မျိုးစောင့်ဥပဒေ

အမျိုးစောင့်ဥပဒေသမိုင်းမော်ကွန်း

(အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးနှင့်အမျိုးစောင့်ဥပဒေသမိုင်းကြောင်း)

နမောတဿ      ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဆရာတော်သံဃာတော်များနဲ့ မိဘပြည်သူများ၊ ရဟန်းရှင်လူအပေါင်းတို့…

ယနေ့မြန်မာနိုင်ငံတော်တွင် ကြုံတောင့်ကြုံခဲ ထူးကဲလှသည့် အမျိုးစောင့်ဥပဒေ(၄)ရပ် ပေါ်ထွက်လာခဲ့ပါပြီ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးက ဦးဆောင်၍ရဟန်းရှင်ပြည်သူ အပေါင်းတို့တောင်းဆိုလိုက်တဲ့ အမျိုးစောင့်ဥပဒေဟာ လွှတ်တော်အသီးသီးရဲ့ ဆွေးနွေး ချက်များနှင့်အတူ နောက်ဆုံးတော့ နိုင်ငံတော်သမ္မတကြီးက အတည်ပြုလက်မှတ်ရေးထိုးကာ အောင်မြင်စွာ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်ပါတယ်။

ယနေ့အခမ်းအနားမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်းနှင့် အမျိုးစောင့်ဥပဒေကို ခေတ်အဆက် ဆက်ကတည်းက ယနေ့အချိန်ထိ အဆင့်ဆင့်ဆောင်ရွက်ခဲ့ ကြပုံကို တင်ပြလိုပါတယ်။

တကယ်တော့အမျိုးစောင့် ဥပဒေဆိုတာ ဗုဒ္ဓ မြတ်စွာ ချမှတ်တော်မူခဲ့တဲ့ လမ်းစဉ်အဆုံးအမတော် အတိုင်း ဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်။

အလောင်းတော်ဘဝကတည်းက အမျိုးစောင့်ရှောက်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းဆိုတာ ဘုရားမပွင့်ခင်ကတည်းက ရှိခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်သည်ပင် စရိယသုံးပါးကို ကျင့်တော်မူခဲ့ပါတယ်။ ထိုကျင့်စဉ်များအတိုင်း ပါရမီဖြည့်စဉ် အလောင်း တော် ဘဝကတည်းက လုပ်ဆောင်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

၁။       လောကတ္ထစရိယ-သတ္တဝါအားလုံး အကျိုးအတွက်ကျင့်ခြင်း။

၂။       Óတတ္ထစရိယ- အမျိုးဘာသာ သာသနာ အကျိုးအတွက်ကျင့်ဆောင်ခြင်း။

၃။       ဗုဒ္ဓတ္ထစရိယ-မိမိနှင့်သူတစ်ပါး နှစ်မျိုးလုံး၏ အသိဥာဏ်တိုးတက်ဖွံဖြိုးမှုအတွက် ကျင့်ဆောင်ခြင်း။

ဆိုတဲ့ ကျင့်စဉ်သုံးမျိုးကို ဘုရားရှင်တို့သည် အချိန်တိုင်း ကျင့်ဆောင်တော်မူခဲ့ပါတယ်။

ဘုရားအလောင်းတော်ဘဝတွင် ယင်းကျင့်စဉ်ကို ဘဝတစ်လျှောက်လုံး ကျင့်ဆောင်တော်မူရာတွင် ငါးရာ့ ငါးဆယ် ကုက္ကုရဇာတ်တော်ကိုကြည့်မယ်ဆိုပါက ဘုရား လောင်းက ခွေးမျိုးဖြစ်နေပြီး သုသာန်တစ်ခုမှာ ခွေးအပေါင်း ခြံရံပြီး နေတဲ့အချိန်မှာ ဗာရာဏသီမင်းကြီးရဲ့ ရထားမှာ ပတ်တဲ့ သားရေလွန်ကြိုးများဟာ မိုးရေထိထားတဲ့အတွက် ပွနေတော့ နန်းတော် ထဲကခွေးတွေက ဝိုင်းစားလိုက်ကြပါ တယ်၊ နန်းတွင်းခွေးများစားတဲ့အဖြစ်မှန်ကို ဖုံးကွယ်ကာ နန်းပြင်ပက ခွေးများကြွပန်ပေါက်ကနေဝင်ပြီး စားသွား ကြောင်း မင်းကြီးကို လျှောက်တင်လို့ မင်းကြီးက ]နန်းတွင် ပြင်ပမှာ ရှိကြတဲ့ခွေးများ အားလုံးကိုသတ်စေ}လို့ အမိန့်ချ လိုက်ပါတယ်။

ထိုသို့ ခွေးမျိုးပြုတ်မည့်ဘေးနှင့်ကြုံတွေ့နေရတဲ့ အခါမှာ ဘုရားအလောင်းခွေးမင်းက မင်းကြီးထံဝင်ပြီး အဖြစ်မှန်ကို ပေါ်အောင်ဖေါ်ထုတ်လိုက်လို့ ခွေးပေါင်းများ စွာတို့ရဲ့အသက်ကို ကယ်တင်စောင့်ရှောက်ခဲ့ တာဟာ ဘုရားအလောင်းတိရစ္ဆာန်ဘဝ အမျိုးကိုစောင့်ရှောက်ခဲ့ခြင်းရဲ့ သက်သေတစ်ခုအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အလားတူ မျောက်ဘဝဖြစ်စဉ်က မျောက်မျိုးတွေ အတွက် အသက်ပေးပြီ ကယ်တင်စောင့်ရှောက် တော်မူခဲ့ပုံကို မဟာကပိဇာတ်တော်မှာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

သက်တော်ထင်ရှားဘုရားရှင်လည်း အမျိုးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်တော်မူခဲ့

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်မှာလည်း ရောဟိဏီမြစ်ရေကို သူပိုင်ငါပိုင်အပြိုင်ငြင်းခုံရာက ကပိလ ဝတ်နဲ့ကောလိယတို့ စစ်ပွဲအရေးအခင်းကြီး ဖြစ်တော့မည့် အခြေအနေ၊ ရောဟိဏီမြစ်ထဲမှာ သွေးချောင်းစီးတော့မည့် အခြေအနေဆိုးကြီးကို ပြေလည်အောင် ဘုရားရှင်ကိုယ် တော် တိုင်ြွကတော်မူပြီး ငြိမ်းအေးစေနိုင်တာဟာ အမျိုးကို စောင့်ရှောက်တော်မူတဲ့ လူမှုရေးဆောင်ရွက်မှုပင် ဖြစ်ပါ တယ်။

အလားတူ ဝိဍဍူဘမင်းသားဟာ သာကီဝင်မင်း တွေကို သတ်ဖြတ်ဖို့ရန် စစ်တပ်ကြီးဖြင့်ချီတက်လာ တုံးက လည်း ဘုရားရှင်က ကိုယ်တိုင်ြွက၍ ]]ဆွေမျိုးအရိပ်ဟာ အေးမြလှကြောင်း}} ဓမ္မစကားမိန့်ကြား၍ စစ်ပွဲကို သုံးကြိမ် တိုင်တိုင် ငြိမ်းအေးစေနိုင်ခြင်းဟာလည်း ဘုရားရှင်ရဲ့ Óတတ္ထစရိယ အမျိုးစောင့်ရှောက်ခြင်းပင် ဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

လိုအပ်လာလျှင်ရဟန်းတော်များဟာ သားဖွားခန်း အထိပင်ြွကရောက်၍ လူမှုကိစ္စတွေမှာ ပါဝင်ကူညီပြီး စောင့်ရှောက် ပေးတော်မူခဲ့ကြတာကို အင်္ဂုလိမာလသုတ် ပရိတ်တော်ကို ကြည့်ခြင်းဖြင့်လည်း သိနိုင်ပါတယ်။

ဝိသာခါ အမျိုးသမီးလေး ဘာသာခြားလူမျိုးခြားနဲ့ လက်ထပ်ရာတွင်လည်း ဘုရားရှင်က အမျိုးစောင့်ဥပဒေ ကဲ့သို့သော တရားတော်များ ဟောကြားပေးခဲ့ပါတယ်။ “အတွင်းမီးကို အပြင်မထုတ်နဲ့” စတဲ့ဘုရားရဲ့ ဟောကြား ချက်များဟာ ဘာသာမတူတဲ့လင်နဲ့ မယားကြားမှာ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်နည်းကို အခြေပြု ထားတဲ့ အမျိုးစောင့်ဥပဒေပင် ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာက လူ့တာဝန်၊ လူ့ကျင့်ဝတ်တွေကို တာဝန်ဝတ္တရားများ ကျေပွန်စေရန် လူမှုနယ်ပယ်က မိဘ ဝတ်၊ သားသမီးဝတ် စသည်ဖြင့်ချမှတ်ဟောကြားတော်မူခဲ့ သော သိင်္ဂါလောဝါဒသုတ်လာကျင့်ဝတ်များ၊ မင်္ဂလသုတ်လာ တရားတော်တွေကို ကြည့်မယ်ဆိုရင်လည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ခြင်း (အမျိုး စောင့်ဥပဒေ) တစ်ရပ်ကို ဖော်ဆောင်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သိင်္ဂါလသုတ်က အမျိုးအနွယ်ကို စောင့်ရှောက်ဖို့ရန် (စောင့်လေမျိုးနွယ်) ကျင့်ဝတ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ အမျိုးစောင့်ဥပဒေပင် ဖြစ်ပါတယ်။ သို့အတွက်ကြောင့် အမျိုးစောင့်ဥပဒေရဲ့လုပ်ငန်းကို မြတ်စွာဘုရားရှင်က ကိုယ်တိုင် ဆောင်ရွက်တော်မူတာ ဖြစ် တယ်လို့ ဆိုချင်ပါတယ်။

သီဟိုဠ်ကျွန်း ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ပုံ

(သာသနာ ၃၈၃-၄၀၇၊ ၁၀၁-၇၇ဘီစီ)

သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)မှာ ဘာသာခြား မိစ္ဆာဒိဋ္ဌိကျေးကုလားတွေက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ သီဟိုဠ် ကျွန်းကို သိမ်းပိုက်ဖို့ တိုက်ခိုက်လာပါတယ်။ အမျိုးဘာသာ သာသနာချစ်စိတ်အပြည့်နဲ့အသက်ကိုပင် ပဓာနမထားပဲ သာသနာတော်ကြီး အတွက် မိစ္ဆာဒိဋ္ဌိကျေးကုလားတွေကို (၂)နှစ်ကျော်ကျော် တိုက်ခိုက်၍ အမြစ်ပြတ်သုတ်သင် နိုင်ခဲ့ ပြီး ဗုဒ္ဓဘာသာစစ်စစ်နိုင်ငံတော်ကြီး ဖြစ်အောင် စောင့်ရှောက်ခဲ့ပါတယ်။ သာသနာနှစ် ၃၈၃-မှာ သီဟိုဠ်ကျွန်း မြောက်ပိုင်း အနုရာဓနေပြည်တော်မှာ နန်းစိုက်ပြီး သီဟိုဠ် တစ်ကျွန်းလုံးရဲ့ ဧကရာဇ်ဘုရင် ဒုဋ္ဌဂါမဏိမင်းကြီးပဲ ဖြစ်ပါ တယ်။

ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ မိစ္ဆာဒိဋ္ဌိကျေးကုလားပေါင်း သိန်းချီပြီးသုတ်သင်ခြင်းဟာ သူ့အကျိုးအတွက်မဟုတ် သာသနာကို စောင့်ရှောက်တော်မူလိုခြင်းသာ ဖြစ်တယ်ဆိုတာ မင်းကြီးရဲ့သစ္စာစကားက သက်သေခံ လျှက်ရှိနေပါ တယ်။ မင်းကြီးက-

“ငါ၏စစ်တိုက်ခြင်းသည် မင်းစည်းစိမ်ဟူသော ငါ့ကိုယ်ကျိုးစီးပွားအတွက် လုံ့လပြုခြင်းမဟုတ် မြတ်စွာ ဘုရား၏ သာသနာတော်မြတ်ကြီး စည်ပင်ပြန့်ပွား၍ သတ္တဝါများ ချမ်းသာစေရန်အလို့ငှါသာ တိုက်ခိုက်ခြင်း ဖြစ်ပါသည်၊ ဤမှန်သောသစ္စာစကားကြောင့် ငါ၏ စစ်သည်တော်များ ဝတ်ဆင်ထားသော အဝတ်တန်ဆာ များသည် မီးအလျှံ အဝါကဲ့သို့ လွန်စွာ တောက်ပလျှက် အောင်ပွဲရပါစေသတည်း” လို့သစ္စာဆို၍ စစ်တိုက်ရာ စစ်အောင်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ထို့အပြင် ဒုဋ္ဌဂါမဏိမင်းကြီးဟာ စစ်ပွဲထွက်တာ တောင်မှ သံဃာကို မဖူးမြင်ရရင် သမဏာနဉ္စဒဿနံ ကုသိုလ် မင်္ဂလာ မရမှာစိုးတဲ့အတွက် သံဃာတော်ငါးရာ ပင့်ဆောင်၍ စစ်တိုက်ထွက်ရာဒေသသို့ တစ်ပါတည်း ပင့်ဆောင်ထားကာ ပူဇော်ပြီး အမျိုးဘာသာ သာသနာတော်အတွက် ဆောင်ရွက်ခဲ့ပါတယ်။ မင်းကြီးရဲ့ သာသနာ့စိတ်၊ သစ္စာအဓိဋ္ဌာန်တို့ကြောင့် မိစ္ဆာဒိဋ္ဌိ ကျေးကုလားပေါင်း (၂) သိန်းကျော်ကို သုတ်သင်နိုင်ခဲ့ပြီး သာသနာတော်ကြီး စည်ပင် အောင် ဆောင်ရွက်ခဲ့တာဟာ သီဟိုဠ်ခေတ် ဒုဋ္ဌဂါမဏိမင်းကီးရဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်တော်မူပုံပဲ ဖြစ် ပါတယ်။

ကျန်စစ်သားမင်း၏ အမျိုးဘာသာ သာသနာ စောင့်ရှောက်တော်မူပုံ

ကျန်စစ်သားမင်းကြီး၏ သမီးတော် ရွှေအိမ်စည် မင်းသမီးလေးဟာ ပဋိက္ကရာမင်းသားနဲ့ မေတ္တာ မျှနေသည် ကိုသိတော်မူသောအခါ သမီးတော်ရွှေအိမ်စည်မင်းသမီးလေးကို ခေါ်ယူကာ ဘာသာခြား လူမျိုးခြားများနဲ့ တွေ့ဆုံရင်းနှီးခြင်း မိတ်ဆွေဖွဲ့ခြင်းကို ခွင့်ပြုပါသည်၊ သို့သော် ထိုရင်းနှီးမှုမှ တစ်ဆင့် တိုး၍လာပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ သမီးတော်ကို စောလူးမင်း၏ သားတော်နှင့် ထိမ်းမြားပေးမည်ဟု ဆုံးဖြတ်ခဲ့ သည်မှာလည်း ကျန်စစ်သားမင်း၏ အမျိုးဘာသာ သာသနာ စောင့် ရှောက်ခဲ့ပုံပဲ ဖြစ်ပါတယ်။

