက ပြည်သူတွေကို သီးစုံပဲဟင်း၊ ပါလချောင်ကြော်နဲ့ စတုဒိသာကျွေးမွေးတာကို သွားရောက် အားပေးခဲ့ပါတယ်။ နေ့ဆွမ်းစားအပြီးမှာ အမျိုးတွေနဲ့ တွေဆုံပါတယ်။ ဘေးကင်းလုံခြုံပြည့်စုံဖို့ နမောတဿ ရွတ်ပွားပုံဩဝါဒပေးခဲ့ပါတယ်။ နှစ်ရပ်ကွက်ပေါင်း အိမ်ခြေ ခြောက်ရာကျော်ရှိပါတယ်။ ...
“မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ၏ အလှူတော်”
“မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ၏ အလှူတော်” ————————————————————————– စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ရိက္ခာနှင့် အလှူငွေ ပေးအပ်ပွဲကြီးကို သီတင်းကျွတ်လဆန်း ၁၂ရက် (၁၆-၁၀-၂၀၂၃) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ စံတော်မူကျောင်းတိုက်မှာ အသစ်ဆောက်လုပ်ပြီးစီးထားတဲ့ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာ ကျင်းပတာဖြစ်ပြီး လယ်ဝေးမြို့၊ ရွှေအင်တောင်မဟာစည်ရိပ်သာဆရာတော် ဘဒ္ဒန္တဇနိန္ဒ အမူးပြုသော ဆရာတော်သံဃာတော်များ မျိုးချစ်ပြည်သူများ၊ ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါတယ်။ လယ်ဝေးမြို့၊ ရွှေအင်တောင်မဟာစည်ရိပ်သာဆရာတော် ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်က ဩဝါဒတရားဟောကြားပြီး နဝကမ္မများကို ဆရာဆရာမများထံ ...