ဘုရင့်နောင်မင်းတရားရဲ့ သာသနာပြု သစ္စာအဓိဋ္ဌာန်

(မြန်မာ- ၈၇၇-၉၄၃)

ဒုတိယမြန်မာနိုင်ငံကို တည်တောင်သူ ဘုရင့်နောင် မင်းတရားကြီးဟာ-

“ငါသည် သာသနာပြုထိုက်သူမှန်လျှင် ဤ စစ်ပွဲ အောင်ပါစေသတည်း”လို့ ကုသိုလ်ပြုကာ သစ္စာ အဓိဋ္ဌာန်ဖြင့် တိုက်ခိုက်လေ့ ရှိခြင်းကြောင့် ဘုရင့်နောင်ဟာ စစ်ပွဲတွေအလီလီအောင်ပြီး သာသနာစိတ်ဖြင့် နိုင်ငံတော်ကြီးကို အင်အားကြီးအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း မြန် မာသမိုင်းစာမျက်နှာတွေမှာ တွေ့ရပါတယ်။ အမျိုးဘာသာ သာသနာစိတ်နဲ့ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုရင် အောင်ပွဲအလီလီ ရနိုင်ကြောင်း သမိုင်း သက်သေပင် ဖြစ်ပါတယ်။ နိုင်ငံခေါင်းဆောင်တွေ အတုယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။

အလောင်းမင်းတရားရဲ့ အမျိုးစောင့်ရှောက်ပုံ

(မြန်မာ ၁၀၇၆-၁၁၂၂)

မြန်မာ့သမိုင်းမှာလည်း ကုန်းဘောင်ခေတ်ကို တည်ထောင်သူ အလောင်မင်းတရားဦးအောင်ဇေယျဟာ စစ်တိုက်ရင် သစ္စာအဓိဋ္ဌာန်ဖြင့် တိုက်ခိုက်လေ့ရှိပါတယ်။ သာသနာအတွက် အလုပ်လုပ်သူမှန်သမျှရဲ့ မွန်မြတ်တဲ့ လုပ် နည်းပင်ဖြစ်ပါတယ်။

နိုင်ငံတော်ကြီး ဖရိုဖရဲဖြစ်ပြီး အင်အားချိနဲ့နေချိန် ရန်သူတွေကလည်း ပတ်လည်ဝိုင်းထားချိန်မှာ “ ငါတည်း သာသာနာ ပြုနိုင်ပါက ငါက အောင်ပါစေ၊ သူတည်း သာသနာပြုနိုင်ပါက သူကအောင်ပါစေ” လို့ တရားမျှ တတဲ့အဓိဋ္ဌာန်နဲ့ တိုက်ပွဲဆင်နွဲခဲ့ရာ အံ့ဩလောက်အောင် အောင်ပွဲကြီးရနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရန်ကုန်မြို့ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားဟာ တိုင်းပြည်ကောင်း မှန်ရင်မှတ်တမ်း မှတ်ရာရှိရမည် ဆိုတဲ့မူဝါဒအတိုင်း တိုင်းရင်းသား၊ နိုင်ငံခြားသား လူဦးရေစာရင်းဇယား အတိအကျကောက်ယူထားပါတယ်။ နိုင်ငံခြားသားများ မြန်မာ့မြေပေါ်မှာနေရင် မြန်မာကို သစ္စာရှိရမယ်ဆိုတဲ့ လမ်းစဉ်ကို ခိုင်မာစွာ ချမှတ်ထားပါတယ်။

ဖြစ်စဉ်တစ်ခုကို တင်ပြရမယ်ဆိုရင်- မြန်မာပိုင် “ဟိုင်းကြီးကျွန်း” ပေါ်တက်ပြီးကုလားဖြူအင်္ဂလိပ်တွေ ကုန်သွယ်ရေးကြားစခန်း တည်ဆောက်တာကိုကြားသိလျှင် ကြားသိချင်း “ဟိုင်းကြီးကျွန်းတွင် ဆိုက်ရောက် နေထိုင်လာ သည့် ကုလားလူမျိုးတို့ကို မည်သို့မျှ ငါအမိန့်တော်မရှိ၊ ဆင်းရဲ့သားတို့ ဖောက်ကားရောင်းဝယ်၍ သတ္တဝါတို့ ချမ်းသာမည်ကိုသာ နှလုံးပိုက်တော်မူ၍ သင်းတို့ငြိမ်သက်စွာ နေထိုင်ဖောက်ကား ရောင်းဝယ်ရ သည့်ကျေးဇူးတော်ကို မမြှော်မထောက်ပဲ ငါတို့၏ရန်သူတော်တို့အား လက်နက် ကိရိယာ အမြောက် သေနတ် ခဲယမ်းမီးကျောက်များ ပေးပို့ ကြောင်းကြားသိတော်မူရသည် ကျေးဇူးတော်ကို မထောက် သာသနာတော်၏ ဆန့်ကျင်ဘက် သူ့ကျေးဇူးကို မသိတတ် မိစ္ဆာဒိဋ္ဌိဖြစ်သောလူမျိုးခြားကုလားတို့ကို ငါ့နိုင်ငံတော် ဟိုင်းကြီး ကျွန်းတွင် နေသင့်သည်မဟုတ် ယခုပင် ဟိုင်းကြီးကျွန်းသို့ မင်းရဲ့ကောင်းပုံချီ၍ သင်းတို့ ကုလားမျိုး မှန်သမျှ ဖမ်းဆီး ဆက်သရမည်” ဟု အမိန့်တော်ထုတ်ခဲ့ပါတယ်။           အလောင်းမင်းတရားရဲ့ပြတ်သားတဲ့ အမျိုးသားရေး အမိန့်တော်အတိုင်း မင်းရဲကောင်းပုံဦးဆောင်တဲ့ ကွန်မန်ဒိုတပ်သားတွေဟာ ဟိုင်းကြီးကျွန်းရှိ မျက်နှာဖြူ ကုလားတွေကို တိုက်ခိုက်၍သိမ်းပိုက်လိုက်ပါတယ်။ အင်္ဂလိပ် မျက်နှာဖြူတွေလည်း သင်္ဘော၊ သမ္ဗန်တွေနဲ့ ပင်လယ်ထဲကိုထွက်ပြေးရတဲ့အထိပါပဲ။

“နိုင်ငံခြားသားမှန်သမျှ မြန်မာ့မြေပေါ်မှာနေရင် ကျေးဇူးသစ္စာစောင့် သိရိုသေစွာနဲ့ငြိမ်ငြိမ်ချမ်းချမ်း နေရမယ်” “ကျေးဇူးတော်မထောက် သာသနာတော်ဆန့်ကျင်ဘက် မိစ္ဆာဒိဋ္ဌိဖြစ်သောကုလားမျိုးခြားတို့ ငါ့နိုင်ငံတော်တွင် နေသင့်သည်မဟုတ်” ဆိုတဲ့ အလောင်းမင်းတရားရဲ့ ပြတ်သားတဲ့ အမိန့်စကားနဲ့ စီမံချက်မူဝါဒတွေဟာ အမျိုးဘာသာသာသနာကို စောင့်ရှောက်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ အလောင်းမင်း တရားကြီးရဲ့ အမျိုးစောင့်ဥပဒေပင် ဖြစ်ပါတယ်။

သာယာဝတီမင်းကြီးရဲ့ ပြတ်သားတဲ့ အမျိုးစောင့်ဥပဒေ

(မြန်မာ ၁၁၄၈-၁၂၀၈)

အမျိုးဘာသာ သာသနာကိုစောင့်ရှောက်တော်မူ ပုံတွေထဲမှာ သာယာဝတီမင်းကြီးဟာလဲ ပြတ်သားတဲ့ အမျိုး သားရေးစိတ် သာသနာစိတ်နဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို စောင့်ရှောက်တော်မူခဲ့တာတွေကို လေ့လာတွေ့ရှိရပါတယ်။ သာယာဝတီမင်းကြီးရဲ့အမျိုးစောင့်ဥပဒေလို့ ဆိုနိုင်မှာ ဖြစ် ပါတယ်။

ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက်မှာ အမျိုးစောင့်ဥပဒေနဲ့အလားတူတဲ့ ဥပဒေမျိုးတွေ ထုတ်ပြီး အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ခဲ့ပုံတွေကို ယနေ့ခေတ်တိုင်းပြည်မှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ် တွေလည်း အတုယူသင့်လှပါတယ်။

သာယာဝတီမင်းဆိုတာ မြန်မာတို့ရဲ့ နောက်ဆုံး ကုန်းဘောင်မင်းဆက်(၁၁)ပါးထဲက အဋ္ဌမမြောက်မင်း ဖြစ်ပါတယ်။ မြန်မာတို့ဘုန်းမီးနေလတောက်ပခဲ့တဲ့ ကုန်းဘောင်ခေတ်ကို အလောင်းမင်းတရားက တည်ထောင်ခဲ့ပြီး အလောင်းဘုရားမှ စတင်ရေတွက်လျှင် ခြောက်ဆက်မြောက် ထီးနန်းဆက်ခံသော ဘိုးတော်ဘုရား (ခေါ်) ပဒုံမင်း လက်ထက်ဟာ ကုန်းဘောင်ခေတ်ရဲ့ အထွဋ်အထိပ်သို့ ရောက်ခဲ့ချိန်ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ဘကြီး တော်မင်း လက်ထက် မြန်မာသက္ကရာဇ် (၁၁၈၅)ခုနှစ်မှာ အင်္ဂလိပ် မြန်မာပထမစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။         နတ်မြစ်ဝရှိ ရှင်မဖြူ(ရှပူရီ)ကျွန်းပေါ်၌ အင်္ဂလိပ်တို့က စစ်တပ်တည်ဆောက်ခဲ့သည်ကို မကျေနပ်ပဲ သူပိုင် သည် ငါပိုင်သည် စသည်ငြင်းခုန်ရင်းမှ စတင်ဖြစ်ပွားခဲ့ ကြရာ မြန်မာတို့အရေးနိမ့်သဖြင့် ရန္တပိုစာချုပ် ချုပ်ခဲ့ရပြီး ၎င်းစာချုပ်အရ ရခိုင်နှင့်တနင်္သာရီနယ်များကို အင်္ဂလိပ်သို့ ပေးလိုက်ခဲ့ရတဲ့ သမိုင်းဆိုးတစ်ခု ရှိခဲ့ပါတယ်။သာယာဝတီမင်း ထီးနန်းတက်လာချိန်မှာတော့ ရန္တပိုစာချုပ်ကို ပယ်ဖျက်ဖို့ရန် ကြိုးစားခဲ့ပါတယ်။ စစ်ရှုံး သူမှာ သူ့နောင်တော်ဖြစ်၍သူနှင့်မဆိုင်ကြောင်း သူ့လက် ထက်တွင် အင်္ဂလိပ်များ လုပ်တိုင်းခံမည် မဟုတ်ကြောင်း (၁၈၃၇)ခု မေလ (၁၇)ရက်တွင် အင်းဝသို့ ရောက်လာသော အင်္ဂလိပ်သံမှူးဘာနေကို ပြတ်ပြတ်သားသား ပြောကြားခဲ့ပါ တယ်။ “ရန္တပိုစာချုပ်ကို ကျုပ်လက်မှတ် ထိုးခဲ့တာ မဟုတ် ကျုပ်လက်ထက်မှာလုပ်တာမဟုတ်လို့ ကျုပ်နဲ့ ဘာမှ မဆိုင် ဘူးကျုပ်ကို အင်္ဂလိပ်က ဘယ်တုန်းကမှ အနိုင် မရရှိခဲ့ပါဘူး”သာယာဝတီမင်း အမျိုးသားရေးစိတ်နဲ့ ပြတ်သားစွာ တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်မြန်မာပထမစစ်ပွဲမှာ မြန်မာတွေ ရှုံးခဲ့ကြပေမယ့် သာယာဝတီမင်းဦးဆောင်ပြီး တိုက်ခဲ့ရတဲ့ “ကျိုက္ကလော”့  တိုက်ပွဲမှာတော့ အင်္ဂလိပ်တပ်တွေ ရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း သာယာဝတီမင်းက “ကျုပ်ကို အင်္ဂလိပ်က ဘယ်တုန်းကမှ အနိုင်မရရှိခဲ့ပါဘူး”လို့ ကြုံးဝါးခဲ့ခြင်းဖြစ်ပါတယ်။ ရန္တပိုစာချုပ်နဲ့ ပတ်သက်ပြီး ခရစ်နှစ် (၁၈၃၇-ခု၊ မေလ ၂၂-ရက်) ညီလာခံမှာ သာယာဝတီမင်းက အောက်ပါအတိုင်း မိန့်ကြားခဲ့ကြောင်း ဆရာညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်စာအုပ်မှာ ဖေါ်ပြထားပါတယ်။  “စာချုပ်များနဲ့ပတ်သက်၍ ဘာမှပြောရန်မရှိပါ၊ ထုတ်ဖော် ရည်ညွှန်းဖို့လည်း အလိုမရှိပါ၊ ယင်းစာချုပ်များသည် မြန်မာ အမျိုးသားတို့အတွက် ရှက်ဖွယ်ကောင်းသော ကိစ္စ၊ အစော် ကားခံရသော ကိစ္စဖြစ်သည်”လို့ဆိုပါတယ်။

စာချုပ်ကိုကိုင်၍ပြောတတ်တဲ့ အင်္ဂလိပ်တွေကိုလည်း “စာချုပ်ချုပ်တယ်ဆိုတာ အင်္ဂလိပ်တို့ ဓလေ့ ထုံးတမ်း၊ မြန်မာဓလေ့ထုံးတမ်းမဟုတ်၊ မဟာမိတ်အဖြစ်ဆက်လက် ရပ်တည်ချင်ရင် စာချုပ်မချုပ်ဘဲ ရပ်တည်နိုင်တယ်”လို့လည်း သာယာဝတီမင်းက ပြတ်သားစွာ မိန့်ကြားခဲ့ပါတယ်။ ရန္တပိုစာချုပ်ကို အကြောင်းပြု၍ မြန်မာအာဏာပိုင်များနဲ့ အင်္ဂလိပ်တို့ ဆက်ဆံရေးဟာ မပြေလည်ခဲ့ကြပါ။ ဤသို့ဖြင့် (၁၈၃၉-ခုနှစ်)မှာ ဘင်ဆင်သံအဖွဲ့ရုပ်သိမ်းမည်ဟု ကြေညာ ခဲ့ပါတယ်။

ထိုအချိန်မှာပင် သာယာဝတီမင်းက”သူတို့ ပြန် သွားကြပါစေ ငါသည် နောင်တော်နန်းကျဘုရင်ကဲ့သို့ အင်္ဂလိပ်တို့လုပ်သလို ခံမည်မဟုတ်၊ အငြင်းပွားမှုများကို မြန်မာတို့က လက်နက်ကိုင် ဖြေရှင်းရန် ပိုင်းဖြတ်ပြီးဖြစ်၏ ဤအချက်ကိုအင်္ဂလိပ်တို့ ကောင်းစွာသိရှိအောင် ငါလုပ်ပြမည်။ ယခုအကြိမ် အင်္ဂလိပ်တို့လာတိုက်လျှင် တိုက်ပါစေ၊ မြန်မာတို့ဟာ ဘယ်လိုလူမျိုးဖြစ်သည်ကို ငါပြမည်ဟု” မိန့် ကြားတော်မူခဲ့ပါတယ်။

ထိုအချိန်မှစ၍ သာယာဝတီမင်းဟာ မြန်မာ့ဇာတိသွေး အပြည့်နဲ့ စစ်အင်အားကိုလည်းတိုးချဲ့၊ စစ်ရေး လေ့ကျင့်မှုကိုလည်း နေ့စဉ် ဆောင်ရွက်လာခဲ့သလိုစစ်အင်္ဂါအခင်းအကျင်းအပြည့်နဲ့ ရန်ကုန်အထိ ဆင်းကာမြန်မာ အင်အား မြန်မာ့သတ္တိကို ကောင်းကောင်းကြီး ပြသနိုင်ခဲ့ပါတယ်။ သို့အတွက်ကြောင့် အင်္ဂလိပ်များဟာ သာယာဝတီမင်းလက်ထက်မှာ စစ်တိုက်ဖို့မဆိုထားနဲ့ ရန်စတာမျိုးတောင် မလုပ်ခဲ့ကြတော့ပါဟု သမိုင်းကဆိုပါတယ်။

သို့သော်လည်း ရန်ကုန်ဟာ နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုကတော့ အလွန်များပြားနေဆဲဖြစ် ပါတယ်။ ရန်ကုန်ရဲ့အနေအထားဟာ မြန်မာပိုင် ဖြစ်ပေမယ့် မြန်မာဘုန်းရိပ်ထက် အင်္ဂလိပ်တို့ရဲ့အာဏာရိပ်ကိုပဲ မျှော်လင့်ကိုးစားနေတာ တွေ့ရပါတယ်။ မြန်မာထုံးတမ်း စဉ်လာကို မလေးစား မြန်မာဘုရင်တို့ရဲ့ အချုပ်အခြာ အာဏာကို မထီလေးစားလုပ်လာတာ တွေ့ရပါတယ်။ နိုင်ငံခြားသားတွေဟာ စီးပွားရေးဘက်မှာသာမက လူမှုရေး ဘက်မှာပါ လွှမ်းမိုးလာတာကို တွေ့ရတဲ့အတွက် အမျိုးသား ရေးစိတ် မျိုးချစ်စိတ်ကြီးတော်မူတဲ့ သာယာဝတီမင်းက မခံနိုင်ဖြစ်လာပါတော့တယ်။ နိုင်ငံခြားသားများအတွက် ပြတ်သားတဲ့ အမိန့်တွေကို လည်းအောက်ပါ အတိုင်းချမှတ် ခဲ့ပါတယ်။

“နိုင်ငံခြားသားများသည် ဘုရင့်အမိန့်မရပဲ မည်သည့်အဆောက်အဦးကိုမျှ မဆောက်ရ၊ ကုန်သွယ်ရေး အတွက် အသုံးပြုရန်လည်း မြေကိုဝယ်ယူခွင့် မရစေရ၊ နိုင်ငံခြားသားများထံတွင် မည်သည့်မြန်မာ အမျိုးသားများမှ နေခွင့်မရှိ၊ အကယ်၍ ရောင်းထားခြင်း၊ ပေါင်ထားခြင်းများ ကြောင့် နေရသည်ဆိုပါကထိုကဲ့သို့ ရောင်းသောပေါင်သော အရှင်ကောင်းများက ပြန်လည်ရွေးယူစေရမည်။ အကယ်၍ မရွေးနိုင်ပါက ဘုရင့်ဘဏ္ဍာ တော်မှစိုက်ထုတ် ရွေးယူပေးရမည်။

ထို့အပြင် နိုင်ငံခြားသားတို့နှင့်အတူ နေထိုင်လျှက်ရှိသော မြန်မာအမျိုးသမီးအရေအတွက်ကိုလည်း သီးသန့် စာရင်းကောက်စေသည်။ မဂိုကုလားများ ပိုင်သော မြန်မာ အမျိုးသားများကို ဘုရင့်အမိန့်တော်အရ ရန်ကုန်မြို့ဝန်က ပြန်လည်ရွေးကောက်ပေးရသည်။ နိုင်ငံခြားသားပိုင် ခြံဝိုင်း အိမ်ဝိုင်းတို့အတွင်းတွင် မိမိတို့၏ ခင်ပွန်းနှင့်အတူ နေထိုင်လျှက်ရှိသော မြန်မာတိုင်းရင်းသူများကိုလည်း ဆက်လက် နေထိုင်ခွင့်မပေးချေ။ ၎င်းအပြင် နိုင်ငံခြားသားများအနေနဲ့ မြန်မာနိုင်ငံသားများကို ကိုယ်ပိုင်ကျွန်များ၊ ကူလီများ လက်သမားများ အဖြစ်ထားရှိ အသုံးပြုခြင်းကိုလည်း မင်းမိန့်ဖြင့် ရပ်စဲစေခဲ့ပါတယ်။

သာယာဝတီမင်းဟာ အင်္ဂလိပ်အပါအဝင် နိုင်ငံခြားသားများ၊ဘာသာခြားများ မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်တာကို လုံးဝလက်မခံပဲ ဇာတိမာန်အပြည့်နဲ့ မြန်မာ့အမျိုးသား၊ အမျိုးသမီးများကို မည်သူမှစော်ကားလို့ မရအောင် မင်းမိန့်ဖြင့် ကာကွယ်စောင့်ရှောက်ပေးခဲ့တာဟာ အမျိုးဘာသာသာသနာကို စောင့်ရှောက်ခဲ့တာပဲ ဖြစ်ပါ တယ်။

ဒါဟာကုန်းဘောင်ခေတ်ရဲ့ သာယာဝတီမင်းကြီးက အမျိုးစောင့်ဥပဒေကို ဆောင်ရွက်ခဲ့တဲ့ သက်သေ တစ်ခုပင် ဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမျိုးသားရေးမိန့်ခွန်း

သာယာဝတီမင်းကြီးက အမျိုးသားရေးစိတ် အပြည့်နဲ့ မင်းမိန့်ထုတ်သကဲ့သို့ အမျိုးသားရေးခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း အမျိုးဘာသာ သာသနာအတွက် ရဲရင့်ပြတ်သားတဲ့ သမိုင်းဝင် မိန့်ခွန်း တစ်ခုကို ၂၀.ဝ၁.၁၉၄၆ ဖဆပလအဖွဲ့ချုပ် နိုင်ငံလုံး ဆိုင်ရာညီလာခံကြီးမှာ ပြောခဲ့တယ်လို့ မှတ်သားရပါတယ်။

“ရှင်းရှင်းပြောရမည်ဆိုလျှင် ကုလားစတဲ့ နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ တိုင်းရင်းသား များရဲ့ မိတ်ဆွေ အဖြစ်နဲ့ နေထိုင်ကြမလား၊ ဒါမှမဟုတ် ရန်သူအဖြစ်နဲ့ နေထိုင်ကြမလားဆိုတာကို ဆုံးဖြတ်ရန် လိုပါတယ်။ တစ်ချိန်တည်းမှာ ရန်သူနဲ့မိတ်ဆွေ နှစ်မျိုး စလုံး မဖြစ်နိုင်ပါဘူး”။

ဒါဟာ အမျိုသားခေါင်းဆောင်ကြိး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမျိုးသားရေး ဆောင်ရွက်မှုပင်ဖြစ်ပါ တော့တယ်။

အဲဒီလိုဆောင်ရွက်နိုင်အောင်လဲ ဆရာတော် သံဃာတော်များရဲ့ တည့်မတ်ဆောင်ရွက်ပေးမှုကြောင့် ဖြစ်တယ်လို့ ပြောရင် မမှားနိုင်ပါ။

ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်အစိုးရလက်ထက် (၁၉၄၆)ခုနှစ်၊ ၁၃၀၈ ခုနှစ်၊ နယုန်လဆန်း (၁)ရက်မှ (၄)အထိ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက်၌ ပြည်လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးပွဲကြီး ကျင်းပပြုလုပ်ခဲ့ရာ ထိုအစည်းအဝေးပွဲကြီးသို့ တက်ရောက်သော ပခုက္ကူ မဟာဝိသုတာရာမတိုက်မှ မဟာနာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာက အစည်းအဝေးပွဲကြီးသို့ လာရောက်ဝတ်ပြုသော ဗိုလ်ချုပ်အောင်ဆန်းအား အောက်ပါအတိုင်း ဩဝါဒပေးခဲ့ကြောင်း မှတ်သားဖူးပါတယ်။

“အခွင့်သင့်တုန်း မောင်အောင်ဆန်းကို နည်းနည်းပြောချင်တယ်၊ မောင်အောင်ဆန်းတို့ လွပ်လပ်ရေး ရပြီးနောက် တိုင်းပြည်စည်ပင်အောင်လုပ်တာတော့ တို့နားမလည်ဘူး၊ သာသနာတော် စည်ပင်အောင်လုပ်တာ တော့ တို့နားလည်တယ်။

အဲဒီတော့ သာသနာ့ခေါင်းဆောင် ဆရာတော်ကြီးများနဲ့တိုင်ပင်ပြီး သာသနာရေးကိစ္စ လုပ်ဆောင် တာတွေ လုပ်ရလိမ့်မယ်လို့ စိတ်ထဲမှာ ထားပါလေ။

၎င်းအပြင် အထူးပြောချင်တာကတော့ “သည်းခံ နိုးကြား၊ သနားထကြွ နိစ္စမသွေ၊ ခွဲဝေရှုတတ်၊ သူမြတ်တို့ဂုဏ်” ဆိုတဲ့အတိုင်း အကြီးအကဲတို့ ရှိရမည့် ဂုဏ် လိုက်နာကျင့်ရမည့် ဂုဏ်ခြောက်ပါး အနက်က အထူးသဖြင့် နိုးနိုးကြားကြား သတိဝီရိယရှိဖို့ကို အထူးသတိပြုရမယ်။ စားသတိလာသတိ သွားသတိ စည်းဝေး လျင်လည်း သတိရှိရမယ်”။

ဗိုလ်ချုပ်အောင်ဆန်းက အမျိုးဘာသာသာသနာကို ဆောင်ရွက်စောင့်ရှောက်သလိုမျိုး ယနေ့ တိုင်းပြည် ခေါင်းဆောင်မယ့် သူများလည်း ဗိုလ်ချုပ်ကဲ့သို့ ဆောင်ရွက် ဖို့ လိုအပ်လှပါတယ်။

မျိုးချစ်စိတ်ကြီးတဲ့ မြန်မာ့သူရဲကောင်း

ဦးသိမ်းမောင်ရဲ့ ဖိနပ်တိုက်ပွဲ

ခေတ်အဆက်ဆက်မှာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးနဲ့ အမျိုးစောင့်ဥပဒေ ဆောင် ရွက်မှုလုပ်ငန်းများကို ရှင်ဘုရင်တွေသာမက သာမန်လူ ပုဂ္ဂိုလ်တွေလည်း အမျိုးသားရေးစိတ် ရှိသလောက် ဆောင်ရွက်ခဲ့ကြတာတွေ့ရပါတယ်။ ဘာသာသာသနာနဲ့ ပတ်သက်လာရင် အသေးအဖွဲကလေးကမှအစတုံ့ပြန်တွန်းလှန်ခဲ့တဲ့ ပုံတွေကိုမြန်မာ့သမိုင်းတွေမှာ တွေ့ရပါတယ်။

အနည်းငယ်တင်ပြရရင်-

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာသာမက ကိုးကွယ်ယုံကြည်မှုကိုပါ ပျက်စီးအောင် ရိုင်းပျစွာ ဆောင်ရွက်တဲ့ လုပ်ရပ်မျိုး ဖြစ်တဲ့ဥရောပနဲ့အမေရိကန်လူမျိုးများ ဖိနပ် တကားကားနဲ့ စေတီဘုရားရင်ပြင်အထိ ဖိနပ်မချွတ်ပဲ စီးနေ ကြတာကို မခံနိုင်လို့ တွန်းလှန်ခဲ့ခြင်းကြောင့် အမျိုးသားရေး အားမာန်အပြည့်နဲ့ လှုပ်ရှားခဲ့တဲ့ ဖိနပ်တိုက်ပွဲဆိုတာ ရှိခဲ့ ပါတယ်။

အင်္ဂလန်တွင် ပညာသင်ကြားခဲ့ပြီး ဥပဒေဆိုင်ရာဘွဲ့များကိုလည်း ကိန်းဘရစ်တက္ကသိုလ်မှ ရရှိခဲ့တဲ့ ဦးသိမ်းမောင်ဆိုသူက ရဲရဲဝံ့ဝံ့ကြိုးစားကာ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဦးသိမ်းမောင်ရဲ့လှုပ်ရှားမှုဟာ ကမ္ဘာကျော်သွား ခဲ့လို့ ဖိနပ်သိမ်းမောင်နဲ့ဖိနပ်တိုက်ပွဲလို့တောင် ဆိုစမှတ်ပြုခဲ့ကြပါတယ်။

ဦးသိမ်းမောင်ဟာလူငယ်ဘဝ ဝတ်လုံတော်ပေါက်စဖြင့် နိုင်ငံခြားပညာသင်ပြီးပြန်လာတဲ့ အချိန်ကတည်းက တိုင်းပြည်နဲ့ လူမျိုးအတွက်၊ ဘာသာသာ သနာအတွက် အရွယ်နဲ့ မလိုက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ လူပင်ငယ် သော်လည်း ဘာသာရေး အသိဥာဏ်နဲ့ ယဉ်ကျေးမှုကို ထိမ်းသိမ်း၍ ငြိမ်းချမ်းစွာနေထိုင်သူဖြစ်ခြင်းကြောင့် ပြည်ရွှေဆံတော်ဘုရားကြီးတွင် ဘဏ္ဍာထိမ်းတာဝန်ကို ပေးအပ်ခဲ့ကြပါ တယ်။

ထိုအချိန်က “ဥရောပနှင့် အမေရိကန်လူမျိုး များမှတစ်ပါး မည်သူမျှဖိနပ်မစီးရ” ဟူသော ဆိုင်းဘုတ်ကို ကျောင်းကန်စေတီဘုရားများတွင် ထင်ရှားစွာ ချိတ်ဆွဲထားလေ့ ရှိပါတယ်။ ဘုရားစေတီရင်ပြင်များပေါ်တွင် မြန်မာ တိုင်းရင်းသားများက ရိုသေစွာ သွားလာဝတ်ပြုနေချိန်မှာ ၎င်းတို့ကဖိနပ်ကြီးတကားကားနှင့် သွားလာနေကြတာကို ဗုဒ္ဓဘာသာဝင်များက လွန်စွာ ခံစားရပါတယ်။

အာဏာရှင်တွေရဲ့အမိန့်ကို မနာခံလို့မရပေမယ့်၊ အမျိုးသားရေးစိတ် ပြင်းထန်တဲ့ ကိုသိမ်းမောင်ကတော့ ရဲ့ဝံ့စွာ တွန်းလှန်ခဲ့ပါတယ်။ စာတမ်းကိုမြင်တာနဲ့ မခံစားနိုင် လောက်အောင် နာကျင်လှသောကြောင့် ကိုသိမ်းမောင်ဟာ စာတမ်း၏ ရှေ့ပိုင်းစာဖြစ်တဲ့ ဥရောပနှင့်အမေရိကန် လူမျိုးများမှတစ်ပါး ဆိုတဲ့ဝိသေသနပြုချက်ကို ပယ်ဖျက်၍ မည်သူမျှ ဖိနပ်မစီးရဟု ပြင်ဆင်ရေးကာ ချိတ်ဆွဲခဲ့ပါတယ်။ ကိုသိမ်းမောင်ပြင်ဆင်ရေးလိုက်တဲ့စာတမ်းဟာ မြန်မာတို့ရဲ့ ဇာတိမာန်ကို ဖော်ပြနိုင်ရုံမျှမကနိုင်ငံခြားသားများကို မြန်မာ့ဓလေ့ယဉ်ကျေးမှုတွေကိုလိုက်နာဖို့ အမိန့်ပေးလိုက် သလိုပင် ဖြစ်ပါတယ်။

မကြာခင်မှာပဲ အိန္ဒိယ ဘုရင်ခံချုပ်လောဒ်ချယ်မ်ဆဖို မြန်မာပြည်လာပြီးရွှေဆံတော်ကိုပါလာမှာဖြစ်လို့ ဖိနပ် မစီးရ ဆိုင်းဘုတ်ကို ဖြုတ်ခိုင်းပါတယ်။

အင်္ဂလိပ်အရေးပိုင်ရဲ့အမိန့်ကို ကိုသိမ်းမောင်တို့ ဘဏ္ဍာထိမ်းအဖွဲ့က ဘာသာရေးအရ သတ္တိရှိရှိနဲ့ မဖြုတ်နိုင် ကြောင်းငြင်းဆိုခဲ့ကြပါတယ်။ ထိုအချိန်ကစပြီး ချက်ချင်းပင် အွန်လိုင်းမီဒီယာမရှိသော်လည်း ဘာသာရေးအသိ နိုးကြားမှု နဲ့ တစ်နိုင်ငံလုံးပြန့်နှံ့ ကျော်ကြားသွားခဲ့ပါတယ်။

ဦးသိမ်းမောင်ကိုလည်း မြန်မာယဉ်ကျေးမှု တော်လှန်ရေး ဘွဲ့တံဆိပ်အဖြစ် “ဖိနပ်သိမ်းမောင်” လို့ပင် ခေါ်ဆိုကြကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။

ထိုမှတဆင့်ဖိနပ်ပြဿနာမှာတစတစနဲ့ ကြီးထွားလာခဲ့သလို ဦးသိမ်းမောင်ရဲ့ အမျိုးသားရေး လှုပ်ရှားမှုကို အားပေးထောက်ခံကြပြီး တစ်မျိုးသားလုံး ဖိနပ်တိုက်ပွဲတော်လှန်ရေးကြီးလုပ်ဆောင် နိုင်ခဲ့ကြပါတယ်။

၁၉၁၈-ခု၊မေလ-၁၉ရက်နေ့ ဦးသိမ်းမောင် အကျိုးဆောင်နေသော ဝိုင်အမ်ဘီအေ အသင်းကြီးမှ ဦးဆောင်၍ ဂျူဗလီဟော၌ မြို့လုံးကျွတ်အစည်းဝေးကြီးပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၁၉-ခု အောက်တိုဘာလ-၂၉ရက် နေ့မှာတော့ ဗြိတိသျှအစိုးရက အညံ့ခံ၍လိုက်လျောကာ မြန်မာတို့ရဲ့ “မည်သူမျှ ဖိနပ်မစီးရ” အမိန့်ကို လိုက်နာခဲ့ ကြပါတယ်။

ဒါဟာ ဗြိတိသျှအစိုးရခေတ်မှာ နိုင်ငံခြားသားများ၊ ဘာသာခြားများကို ဘာသာရေးနဲ့ ပတ်သက်၍ ပြင်းပြင်း ထန်ထန် ကန့်ကွက်ပြီး မြန်မာ့ဇာတိသွေး၊ ဇာတိမာန်ကို ပြသခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ဗြိတိသျှခေတ်က မြန်မာတို့ရဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်မှုပင်ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ အမျိုးသမီးများအတွက် လက်ထပ်ထိမ်းမြားခြင်းဥပဒေ ပေါ်ပေါက်ခဲ့ခြင်း

မြန်မာနိုင်ငံအတွင်းသို့ ဘာသာခြားလူမျိုးခြားများ ဝင်ရောက်လာမှုကို အကြောင်းပြု၍ ထိုသူများနှင့် မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ အတူနေထိုင်ကြခြင်း၊ လက်ထပ် ထိမ်းမြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ မည်သည့်နိုင်ငံခြားသား လူမျိုးခြားမဆို ၎င်းတို့ရဲ့လူမျိုးရေးကို (အမျိုးသားရေးကို)ဇောင်းပေးရေးဆွဲထားတဲ့ ဥပဒေများရှိခဲ့ကြတာ ချည်းပါပဲ။ အိမ်ထောင်ခန်းဥပဒေများတွင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများက ဘာသာခြားတို့ရဲ့ရှိပြီးသား အိမ်ထောင်ခန်းဥပဒေနဲ့ နေထိုင်ကြရတဲ့အတွက် အမွေဆက်ခံ ပိုင်ဆိုင်ခွင့်များ မရှိခြင်းနှင့် တရားဥပဒေအရ အပျော်မယားဖြစ်ရခြင်း၊ တိတ်တိတ်ပုန်းသားသမီးများဖြစ်ရခြင်းတို့နှင့် ရင်ဆိုင်ခဲ့ကြရပါတယ်။ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများဘက်က နစ်နာမှုမရှိရအောင် ဥပဒေတစ်ရပ်ဖြင့် တောင်းဆိုဖို့ရန် ဝတ်လုံတော်ရ ဦးသိမ်းမောင် (ဖိနပ်သိမ်းမောင်)ကပင် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အကောင်အထည် ဖော်ဆောင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေသောကြောင့်ထိုဥပဒေ၏ အကျိုးခံစားခွင့်ကို မရခဲ့ကြပါ။ ဦးသိမ်းမောင်ဟာ ဗုဒ္ဓဘာသာ ဥပဒေ ဖြတ်ထုံး စီရင်ပြုစုရေးကော်မတီ၌ ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၅၄-ခု နှစ်မှာ လွှတ်တော်တရားရေး ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာသော ဦးသိမ်းမောင်ဟာ ၁၉၅၄-ခုနှစ် ဧပြီလ (၂၃)ရက်နေ့တွင် လွှတ် တော်၌ ၁၉၃၉-ခုနှစ် ဥပဒေကိုပြင်ဆင်ဖြည့်စွက်ကာ ထို ဥပဒေကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ၁၉၅၄-ခုနှစ်၊ဗုဒ္ဓဘာသာဝင်မိန်မများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပဲဖြစ်ပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီကတည်းက အမျိုးစောင့်ဥပဒေကို ဆောင်ရွက်ခဲ့ကြတဲ့ သမိုင်းအထောက်အထား တစ်ခုပင် ဖြစ်ပါတော့တယ်။

လွှတ်တော်အစရှိတဲ့ တိုင်းပြည်တစ်ခုရဲ့ အရေးပါ အရာရောက်လှတဲ့ နေရာတွေမှာ အမျိုးဘာသာ သာသနာ စိတ်မရှိသော ပုဂ္ဂိုလ်များ ဦးဆောင်ခဲ့ရင် ဘာသာသာသနာအတွက် ကာကွယ်မှုအားနည်းပြီး တိုင်းပြည်နဲ့လူမျိုးပါ ပြုတ်သွားနိုင်တယ်ဆိုတာကို သတိပြုမိဖို့လည်း လိုအပ်လှပါတယ်။ အကယ်၍ ဦးသိမ်းမောင်ဟာ ဗုဒ္ဓဘာသာဝင်ပင် ဟုတ်ဟုတ်သော်လည်း အမျိုးသားရေးစိတ် မရှိခဲ့ဘူးဆိုရင် ၁၉၅၄-ခုနှစ်ဥပဒေဆိုတာလည်း ပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိပေ။

အမျိုးစောင့်ဥပဒေ ကြိုးပမ်းမှုအဆင့်ဆင့်

ရွှေဒုံးဘီအောင်

အမျိုးစောင့်ဥပဒေနှင့်ပတ်သက်တဲ့ ဆောင်ရွက်ခဲ့မှုများတွင် စာရေးဆရာ ဒါရိုက်တာ ရွှေဒုံးဘီ အောင်ရေးတဲ့ “သွေးနဲ့ရေးတဲ့စာ” ဝတ္ထုလေးကလည်း အမျိုးစောင့် ဥပဒေကို ပုံဖေါ်ထားတာ တွေ့ရပါတယ်။

ဒီဝတ္ထုထဲမှာ လူမျိုးခြား၊ ဘာသာခြားနှင့် လက်ထပ်တော့မည့် ကရင်မလေးတစ်ယောက်ကို ဗမာစစ်သားကြီး တစ်ယောက်က တောထဲခေါ်ပြီး တရားဟောတဲ့ထဲမှာ – လွတ်လပ်ရေးရရင် ဒီဥပဒေကို အရင်ဆုံးတောင်းဆိုမယ် ဆိုတဲ့ စာသားလေးဟာ မြန်မာပြည်သူတွေအတွက်တော့ မီးပြတိုက်ပေါ်က ကျလာတဲ့ ဆလိုက်မီးလေးတစ်ချက်ပင် ဖြစ်ခဲ့ရပါတယ်။

၁၉၄၂-ခုနှစ် ဂျပန်အဝင် အင်္ဂလိပ်အထွက် ရခိုင် ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးကြောင့် ကျေးရွာပေါင်း ၁၅၀-ကျော် မီးလောင်ပျက်စီးပြီး ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်ပေါင်း လေးသောင်းကျော် သေဆုံးခဲ့ရပါတယ်။

အင်္ဂလိပ်နှင့် အတူပါလာခဲ့ကြတဲ့ ဘင်္ဂါလီတွေနှင့် အိန္ဒိယနိုင်ငံ၊ စစ်တကောင်းဒေသမှ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေဟာ မိန်းမများများယူ၊ ကလေးများများမွေးစနစ်နှင့် လူဦးရေ ထူထောင်လိုက်ကြပြီး မွေးဖွားမှုနှုန်း နိမ့်ပါးတဲ့ ရခိုင်တွေထက် လူဦးရေ သာလာလို့ ရခိုင်တွေကို သတ်ဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။

ဘင်္ဂါလီတွေရဲ့ အကြံအစည်ကိုရိပ်မိလို့ သင်္ဘောတွေနဲ့ ထွက်ပြေးသွားတဲ့ အမျိုးသမီးများ၊ အဖိုးအဖွားများ၊ ကလေးသူငယ်များလည်းဝန်နှင့်အားမမျှလို့ သင်္ဘောမှောက်ရာမှာ လူပေါင်းသောင်းချီ သေဆုံးခဲ့ရ ပြန်ပါတယ်။

မေဃဝတီဆရာတော်အရှင်နာရဒ

ဒီအဖြစ်အပျက်ဟာ ဒီမှာတင် ပြီးဆုံးသွာတာ မဟုတ်ဘဲ မတရားအကျင့်ခံခဲ့ရတဲ့ တိုင်းရင်းသူများ၊ ရောင်း စားခံခဲ့ရတဲ့ တိုင်းရင်းသူများ၊ လိင်ကျွန်အပြုခံခဲ့ရတဲ့ တိုင်းရင်းသူများကို ယခင် အိန္ဒိယနိုင်ငံ (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ) စစ်တကောင်းတောင်တန်းပေါ်မှာ များစွာတွေ့မြင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ဆရာတော် မေဃဝတီ အရှင်နာရဒ ဆိုတာ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

ဒီအဖြစ်အပျက်မှန်တွေကို မေဃဝတီ အရှင်နာရဒ ဆရာတော်နှင့် စာရေးဆရာ ဒါရိုက်တာဆရာကြီး ရွှေဒုံးဘီ အောင်တို့က ကိုယ်တော့်ကရုဏာအမည်ရတဲ့ စာအုပ်ထုတ်ဝေရာမှ ပြည်ထောင်စုတစ်ဝှမ်းလုံး မူဆလင်အန္တရာယ်ကို သတိထားမိလာပါတော့တယ်။

သွေးနဲ့ရေးတဲ့စာ၊ ကိုယ်တောင့်ကရုဏာ စာအုပ်များကြောင့် အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာကြတဲ့ ရဟန်းရှင်လူပြည်သူတွေဟာ အမျိုးစောင့်ဥပဒေကိုပဲ ကယ်တင်ရှင်အဖြစ် မျှော်တလင့်လင့် ဖြစ်လာကြပါတော့တယ်။

နှစ်ဖက်လှဦးကျော်လွင်

အမျိုးစောင့်ဥပဒေကို တရားဝင်ဟောပြောပြီး ပြည်သူတွေနှင့် မိတ်ဆက်ပေးသူကတော့ စာရေးဆရာကြီး နှစ်ဖက်လှ ဦးကျော်လွင်ပဲ ဖြစ်ပါတယ်။

ဆရာကြီးဦးကျော်လွင်ဟာ ရဟန်းဘဝမှာ သကျ သီဟဓမ္မာစရိယ-စေတိယင်္ဂဏဓမ္မာစရိယ၊ သာသနဓဇ သိရီပဝရဓမ္မာစရိယဘွဲ့ထူးဂုဏ်ထူးများ ရရှိခဲ့သလို လူ့ဘဝမှာ မဟာဝိဇ္ဇာဘွဲ့နှင့် အထက်တန်းရှေ့နေဘွဲ့များ ကိုလည်း ရရှိခဲ့တာကြောင့် လောကီပညာဘွဲ့၊ ကောကုတ္တရာ ပညာဘွဲ့ တို့ကို အကြောင်းပြုပြီး နှစ်ဖက်လှ ဦးကျော်လွင်ဆိုတဲ့ ကလောင်အမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ဆရာနှစ်ဖက်လှဦးကျော်လွင်ဟာ ဘာသာရေး စာပေများ ရေးသားတဲ့အပြင် တက္ကသိုလ်ကျောင်းတွေမှာ လည်း ဘာသာရေးစာပေ ဟောပြောပွဲများ ဟောပြောခဲ့ ပါတယ်။

ဟောပြောပွဲများ၊ တရားစခန်းများ၊ ယဉ်ကျေးမှု သင်တန်းများ၊ အဘိဓမ္မာသင်တန်းများမှာ အမျိုးစောင့် ဥပဒေအကြောင်း ထည့်သွင်းဟောကြားခဲ့လို့ အမျိုးစောင့်ဥပဒေဆိုတဲ့ နာမည်ကို ကြားဖူးသူတိုင်း အမျိုးစောင့်ဥပဒေရဲ့ တန်ဖိုးကို သိရှိခဲ့ကြပါတော့တယ်။

အာဏာသိမ်းအစိုးရလက်ထက်မှာ သာသနာထွန်း ကား ပြန့်ပွားရေးဌာန ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်၊ ဥပဒေပညာ ရှင်တစ်ဦးလည်းဖြစ်နေလို့ စိတ်ရှိလက်ရှိ မဟောကြားနိုင်ခဲ့ပေမယ့် ဆရာ့တပ်လှန့်သံများကြောင့် သံဃာတော်များနှင့် ကျန်လူငယ် လူရွယ်များ အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာပါတော့တယ်။

ဝီရသူ (မစိုးရိမ်)

အမျိုးစောင့်ဥပဒေ တရားတော်များကို အမွေဆက်ခံ ဟောကြားသူတစ်ဦးကတော့ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူပဲ ဖြစ်ပါတယ်။

အရှင်ဝီရသူဟာ မန္တလေး မစိုးရိမ်တိုက်သစ်မှာ သကျသီဟဓမ္မာစရိယဘွဲ့ယူရန် ကြိုးစားရင်း ၁၉၉၇-ခုနှစ် မှစပြီး အမျိုးသားရေးတရားများ ဟောကြားကာ စာသင်သား သံဃာငယ်လေးများကို စတင်စည်းရုံးခဲ့သူ ဖြစ်ပါတယ်။

ဘွဲ့အမည်အရင်းက အရှင်ဝိစိတ္တဖြစ်သော်လည်း ၂၀ဝ၀-ခုနှစ်မှာ ဝီရသူ(မစိုးရိမ်) ကလောင်အမည်နှင့် ထေရဝါဒတိုက် ပွဲစာအုပ်ကို ရေးသားခဲ့ရာမှ အရှင်ဝီရသူ အမည် ထင်ရှားလာခဲ့ခြင်းဖြစ်ပါတယ်။

အရှင်ဝီရသူဟာ ၂၀ဝ၁-ခုနှစ်၊ ၂၀ဝ၂-ခုနှစ်၊ ၂၀ဝ၃-ခုနှစ်တွေမှာ အမျိုးသားရေးတရားများ လှည့်လည် ဟောကြားရင်း အမျိုးစောင့်ဥပဒေလိုအပ်နေကြောင်း ထည့်သွင်းဟောကြားရာမှ ဗုဒ္ဓဘာသာဝင် သံဃာထုနှင့် လူ ထုအကြား ထောက်ခံမှုများ ရေပန်းစားလာခဲ့ခြင်း ဖြစ်ပါ တယ်။

အမျိုးစောင့်ဥပဒေ ဘာကြောင့်လိုအပ်တယ် ဆိုတာကို ၂၀ဝ၀-ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မုံရွာမြို့နယ် အလုံ တိုက်နယ်မှ ဗုဒ္ဓဘာသာမြန်မာမိန်းမကလေး မစုစုလတ် အသတ်ခံရမှုက ညွှန်းဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

မြန်မာမိန်းကလေး စုစုလတ်ဟာ အလုံတိုက်နယ် ရွှေတံတားရပ်နေ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးလှ မြတ်၊ အလယ် တန်းပြဆရာမ ဒေါ်စန်းရီတို့ရဲ့ စတုတ္ထမြောက် (နို့ညှာ)သမီး ဖြစ်ပါတယ်။

၁၉၇၂-ခုနှစ်မှာ မွေးဖွားပြီး ၁၉၉၈-ခုနှစ်မှာ အိမ်ထောင်ကျကာ ၂၀ဝ၀-ခုနှစ်မှာ အသတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ သတ်သူတွေကတော့ စုစုလတ်ရဲ့ခင်ပွန်း ရာဇင်နှင့်ယောက္ခမ ဦးချို+ဒေါ်မြင့်မြင့်သန်း၊ ယောင်းမဖြစ်သူ နိုရဘီ တို့ပဲ ဖြစ်ပါတယ်။

အထည်ချုပ်စက်ခုံပေါ် ပုလင်းလေးတစ်လုံးထဲ ပန်းကလေးတွေထည့်ပြီး ယတြာချေတာကို ဘုရားပန်း တင်တယ်စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်ကြ တာပဲဖြစ်ပါတယ်။

တရားခံ လေးယောက်လုံးကို ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်ထဲမှာ တော့ နာကျည်းမှုပေါင်းများစွာဟာ အစိုင်အခဲအဖြစ် ကိန်း အောင်းသွားခဲ့ပါတော့တယ်။

စုစုလတ် အသတ်ခံလိုက်ရတဲ့ သတင်းကြားရတဲ့ အချိန်မှာ အမျိုးသားရေးတရား ထဟောဖို့ ပြင်ဆင်နေတဲ့ အရှင်ဝီရသူအတွက် မဖြစ်မနေ ဟောဖို့ကြုံလာခဲ့ရတာကတော့ ဧရာဝတီတိုင်း ကြံခင်းမြို့ရဲ့ အဖြစ်အပျက်လေးပဲ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူကျောင်းဒကာကြီး သေဆုံးသွားတာတောင် အသုဘချခွင့်မရခဲ့တဲ့ ဗုဒ္ဓဘာသာဝင် မြန်အမျိုးသမီး တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းချစ်ရဲ့အဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတာကြောင့် အမျိုးစောင့်တရားနှင့် အမျိုး စောင့်ဥပဒေကို ဧရာဝတီတိုင်း ကြံခင်းမြို့ နဝင်းကုန်း ကျောင်းတိုက်မှာ ၂၀ဝ၁ခုနှစ် မေလမှစပြီး ဟောကြားခဲ့ ပါတော့တယ်။

ဒီအဖြစ်အပျက်တွေကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးလေးများကို ကာကွယ်ဖို့ဥပဒေတစ်ရပ် လိုအပ် နေပြီဆိုတာကို ပြည်ထောင်စုတဝှမ်းလုံးမှ ရဟန်းရှင်လူ ပြည်သူအားလုံးက တညီတညွတ်တည်း သဘောတူလက်ခံခဲ့ ကြပါ တယ်။

အမျိုးသားရေးတရားဟောကြားရင်း နအဖ အစိုးရရဲ့အရေးယူမှုကြောင့် ၂၀ဝ၃-ခုနှစ် အောက်တို ဘာလ မှာ အရှင်ဝီရသူ လူဝတ်ဘဝနှင့် အကျဉ်းစံခံခဲ့ရပါတယ်။ အမျိုးစောင့်ဥပဒေ ရည်မှန်းချက်ကြီးကလည်း အရှင်ဝီရသူ နှင့်အတူ တိမ်မြုပ်သွားခဲ့ရပါတယ်။

အရှင်ဝီရသူ ထောင်မှထွက်လို့ ၅-လကျော်ကာလ ၂၀၁၂-ခုနှစ်၊ ဇွန်လ ၈-ရက်၊ သောကြာနေ့ မွန်းလွဲ တစ်နာရီ ကျော် နေ့ခင်းကြောင်တောင်ကြီးမှာ ရခိုင်ပြည်သူများ အကြမ်းဖက်ခံခဲ့ရပါတယ်။ မောင်းတောမြို့ပေါ် ရပ်ကွက်ကြီးနှစ်ရပ်ကွက်နှင့် ကျေးရွာပေါင်းရှစ်ရွာ မီးလောင်တိုက်အသွင်းခံရလို့ ရခိုင်ပြည်သူများ ခိုကိုးရွာမဲ့ဘဝသို့ ရောက်ရှိခဲ့ ရပါတော့တယ်။

မောင်းတောမြို့နယ် လူဦးရေ(၆)သိန်းကျော်မှာ ရခိုင်အပါအဝင် ဗုဒ္ဓဘာသာဝင်ဦးရေက (၃)သောင်းခန့် သာရှိတော့တဲ့အခါ လူများစု ဘင်္ဂလီအုပ်ကြီးက လူနည်းစု ရခိုင်တိုင်းရင်းသားတွေကို ဘာပြဿနာမျှမဖြစ်ပဲ ဂျီဟဒ် စစ်ပွဲ ဆင်နွှဲလိုက်တာပဲ ဖြစ်ပါတော့တယ်။

မောင်းတောမြို့နယ်နှင့်အတူ ရသေ့တောင် (ဂူတောင် ) စစ်တွေမြို့တို့ပါ တစ်ဆက်တည်း စီးနင်းခံခဲ့ရပါ တယ်။ မူဆလင်တွေ လူဦးရေများလာရင် မူဆလင် မဟုတ်သူတွေပါ တိုက်ခိုက်ပြီး မူဆလင်နိုင်ငံ ထူထောင်ခဲ့တာတွေဟာ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့ပေမယ့် မူဆလင်အန္တရာယ် ကာကွယ်ရေး၊ အမျိုးသားလုံးခြုံရေးနှင့် ပတ်သက်လို့ အစိုးရ အစဉ်အဆက် အားနည်းခဲ့တာကြောင့် ရခိုင်ပြည်သူတို့ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးမှုကြီးမားခဲ့ရခြင်း ဖြစ်ပါတယ်။

ရခိုင်ပြည်ကြီး ဂျီဟတ်အလုပ်ခံလိုက်ရလို့ အပြစ်မဲ့ ဘုန်းကြီးတွေလူတွေ၊ အမျိုးသားတွေအမျိုးသမီးတွေ၊ အဖိုး အဖွားတွေ ကလေးသူငယ်တွေ သေဆုံးခဲ့ရတဲ့အပြင် စေတီ ပုထိုးများ၊ ရုပ်ပွါးတော်များ၊ လူနေအိမ်များ၊ ဆေးရုံ ဆေးခန်း များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ မီးလောင် ပျက်စီးခဲ့ရတဲ့အဖြစ်တွေကြောင့် ကမ္ဘာ့တစ်ဝှမ်းလုံးရှိ ဗုဒ္ဓ ဘာသာဝင်များ ပူဆွေးသောက ရောက်ခဲ့ရပါတယ်။

ကမ္ဘာ့အများစု ဘင်္ဂါလီတွေကြားမှာ ညှိုးငယ်စွာ နေကြရတဲ့ လူနည်းစုရခိုင်ဗုဒ္ဓဘာသာဝင်တွေကတော့ ရှားပါး မျိုးနွယ်စုတစ်ခုလို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ရတော့မယ့် အခြေအနေဆိုးတွေကြောင့် ရခိုင်ပြည်သူလုံခြုံရေး၊ ရခိုင်ပြည် အချုပ်အချာ တည်မြဲရေးတို့နှင့်အတူ ပြည်ထောင်စုတစ်ဝှမ်း လုံးရဲ့ အမျိုးဘာသာသာသနာလုံးခြုံရေးအတွက် တစ်တိုင်းပြည်လုံး တောင့်တခဲ့ကြတဲ့ အမျိုးစောင့်ဥပဒေကြီးပေါ် ပေါက်လာရေးအတွက် မဖြစ်မနေကြိုးပမ်းကြရပါတော့တယ်။ မြန်မာပြည်သူပြည်သားတို့ အန္တရာယ်ကျရောက်တဲ့ အခါတိုင်း ရှေ့တန်းထွက်ပြီး ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့လေ့ရှိတဲ့ သံဃာတော်များက အမျိုးသားအန္တရာယ် ဆိုးကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ ရတော့မည့် အခြေအနေဆိုးကြီးကို ကာကွယ်ရန် အမျိုးစောင့်ဥပဒေကြီးကို စတင်တောင်းဆိုမှုများကို ၂၀၁၂ခု၊ ဇူလိုင်လ(၁၁)ရက်နေ့မှ စတင်လှုပ်ရှား ခဲ့ကြပါတယ်။

မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မုံရွာ၊ အမရပူရ၊ ပြင်ဦး လွင်၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်စမ်း၊ မူဆယ်၊ ကလေး၊ ဟုမ္မလင်း၊ မော်လမြိုင်အစရှိတဲ့ မြို့ကြီးများမှ ပရိယတ္တိနယ်မှာ ထင်ရှားကျော်ကြားသော ဆရာတော်များ၊ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်များ လက်မှတ် ပေါင်း ၁၃၆-ခုနှင့်အတူ တောင်း ဆိုခဲ့ ကြတာ ဖြစ်ပါတယ်။

သံဃာတော်များ တာဝန်ခံတောင်းဆိုသူတွေက တော့ စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မဝေဒဂူကျောင်းမှ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသနှင့် မန္တလေးမစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင် ဝီရသူ) ဆရာတော်တို့ ဖြစ်ပါတယ်။

ဒီဆရာတော်များထဲမှ လက်မှတ်ရရှိရေးအတွက် တစ်ကျောင်းဝင်တစ်ကျောင်းထွက်၊ တစ်မြို့ဝင် တစ်မြို့ထွက်၊ တစ်နိုင်ငံလုံး လှည့်လည်၍ လက်မှတ်ကောက်ခံခဲ့သူများ ကတော့ …

မစိုးရိမ်တိုက်သစ်မှ အရှင်ဝီရသူ၊ မစိုးရိမ်တိုက် ကြီးမှ အရှင်ဣန္ဒာစက္ကာဘိဝံသ၊ သီတဂူအရှင်ဒေဝိန္ဒာ ဘိဝံသ၊ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင် သစ္စဝေဒဂူ ဆရာတော် အရှင်ခေမာစာရနှင့် ဟုမ္မလင်းမြို့ မြို့မပရိယတ္တိ စာသင်တိုက် ဆရာတော်လေး အရှင်ပညာဗလတို့ ဖြစ်ပါ တယ်။

ဟုမ္မလင်းမြို့မှ အရှင်ပညာဗလဆရာတော်က နိုင်ငံတော်သံဃမဟာနာယကဆရာတော်များထံမှ ဩဝါဒ ခံယူခြင်း၊ နေပြည်တော်သို့သွား၍ လွတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပါတီအသီးသီးသို့သွား အကူ အညီများ အကြံအÓဏ်များ တောင်းခံခြင်းတို့ ပြုလုပ်ခဲ့ပါ တယ်။

လွှတ်တော်ကိုယ်စားလှယ်အများစုက ကိုယ်ပိုင် မဆုံးဖြတ်ဝံ့ခြင်း၊ လူ့အခွင့်အရေးနှင့်မညီဟုဆိုကာ ပယ်ချခဲ့ ခြင်းကြောင့် သာသနာရေးဌာနနှင့် နိုင်ငံတော်သံဃ မဟာ နာယက ဆရာတော်ကြီးများကိုသာ အားကိုးခဲ့ရပါတော့တယ်။ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများ အနေဖြင့် တောင်းဆိုပေးမည်ဆိုလျှင် ရနိုင်ခြေရှိသော်လည်း နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက မှတ်တမ်းအဖြစ်သာ လက်ခံထားမည်ဖြစ်ကြောင်း ကျော ထောက်နောက်ခံ အင်အားလုံးဝမရှိတော့တဲ့ အဆင့် အထိ ရောက်သွားခဲ့ရပါတယ်။

အသက်သိက္ခာဝါတော်အရ ရဟန်းပျိုအဆင့်သာ ရှိသေးသည့် အရှင်ဝီရသူနှင့် သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ တို့ရဲ့ တာဝန်ခံတောင်းဆိုမှုဟာ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ အဆင့်တောင် မရောက်လိုက်ဘဲ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရပါတယ်။

မဘသအဖွဲ့ကြီး

ကျွန်ုပ်တို့ နေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးတို့ စုပေါင်း နေထိုင်ခဲ့ကြပါတယ်။ ထိုတိုင်းရင်းသားများဟာ ဘာသာ အယူဝါဒကြောင့် ပြဿနာတစ်စုံတရာ မဖြစ်ခဲ့ကြပါ။ မိမိတို့ ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခဲ့ကြပါတယ်။ နိုင်ငံ တော်ကလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဥပဒေနှင့်အညီ ပေးထားပြီးသားလည်း ဖြစ်ပါတယ်။

သို့ရာတွင် ယခုနောက်ပိုင်းကာလ၌ အခြားနိုင်ငံ သားများ ဘာသာခြား၊ လူမျိုး ခြားများ ဝင်ရောက်လာပြီး နောက် ဘာသာရေး အယူအဆကြောင့်လည်းကောင်း၊ လူမျိုးရေးအသွင်သဏ္ဍာန်ဖြင့်လည်းကောင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကို အတင်းသွတ်သွင်းခြင်းများ၊ အရွယ်မရောက်သေးသော ဘာသာမတူသည့် မိန်းကလေးများကို နည်းမျိုးစုံဖြင့် လက်ထပ်ပြီး ဘာသာသွတ်သွင်းခြင်းများ၊ အဓမ္မပြုကျင့်ခြင်းများရှိလာခဲ့ရာ ထိုကဲ့သို့သော ဘာသာ အယူဝါဒကြောင့် ပြဿနာများ ထပ်မံမဖြစ်ပေါ်စေရန် အတွက် လည်းကောင်း၊ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားများ ညီအစ်ကို မောင်နှမများ ညီညွတ်ငြိမ်းချမ်းစွာ အတူနေထိုင် နိုင်ရေးအတွက်လည်းကောင်း၊ အမျိုးဘာသာ သာသနာ (တိုင်းပြည်နှင့်လူမျိုး) ကို မပျောက်ပျက်အောင် တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လည်းကောင်း တူညီစွာလိုက်နာကြရမည့် ဥပဒေများ ဖေါ်ဆောင်ရန် အခြေအနေအချိန်အခါသို့ ရောက်ရှိနေပြီဟု ဦးဆောင်ဆရာတော်များက သုံးသပ်မိပါသဖြင့် အမျိုးစောင့် ဥပဒေပေါ်ထွက်အောင် ကြိုးပမ်းရာတွင် ထိရောက်မှုရှိစေ ရေးနှင့် ညီညွတ်မှု ရရှိရေးကိုပါစဉ်းစားတော်မူကြပြီး မဘသအဖွဲ့ ဖွဲ့စည်းရေးကို ဆက်လက်လှုပ်ရှားခဲ့ကြပါတယ်။

ရွာမပရိယတ္တိစာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော်ဘဒ္ဒန္တ တိလောကာဘိဝံသ ဦးစီးဦးဆောင်မှုပြုကာ အောက်ပါ ဆရာတော်များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းတိုင်ပင်ခဲ့ကြပါ တယ်။

ပိဋကသုံးပုံ နိကာယ်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ

(ရွှေရတု တိပိဋကဓရ၊ပါဠိပါရဂူ၊ တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)၊

တိပိဋကပုလဲရောင်ရှိန်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလ

(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)၊

သိမ်ဇရပ် ဓမ္မဒူတပရိယတ္တိ စာသင်တိုက်       ဆရာတော် ဘဒ္ဒန္တ ပညာဝရ၊

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယ ကျောင်း နာယကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်)၊

မရမ်းကုန်း၊ စံပြသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တ ကောသလ္လ၊

အပေါင်မြို့နယ် ဆရာတော် ဘဒ္ဒန္တ ကဝိသာရ၊

        ရှင်စန္ဒာသီရိ

(အင်းစိန်မြို့နယ်လုံးဆိုင်ရာ ပူးပေါင်း ဆွမ်းလောင်းအသင်းကြီး-မိုဘိုင်းလ်)၊

အဆိုပါတွေ့ဆုံပွဲကို အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက် အစည်းအဝေးခန်းမကြီး၌ (၆.၅.၂၀၁၃) တနင်္လာ နေ့၊ နေ့လယ်(၂)နာရီတွင် ကျင်းပခဲ့ကြပြီး ညှိနှိုင်းသဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။

အစည်းအဝေးဆုံးဖြတ်ချက်များမှာ-

၁။       အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဟု အမည်သတ်မှတ် ခေါ်တွင်စေရန်၊

၂။       အဖွဲ့ကို

(က)    နိုင်ငံတော်ဩဝါဒါစရိယဆရာတော်များ ပါဝင်သည့် ဦးဆောင် ဆရာတော်များအဖွဲ့၊

(ခ)     စာသင်တိုက်ဆရာတော်များပါဝင်သည့် ဦးဆောင်ဆရာတော်များအဖွဲ့၊

(ဂ)     ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယဆရာတော်များ ပါဝင်သည့်ဦးဆောင်ဆရာတော်များအဖွဲ့ ဟူ၍           ဖွဲ့စည်းထားရှိရန်

၃။       ဦးဆောင်ဆရာတော်များအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရန်          အတွက် –

စာသင်တိုက်ဆရာတော်များကို ဘဒ္ဒန္တ တိလော ကာဘိဝံသကလည်းကောင်း နိုင်ငံတော် ဩဝါဒါ စရိယနှင့် တိပိဋက ဆရာတော်များကို ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသနှင့် ဘဒ္ဒန္တဣန္ဒပါလ တို့က လည်းကောင်း၊ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်များကို ဘဒ္ဒန္တ ပညာဝရနှင့် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်) တို့ကလည်းကောင်း တာဝန်ယူနှိုးဆော် စည်းရုံး ဆောင်ရွက်ရန်၊

၎။       အမျိုးဘာသာ သာသနာကို မကွယ်ပျောက်အောင် တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် အမျိုးစောင့်ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် (ရေရှည်) စီမံချက် ချမှတ်ဆောင်ရွက်သွားရန်၊

၅။       အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ပြည်သူ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်စေရန်အတွက် သင့်တော်သည့်အချိန်တွင် ပုံနှိပ်မီဒီယာနှင့် အွန်လိုင်း မီဒီယာများ အသုံးပြု၍ အသိပညာပေးဆောင်ရွက်သွားရန်၊

၆။       အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူလူထု အင်အားကို ညီညွတ်စွာ ပူးပေါင်း ရယူဆောင်ရွက်သွားရန်၊

၇။       ဘာသာရေးç လူမှုရေးအဖွဲ့အစည်းများနှင့် လူထု အခြေပြုအသိပညာစည်းရုံးရေး ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များကို –

အထက်မြန်မာပြည် တာဝန်ခံဆရာတော် အဖြစ် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်) က လည်းကောင်း၊

အောက်မြန်မာပြည် တာဝန်ခံဆရာတော်အဖြစ် ဘဒ္ဒန္တပညာဝရကလည်းကောင်း တာဝန်ယူဆောင်ရွက် ရန်တို့ဖြစ်ပါတယ်။

၎င်း၌ သိမ်ဇရပ် ဓမ္မဒူတပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပညာဝရမှ ၄င်း၏ဒကာအရင်းဖြစ်သူ ဦးရဲခေါင်ညွန့် (B.S.C., BL) တရားလွှတ်တော် ရှေ့ကြီး နေအိမ်သို့ ကြွရာက်ပြီး အထက်ပါ ဥပဒေများကို အမြန်ဆုံး ရေးဆွဲပေးရန် တိုက်တွန်းတောင်းဆိုခဲ့သဖြင့် ဦးရဲခေါင်ညွန့် က တာဝန်ယူခဲ့ပါတယ်။ တာဝန်ယူပြီး မူကြမ်းကို ဆရာ တော်ထံ တင်ပြခဲ့ပါတယ်။

၎င်းနောက် ဆရာတော်က ရွာမပရိယတ္တိစာသင်တိုက် အင်းစိန်ဆရာတော်ကြီး ဘဒ္ဒန္တ တိလောကာဘိဝံသ အားတင်ပြ၍ မူကြမ်းကိုလက်ခံတော်မူ၍ ကိုယ်တိုင် ဦး ဆောင်ပါဝင်ပေးရန်အတွက်လည်း လက်ခံတော်မူခဲ့ပါတယ်။

သာသနာနှစ် ၂၅၅၇ခု၊ ကောဇာနှစ် ၁၃၇၅ခု၊ နယုန်လပြည့်ကျော် (၄)ရက်၊ ခရစ်နှစ် ၂၀၁၃၊ ဇွန် (၂၇)ရက် ကြာသပတေးနေ့တွင် အင်းစိန်မြို့ အောင် ဆန်းတောရတပ်ဦးကျောင်းတိုက်၌ သံဃာ (၁၅၅၃) ပါး တို့ တက်ရောက်သည့် သံဃာ့ညီလာခံကြီးက အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုအဖွဲ့ကြီး စတင်ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ မဘသ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အတွင်း လူမျိုးရေး ဘာသာရေးများ၌ အကြမ်းဖက်မှုပဋိပက္ခများ မဖြစ်စေရန် အသိပညာပေး စည်းရုံးတားဆီး ကာကွယ်နိုင်ရေး နိုင်ငံသူ/သားအားလုံး အပြန်အလှန် ချစ်ကြည် လေးစားလျက် စည်းကမ်းတကျ ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး”ဟူသော မူဝါဒကို အခြေခံထားကာ  ဆောင်ရွက်ကြ ခြင်း ဖြစ်ပါတယ်။

အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက်၊ ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါ စရိယလည်း ဖြစ်တော်မူသော ဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်ကြီးကဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ တစ်နိုင်လုံး ရပ်ကွက်/ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ တိုင်းဒေသကြီး စသည်ဖြင့် ဖွဲ့စည်းပုံ အတိုင်း အဆင့်ဆင့်ဖွဲ့စည်းထားခဲ့ကြပါတယ်။

အမျိုးစောင့်ဥပဒေ တောင်းဆိုခြင်း

ဘာသာခြား လူမျိုးခြားများနှင့် လက်ထပ်ထိမ်းမြားကြသော မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများ အတွက် စနစ်တကျ ကာကွယ်ထားသည့် ဥပဒေမရှိခဲ့သဖြင့် အိမ် ထောင်ခန်းပြဿနာ ပေါ်လာသောအခါ မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများ ခေတ်အဆက်ဆက် နစ်နာဆုံးရှုံးခဲ့ရသည်။ ထိုကဲ့သို့မဖြစ်စေရန် မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများအတွက် လုံခြုံစိတ်ချရသည့် ဓမ္မဝိနယနှင့် ညီသည့် တရားဥပဒေ အကာအကွယ်ပြုလုပ်ပေးရန် ဥပဒေပညာရှင်များထံ မဘသအဖွဲ့ကြီးက တောင်းခံခဲ့ကြပါတယ်။ ဥပဒေပညာရှင်များအဖွဲ့က-

၁။       ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊

၂။       မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊

၃။       တစ်လင်တစ်မယားစနစ်ဥပဒေနှင့်

၎။       လူဦးရေတိုးပွားနှုန်းဆိုင်ရာ ဥပဒေ

ဟူသော ဤဥပဒေလေးရပ်ကို ရေးဆွဲပေးခဲ့ကြ ပါတယ်။

မဘသဖွဲ့စည်းခဲ့တဲ့ အင်းစိန်သံဃာ့ညီလာခံကြီးမှာပဲ ဥပဒေပညာရှင်ကြီး ဆရာဦးရဲခေါင်ညွန့် ရေးဆွဲပေးတဲ့ အမျိုးစောင့်ဥပဒေလေးရပ်မူကြမ်း အပြည့်အစုံကို ဝေငှဖြန့် ဝေပေးနိုင်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ လူ့အခွင့်ရေးသမား များ အမျိုးသမီးအခွင့်အရေး သမားများ နိုင်ငံတကာစံနှုန်း တိုင်းတာသူများက ဥပဒေကို မလေ့လာဘဲ “အမျိုးစောင့်ဥပဒေ”ဟူသော အသံကြားရုံနဲ့တင် စတင်ကန့်ကွက်ကြပါ တော့တယ်။

မဘသဆရာတော်များကလည်း ဝေဖန်မှုမျိုးစုံကြားထဲက အမျိုးဘာသာ သာသနာအတွက် တစိုက်မတ်မတ် ဆောင် ရွက်ခဲ့ကြပါတယ်။

မဘသအဖွဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး ဒေါက်တာ အရှင် သောပါက၊ ရှင်စန္ဒာသီရိ၊ ဆရာဦးအောင်မြိုင်၊  ဓမ္မစက္က ဦးမောင်မောင်၊ ရှေ့နေဦးအေးပိုင်၊ စာရေးဆရာ မောင်သွေးချွန် အစရှိတဲ့ဆရာများက မဘသအကြောင်း သိကောင်း စရာ အမျိုးစေင့်ဥပဒေဆိုင်ရာများ  အမျိုးသားရေးဟော ပြောပွဲများ လိုက်လံဟောပြောပြီး မဘသအဖွဲ့တွေကိုလည်း တစ်နိုင်ငံအလုံးအနှံ့ လိုက်လံဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။

ထိုမှတစ်ဖန် (၂၇.၆.၂၀၁၃) နေ့စွဲဖြင့် ဥပဒေရေးရာ ဌာနအတွက် ဥပဒေပညာရှင်များအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း လက်မှတ်များ ကောက်ခံခဲ့ကြပါတယ်။

ထိုဥပဒေ ၄-ရပ်မူကြမ်းနှင့်တကွ မြန်မာ့တိုင်းရင်းသားများ အိမ်ထောင်ခန်းနှင့်ပတ်သက်၍ လုံခြုံစိတ်ချလောက် သော အကာအကွယ်များ ဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတကြီးထံ မဘသအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး ကိုယ်တိုင် လက်မှတ်ရေးထိုး၍တောင်းဆိုခဲ့ပါတယ်။

၂၀၁၄ ခု၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မြန်မာ နိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့အစည်းကြီး ဖွဲ့ စည်းခဲ့ပြီးတဲ့နောက် ၂၀၁၄ ခု၊ ဖေဖော်ဝါရီလ ၂၃ ရက် နေ့က နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ကြီးရဲ့ ဗုဒ္ဓပူဇနိယကွင်း၊ နေပြည်တော်အမျိုး သားကဇာတ်ရုံ ကွင်းကြီးထဲမှာ အမျိုးဘာသာ သာသနာစောင့် ရှောက် ရေးအဖွဲ့ကြီးရဲ့ ကြီးမှူး ညွှန်ကြားချက်အရ ဝံသာနု ရက္ခိတ အဖွဲ့ကြီးက စီစဉ်ကျင်းပတဲ့ “မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေး လူထုဆန္ဒခံယူပွဲကြီး” ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရေး လူထုဆန္ဒခံယူပွဲကြီးမှာ ပရိသတ် ငါးသောင်းကျော်တက်ရောက်ခဲ့ပြီး ဆန္ဒပြု လက်မှတ်ပေါင်းများစွာလည်း ကောက်ခံရရှိခဲ့ပါတယ်။

လုံခြုံစိတ်ချလောက်သော အကာအကွယ် ဥပဒေများ ဆောင်ရွက်ပေးပါရန် နိုင်ငံတော်သမ္မတကြီးထံ မဘသ အဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ၂၀၁၃-ခု၊ ဇူလိုင်လ ၉-ရက်နေ့တွင် ပြည်သူလူထု လက်မှတ် များနှင့်တကွ တောင်းဆိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြခဲ့ရာတွင် နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန်က အမျိုးစောင့်ဥပဒေ ကြမ်းသည် လူမျိုးခြား ဘာသာခြားများနှင့် လက်ထပ် ထိမ်းမြားထားသော မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အကျိုး စီးပွားကို ကာကွယ်ပေးမည်ဖြစ်ကြောင်း (၂၅.၂.၂၀၁၄) နေ့စွဲဖြင့် ပြည် ထောင်စုလွှတ်တော် နာယကထံ အထက် အကြောင်းအရာပါ ဥပဒေများပြဋ္ဌာန်းပေးရန် ကိစ္စအတွက် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ရဟန်းရှင်လူ ပြည်သူအများ တို့ကလည်း ထိုဥပဒေများကို အမြန်ဆုံး ပြဋ္ဌာန်းပေးပါရန် လက်မှတ်ရေးထိုး တင်ပြတောင်းဆိုခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုလွှတ်တော် နာယက ကြီးထံ ပေးပို့ပြီးစာတွင် ]]အမျိုးဘာသာ သာသနာနှင့် တိုင်း ပြည်အကျိုးကို စောင့်ရှောက်ရန်လိုလားကြသော ဦးဆောင် ဆရာတော်များ၊ နိုင်ငံတစ်ဝန်းရှိ သံဃာတော်များ အပါ အဝင်နိုင်ငံသား (၁၃၃၅၆၀ဝ)ဦးတို့က လက်မှတ်ရေးထိုး ဆန္ဒပြုထားခြင်းဖြစ်ကြောင်း}} ဖော်ပြထားခဲ့ပါသည်။

(ဒုတိယအသုတ် လက်မှတ်ထိုးပြီး မတင်ပြသေးဘဲ စုဆောင်း ထားသည်များ နှင့်ပေါင်းပါက လက်မှတ်ပေါင်း (၄)သန်း ကျော် ငါးသန်းခန့် စုဆောင်းထားခဲ့ပြီးဖြစ်ပါတယ်)

၂၀၁၅၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သူရ ဦးရွှေမန်းက နိုင်ငံတော်သမ္မတကြီးထံ အကြောင်းကြားစာ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ စနေနေ့ က မဘသ အဖွဲ့(ဗဟို)ရဲ့ ဦးဆောင်မှုနဲ့ ရန်ကုန်မြို့မှာ ရဟန်းရှင်လူ ပရိသတ်ပေါင်း သိန်းချီလျက် ]အမျိုး စောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး လူထုတောင်းဆို ပွဲကြီး}ကို စတင်ကျင်းပ နိုင်ခဲ့ကြပါတယ်။

အလားတူ  ၂၀၁၄ ခု၊ အောက်တိုဘာလ ၃၀ ရက်၊ ကြာသပတေးနေ့က မန္တလေးမဘသရဲ့ ဦးဆောင်မှုနဲ့ မန္တလေးမြို့မှာ မျိုးစောင့်ဥပဒေအမြန်ပြဋ္ဌာန်းပေးရေး လူထုဆန္ဒပြတောင်း ဆိုပွဲကြီးကိုလည်း ကျင်းပနိုင်ခဲ့ကြ ပါတယ်၊ ပရိသတ်အင်အား (၁) သိန်းကျော် ပါဝင်ခဲ့ကြ ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်မဘသအဖွဲ့ပေါင်း ၂၅၀ ကျော် ရှိလာမှုနဲ့အတူ မဘသအဖွဲ့ကြီးရဲ့ လှုပ်ရှားမှုများ အင်အား ကောင်းလာတာနဲ့အမျှ ဆက်တိုက်မြို့နယ်တိုင်း တောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတော်သမ္မတကြီးနဲ့ သက်ဆိုင်ရာ လွှတ်တော်အစိုးရအဖွဲ့များက အသိအမှတ်ပြုခဲ့ကြခြင်းကြောင့် တောင်းဆိုမှုများ ရပ်လိုက် ကြပါတယ်။

မဘသအဖွဲ့များကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လပတ်အစည်းအဝေးပွဲများ၊ နှစ်ပတ်လည် ညီလာခံပွဲများ၊ အထူး အစည်းအဝေးပွဲများစသည့် အမျိုးဘာသာ သာသနာ အတွက် ရှုထောင့်မျိုးစုံကနေ ကာကွယ်ရေးစောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတကြီးရဲ့ တင်ပြလာမှုကြောင့် ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ် တော်}ဟူသော လွှတ်တော် ၃-ရပ်က လိုအပ်သလို ပြုပြင် ဖြည့်စွက်၍ ဆွေးနွေးခဲ့ကြပြီး ထောက်ခံမဲ အပြတ်အသတ် ဖြင့် အတည်ပြုလိုက်တဲ့ အဆိုပါ ဥပဒေ ၄-ရပ်ကို နိုင်ငံတော် သမ္မတကြီးက ထပ်မံအတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီး ပြဋ္ဌာန်းပေးလိုက်ခြင်းကြောင့် ဤဥပဒေ ၄-ရပ် ပေါ်ပေါက် လာရခြင်း ဖြစ်ပါတယ်။

၂၀၁၅ ခု၊ ဩဂုတ် လ ၃၁ ရက် နေ့ဟာ အမျိုးစောင့် ဥပဒေလေးရပ်စလုံးကို သမ္မတကြီးဦးသိန်းစိန်က အပြီးသတ် လက်မှတ် ရေးထိုးလိုက်သည့်နေ့မို့ ယင်းနေ့ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင် နေ့ထူးတစ်နေ့ပင် ဖြစ်ခဲ့ရသလို မဘသအတွက် အမျိုးဘာသာ သာသနာတော်အတွက် အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ခဲ့ရပါတယ်။

အမျိုးစောင့်ဥပဒေမရှိ၍ နစ်နာဆုံးရှုံးမှုများ

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် အိမ်ထောင်ခန်းဆိုင်ရာ ဥပဒေများ ရှိပင်ရှိငြားသော်လည်း လုံလောက်အောင် ကာကွယ်ပေးနိုင်စွမ်းမရှိသောကြောင့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများဟာ နစ်နာ ဆုံးရှုံး ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံရှိ အခြားဘာသာများကြီးများ ဖြစ် သော အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်ဘာသာများ၏ အိမ် ထောင်ခန်းဥပဒေများတွင် ၄င်းတို့ဘာသာဝင်မဟုတ် သူ နှင့်လက်ထပ်ထိမ်းမြားလျှင် (ဇနီးမယားအဖြစ် ပေါင်း သင်းလျှင်) တရားဝင်ဇနီးမယား ဖြစ်ခွင့်မရှိဟု ပါရှိ ကြောင်း တွေ့ရပါတယ်။ ပစ္စည်းအမွေခံစားခွင့်နှင့် ပတ် သက်ရင်လည်း မည်သည့်အကျိုးခံစားခွင့်၊ ပိုင်ဆိုင်ခွင့်မျှ မရရှိဘဲ နစ်နာဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ကြရပါတယ်။

သို့သော်လည်း ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုး သမီးများဟာ ဘာသာခြား များနဲ့လက်ထပ်နေကြရတယ်၊ အတင်းအကျပ် လက်ထပ်ခြင်းလည်း ခံနေရပါတယ်။ ဗုဒ္ဓဘာသာထဲဝင်ပါ့မယ်လို့ ပြောပြီးလိမ်လည် လက်ထပ်ခြင်း မျိုးလည်း ရှိခဲ့ပါတယ်။

ဘာသာကူးပြောင်းခြင်းနှင့်ပတ်သက်ရင်လည်း လက်မထပ်ခင်က ကြိုက်တဲ့ဘာသာကို ကိုးကွယ်ခွင့်ပေး မယ်လို့ ကတိပေးခဲ့ပေမယ့် လက်ထပ်ပြီးသည့် နောက် ပိုင်းတွင်တော့ ထိုကဲ့သို့မျိုးမဟုတ်တော့ဘဲ နည်းမျိုးစုံနဲ့ ဘာသာကူးပြောင်းခိုင်းလာ တတ်ကြပါတယ်။

အနုနည်းနဲ့မရပါက အကြမ်းနည်းကိုသုံးပြီး အတင်းအကျပ်ဘာသာကူးပြောင်းစေတာမျိုးတွေ ရှိခဲ့သလို ရိုက်နှက်နှိပ်စက်ခြင်းဖြင့် ဘာသာကူးပြောင်း စေတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်တဲ့ ဘုရားရှင်ရဲ့ ရုပ်ပွားတော် ပုံတော်များကိုပင် ခြေနဲ့နင်းပြီးသူတို့ ဘာသာ အတွင်းသို့ အတင်းဝင်ခိုင်းတာမျိုးလည်း ရှိခဲ့ပါတယ်။

ဘာသာခြားယောကျာ်းလေးက ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးနှင့် ချစ်ကြိုက်မိ၍ ဗုဒ္ဓဘာသာသို့ ဝင်ပါ့မယ်ဟု လိမ်လည် ပြောဆို၍လက်ထပ်မှုများ၊ လက်မထပ်ခင်က အချစ်နယ်ကျွံခဲ့မိလို့ ကိုယ်ဝန်ရလာတဲ့အခါမှာလည်း ဗုဒ္ဓဘာသာသို့ ဝင်မယ်လို့ပြောပြီး လက်ထပ်ခဲ့မှုများ ပြုလုပ်လာတတ်ကြပါတယ်။ အမှန်တကယ်လက် ထပ်ပြီး သွားချိန်မှာတော့ မိန်းကလေးကိုပဲ ကိုးကွယ်ခွင့် ပေးထားပြီး  တဖြေးဖြေးနဲ့ကလေး လေးငါးယောက် မွေးသည်အထိ ချော့မော့အချိန်ဆွဲလာခဲ့ကြပါတယ်။ ယင်း နောက်မှာတော့ ဘာသာခြား ယောကျာ်းက သူ့စီမံကိန်း အတိုင်း ဇနီးနှင့်ကလေးများကိုပါ သူ့ဘာသာထဲသို့ ရောက်အောင် နည်းမျိုးစုံသုံးပြီး သွတ်သွင်းကြတာမျိုး လည်း ရှိခြင်းကြောင့် “လွတ်လပ်စွာကိုးကွယ်ခွင့်”ဆိုတဲ့ အခြေခံဥပဒေရဲ့ အကျိုးခံစားမှုကို မရကြတော့ဘဲ နစ်နာ ဆုံးရှုံးမှု များစွာ ဖြစ်ခဲ့ရပါတယ်။

ဘာသာခြား လူမျိုးခြားများဟာ ချစ်ကြိုက်အောင် လုပ်၍ စော်ကားကာ ကိုယ်ဝန်ရှိလာတော့ ထွက်ပြေးတိမ်း ရှောင်တာမျိုးတွေ၊ လက်ထပ်ပြီးလို့ ကလေးမွေးပြီးမှ နောက်မိန်းမ မယားကြီးနဲ့ ကလေးများစွာတို့ ရှိကြောင်း သိခဲ့ရတာမျိုးတွေ၊ သူတို့ဘာသာခြားများရဲ့ ဥပဒေနှင့်အညီ လက်ထပ်တာ မဟုတ်လို့ တရားဝင်မယား မဖြစ်ဘူး ပြောတဲ့အတွက် နစ်နာဆုံးရှုံးခဲ့ရတာမျိုးတွေလည်း များစွာ ရှိခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာမိန်းကလေးများကို ဘာသာခြားများက အဓမ္မပြုကျင့်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းအပါအဝင် သေဆုံးရသည် အထိရက်စက်စွာ ပြုလုပ်ခဲ့ကြတာတွေဟာလည်း ယနေ့အချိန်အထိ ရှိနေဆဲဖြစ်တာကို စိတ် မကောင်းစွာ မြင်တွေ့ရပါတယ်။

ဘာသာခြားများဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဥစ္စာပစ္စည်း နည်းမျိုးစုံထောက်ပံ့မှုပေး၍ လက်ထပ် ပေါင်းသင်းခြင်း ၄င်းတို့၏ဘာသာသို့ ကူး ပြောင်းစေခြင်းများ ပြုလုပ်တတ်ကြသည့်အတွက်လည်း နစ်နစ်မှုများစွာ တို့ ဖြစ်ခဲ့ရပါတယ်။

အခြားဘာသာများဟာ မိန်းမများစွာ ယူကြပြီး ကလေးများစွာ မွေးဖွားခြင်းကြောင့်လည်း လူဦးရေတိုးပွားကာ စီးပွားရေး ကျန်းမာရေးစသည်များ ဆိုးရွားစေသည့် အပြင် ဘာသာရေးနှင့်ယဉ်ကျေးမှုကိုပါ လွှမ်းမိုးချုပ်ကိုင်ခြင်းဖြင့် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနှင့်နယ်မြေ လုံခြုံရေးစသည့်တို့ကိုပါ ပျက်စီးစေခြင်း၊ ပဋိပက္ခများစွာတို့လည်း ဖြစ်ပေါ်စေခြင်း စသည့်စိုးရိမ် ထိတ်လန့်ဖွယ်ရာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

ဘာသာခြားများဟာ မိမိမှာ တရားဝင်ဇနီးမယား တစ်ယောက်ရှိသည့်အပြင် အခြားသမီးပျိုတို့အား လိမ် လည်၍ မယားများစွာ ထပ်ကာထပ်ကာယူနေခြင်း ကြောင့် ဇနီးများမှာ စိတ်ဆင်းရဲခြင်းများစွာ ခံစားရပြီး မယား အချင်းချင်း မသင့်မမြတ် ဖြစ်ကြခြင်း၊ မယားများ၏ သားသမီးများဟာလည်း ၄င်းတို့အချင်းချင်း ပြဿနာ မျိုးစုံတို့ ဖြစ်ကြခြင်း၊ ကွာရှင်းလိုကြောင်းပြောသောအခါ တွင်လည်း မယားဘက်က ငွေများစွာပေးရပြီး ကွားရှင်း ခိုင်းခြင်း၊ ဥပဒေအရ တရားဝင်မယား မဟုတ်ခြင်းကြောင့် ဘာပစ္စည်းမှ ပိုင်ဆိုင်ခွင့်မရဘဲ ကိုယ်တစ်ခု အဝတ်တစ် ထည်ဖြင့်သာ အိမ်ပြန်ခဲ့ကြရခြင်း၊ အိမ်က မိဘကလည်း ဘာသာခြားနဲ့ယူကတည်းက သဘောမတူတဲ့အတွက် အိမ်ပြန်လာတဲ့သမီးကို နာကျည်းစွာ လက်မခံကြခြင်းစတဲ့ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများစွာတို့ နစ်နာဆုံးရှုံးခဲ့ကြရတာဟာလည်း ယနေ့အချိန်တိုင်အောင်ပင် ဖြစ်ပါတယ်။

ယခုအမျိုးစောင့်ဥပဒေကြီး ပေါ်ထွက်လာခြင်း ကြောင့် အထက်ပါဖြစ်ရပ်များ ထပ်မံမဖြစ်နိုင်တော့ဘဲ မြန်မာအမျိုးသမီးတို့ ဘဝလွတ်လပ်ပြီး အေးအေး ချမ်း ချမ်း နေထိုင်နိုင်ကြတော့မှာ ဖြစ်သည့်အပြင် ဘာသာရေး လူမျိုးရေးစတဲ့ ပဋိပက္ခများလည်း မဖြစ်တော့ဘဲ ငြိမ်းချမ်း လာမှာပင် ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေရဲ့ တရားမျှတမှု

အမျိုးစောင့်ဥပဒေ ၄-ရပ်ပြဋ္ဌာန်းချက်များကို လေ့လာကြည့်ရာတွင်- ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီး များ ဘာသာခြားနှင့် လက်မထပ်ရဟု ကန့်သတ်ချုပ်ချယ် ထားခြင်း မရှိသောကြောင့် တရားမျှတတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေ ပေါ်ထွက်လာတဲ့အတွက် ကြောင့် ဘာသာခြားများရဲ့ဥပဒေအတိုင်းသာ ဆုံးဖြတ်ခံခဲ့ ရတဲ့ အခွင့်အရေး ဆုံးရှုံးနစ်နာမှုများစွာကို အကာအကွယ်များ ပေးနိုင်သည့်အပြင် ဘာသာခြားများကိုလည်း နစ်နာအောင် ဆောင်ရွက်ထားမှုများ မတွေ့ရပါ။ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အတင်းအကျပ် ဘာသာကူးပြောင်းစေခြင်းမျိုး မရှိတော့တဲ့အတွက် မိမိတို့ယုံကြည်ချက်ဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လက်ထပ်ခွင့်များလည်း ရရှိလာနိုင်မှာ ဖြစ်ပါတယ်။

လူဦးရေတိုးပွားနှုန်း ထိန်းညှိပေးထားခြင်းကြောင့် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကြပ်တည်းမှုများပါ လျော့ ချနိုင်ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်လာကာ လူမျိုး ရေးဝါးမျိုးမှုများပါ လျော့ကျစေနိုင်သည့်အတွက် တိုင်း ပြည်နဲ့လူမျိုးအတွက် အလွန်မျှတတဲ့ ဥပဒေဖြစ်ပါ ကြောင်း ပြည်သူလူထုအပေါင်းကို အသိပေးအပ်ပါတယ်။

ထို့အပြင် “သွေးဆောင်ခြင်း၊ ဖြားယောင်း ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မလျော်ဩဇာသုံးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အလွဲပြောဆိုခြင်းတို့အရ မဟုတ်ဘဲ မိမိတို့၏ လွတ်လပ်သောဆန္ဒအရ ထိမ်း မြားရန် သဘော တူညီခြင်း ဖြစ်ရမည်”ဟု အမျိုးစောင့် ဥပဒေတွင်ပါရှိခြင်းကြောင့် ဘယ်သူ့ကိုမျှ မထိခိုက်ဘဲ မျှတကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

ထို့အပြင် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ယောကျာ်း များဟာ ဗုဒ္ဓဘာသာဝင်မိန်းမအား သူတို့ယုံကြည့်သည့် ဘာသာကို လွတ်လပ် စွာကိုးကွယ်ခွင့်ပြုခြင်း၊ လင်နှင့် မယားတို့ နေထိုင်သည့်အိမ်တွင် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမက  ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓပုံတော်များ၊ စေတီပုထိုး ပုံတော်များ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာပုံတော်များ၊ ဗုဒ္ဓ ဘာသာနှင့်သက်ဆိုင်သော အသုံးအဆောင် ပစ္စည်းများ ကို ထားရှိခွင့်၊ ကိုးကွယ်ခွင့် ပေးထားခြင်း။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမက အလှူဒါနပြုလုပ်ခြင်း။ ဘုရားရှိခိုးခြင်း၊ တရားဓမ္မနှင့်ပရိတ်ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနာခြင်း၊ တရားထိုင်ခြင်း၊ ဘုရား ကျောင်းကန်များသို့ သွားရောက်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဗုဒ္ဓစာပေများ၊ ကျန်းဂန်များ ထားရှိ လေ့လာဖတ်ရှုခြင်း၊ ကြည့်ရှုခြင်း၊ နားကြားခြင်း၊ ဗုဒ္ဓ ဘာသာဆိုင်ရာ ဆောင်ရွက်မှုတို့ကိုပါ ခွင့်ပြုပေးထားတဲ့ အတွက် အမျိုးစောင့်ဥပဒေဟာ မည်သည့်ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း မရှိသောကြောင့် အမှန်အကန်ပင် မျှတပါကြောင်း တင်ပြအပ်ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ ဂုဏ်ပြုကြိုဆိုပွဲ

အမျိုးစောင့်ဥပဒေပေါ်ပေါက်လာပြီးနောက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် အောင်ပွဲများ ကျင်းပနိုင်ရေးအတွက် မဘသ (ဗဟို)ဦးဆောင်များ အထူး အစည်းအဝေးတစ်ရပ်ကို ၃၁.၈.၂၀၁၅ နေ့က အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ပါတယ်။ ၄င်းအစည်းအဝေးကြီးက ဆုံးဖြတ်ချက်ချမှတ်လိုက်သည့် အတိုင်းပင် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မဘသအဖွဲ့များက-

၁၄.၉.၂၀၁၅ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး

၁၅.၉.၂၀၁၅ နေ့တွင် မွန်ပြည်နယ်

၁၆.၉.၂၀၁၅ နေ့တွင် ကရင်ပြည်နယ်

၁၇.၉.၂၀၁၅ နေ့တွင် ပဲခူးတိုင်းဒေသကြီး

၁၈.၉.၂၀၁၅ နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး

၁၉.၉.၂၀၁၅ နေ့တွင် ရခိုင်ပြည်နယ်

၂၀.၉.၂၀၁၅ နေ့တွင် ဧရာဝတီတိုင်းဒေသကြီး

၂၁.၉.၂၀၁၅ နေ့တွင် မန္တလေးတိုင်းဒေသကြီး

၂၂.၉.၂၀၁၅နေ့တွင် မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း

၂၃.၉.၂၀၁၅ နေ့တွင် ကယားပြည်နယ်

၂၄.၉.၂၀၁၅ နေ့တွင် နေပြည်တော်

၂၅.၉.၂၀၁၅ နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း

၂၆.၉.၂၀၁၅ နေ့တွင် ကချင်ပြည်နယ်

၂၇.၉.၂၀၁၅ နေ့တွင်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အသီးအသီး အောင်ပွဲခံဂုဏ်ပြုပွဲများ ကျင်းပခဲ့ကြပါ တယ်။

၁၃၇၇-ခု၊ တော်သလင်းလပြည့်ကျော် (၆)ရက်၊ (၄.၁၀.၂၀၁၅)နေ့မှာတော့ နိုင်ငံလုံးဆိုင်ရာပွဲတော်ကြီး အဖြစ် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးမှာ ကျင်းပ ခဲ့ကြပါတယ်။

အဆိုပါပွဲတော်ကြီးတွင် မြန်မာနိုင်ငံရှိ ဒေသ ပေါင်းစုံ တိုင်းရင်းသားပေါင်းစုံတို့ တက်ရောက်ခဲ့ကြ ပါတယ်။ “ညီညွတ်မျှတ ငြိမ်းချမ်းမှုကို ဖေါ်ဆောင် သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ”ဟူသော ခေါင်း စဉ်ဖြင့် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေဟာ ညီညွတ်မှု မျှတမှုရှိသည့် အပြင် ငြိမ်းချမ်းမှုကိုပါ ဖေါ်ဆောင်ပေးနိုင်ကြောင်းကို လည်း ပြသပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာများလည်း တက်ရောက်သတင်းရယူ ကြသလို နိုင်ငံတကာသံရုံးသံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင် များ၊ အနုပညာရှင်များ၊ နိုင်ငံရေးပါတီများလည်း တက် ရောက်ခဲ့ကြပါတယ်။

ဆရာတော်သံဃာတော်များ သီလရှင်ဆရာကြီး ဆရာလေးများ လူပုဂ္ဂိုလ်များစတဲ့ပရိသတ်ပေါင်း တစ်သိန်းခွဲခန့် တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနား မစမီတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ရဲ့ရိုးရာယဉ် ကျေးမှု အကများဖြင့်လည်း ဂုဏ်ပြုဖျော်ဖြေခဲ့ကြပါတယ်။

အခမ်းအနားကြီးစတင်ချိန်မှာတော့ ရှေးဦးစွာ မဘသဥက္ကဋ္ဌဆရာတော်ကြီးဦးဆောင်၍ သီတဂူဆရာ တော်ကြီး အပါအဝင် တိပိဋကဓရဆရာတော်များအား အခမ်းအနားစင်မြင့်ထက်သို့ ထီးဖြူမိုး၍ စည်တော် ယွန်းကာ ပင့်ဆောင်ခဲ့ကြပါတယ်။ မြန်မာတို့ရဲ့ ဘာသာ ရေးယဉ်ကျေးမှုနှင့်တကွ သံဃာတော်များကို ပြည်သူ လူထုက အလေးထားမှုတွေကိုပါ ကမ္ဘာကို သိစေနိုင်ခဲ့ ပါတယ်။

ယင်းအောင်ပွဲအခမ်းအနားကြီးမှာ မဘသအဖွဲ့ ဥက္ကဋ္ဌ၊ အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက် ပဓာန မဟာနာယက အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တတိလောကာဘိဝံသဆရာတော်ကြီးက မဘသအဖွဲ့ကြီးနှင့်ပတ်သက်သော စကားများ၊ အမျိုးစောင့်ဥပဒေနှင့်ပတ်သက်သောအကြောင်းအရားများကို မိန့်ကြားတော်မူပါတယ်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူ ဆရာတော်ကြီးကလည်း အမျိုးဘာသာ သာသနာဆိုင်ရာ ကိစ္စနှင့်ဆိုင်သော ဩဝါဒစကားများလည်း မိန့်ကြားတော် မူခဲ့ပါတယ်။

ထို့အပြင် အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာအဖြစ် အမျိုးစောင့်ဥပဒေအကျဉ်းချုပ် စာတမ်းကိုလည်း အကယ်ဒမီများရှင် ရုပ်ရှင်သရုပ်ဆောင် နေအောင်ကလည်း ဟန်ပန်အမူအရာ တက်ြွကစွာနဲ့ ဖတ်ကြားသွားခဲ့ပါတယ်။

ပွဲတော်ကြီးရဲ့ နိဂုံးချုပ်ဩဝါဒစကားအဖြစ် မဘသ (ဗဟို) အတွင်းရေးမှူး မော်လမြိုင်မြို့ မြစေတီ စာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ၊ ပါဠိပါရဂူ၊ မြစေတီ ဆရာတော်ဘဒ္ဒန္တဝိမလဗုဒ္ဓိက မိန့်ကြားတော်မူခဲ့ပါတယ်။

ဤ နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေဂုဏ်ပြုကြိုဆိုပွဲကြီးဟာ မြန်မာ့သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသလို သမိုင်းတစ်ခေတ်ကိုလည်း ဆန်းသစ်စေမည့်အမျိုးသားရေးဆောင်ရွက်မှုကြီးလည်း ဖြစ် ပါတယ်။ အမိမြန်မာနိုင်ငံတော်အတွက် ဂုဏ်ယူစရာ ကောင်းလှတဲ့ အောင်ပွဲကြီးပင် ဖြစ်ပါကြောင်း ဂုဏ်ယူစွာ တင်ပြ လိုက်ရပါတယ်။

နိဂုံးချုပ်အားဖြင့် မဘသဦးဆောင် ဆရာတော်ကြီးများနှင့်အမျိုးဘာသာ သာသနာချစ်မြတ်နိုးကြသူ ပြည်သူလူထုက တောင်းဆိုကြ၍နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းပေးလိုက်သော အမျိုးစောင့်ဥပဒေဟာ မြန်မာ နိုင်ငံ သမိုင်းတစ်လျှောက်တွင် မော်ကွန်းမှတ်တမ်း ထိုး နိုင်လောက်အောင် အောင်မြင်ခဲ့ပါပြီ။ ဂုဏ်ယူစရာ ကောင်းလှတဲ့ ညီညွတ်ခြင်း မျှတခြင်းနှင့်အတူ  ငြိမ်းချမ်း ခြင်းကိုပါ ဖေါ်ဆောင်ပေးနိုင်သည့် ဥပဒေအဖြစ် ဂုဏ်ယူ ဝင့်ြွကား သမိုင်းမော်ကွန်းမှတ်တမ်း ထိုးလိုက်ရပါတယ်။

ထိုဥပဒေ ၄-ရပ်မှာ-

(က)    လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ

(၂၀၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂၈)

(ခ)     ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ

(၂၀၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၄၈)

(ဂ)     မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ

(၂၀၁၅ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်-၅၀)

(ဃ)    တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ

(၂၀၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၅၄) တို့ဖြစ်ပါတယ်။

ဤအမျိုးစောင့်ဥပဒေ ၄-ရပ်လုံးတွင်-

မည်သည့် ဘာသာ သာသနာကိုသော်လည်းကောင်း၊ လူ့အခွင့်အရေးçအမျိုးသမီးအခွင့်အရေး ချိုး ဖောက်မှုစသည်ကိုသော်လည်းကောင်း ၊ ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ပြည်သူလူထု၏ အခွင့်အရေး တစ်စုံ တစ်ရာကိုသော်လည်းကောင်း၊ ထိခိုက်ခြင်း၊ ယုတ်လျော့စေခြင်း မရှိပါကြောင်း ထပ်လောင်း တင်ပြအပ်ပါတယ်။

မဘသမအဖွဲ့ကြီး၏ ဦးဆောင်တောင်းဆိုမှု ကြောင့် နိုင်ငံတော်က ပြဋ္ဌာန်းပေးလိုက်သော သမိုင်းတစ် ခေတ်တွင်လောက်သည့် အမျိုးစောင့်ဥပဒေကြီး (၄)ရပ် အောင်မြင်အောင် ဆောင်ရွက်ရာတွင်-

– ဥပဒေလေးရပ်လုံးကို အတည်ပြုလက်မှတ်ထိုး၍ ပြဋ္ဌာန်းပေးသော ဇွဲ၊ သတ္တိ၊ သဒ္ဓါ၊ ဝီရိယ၊ ပညာ၊ စေတနာတို့ဖြင့်           ဆောင်ရွက်ပေးခဲ့သော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အားလည်းကောင်း၊

–         နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းအတည်ပြုခြင်း ကိစ္စများ ပြီးစီးအောင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ အားပေးကြသော တစ်နိုင်ငံလုံးရှိ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့ အားလည်းကောင်း၊

–         အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးအတွက် အပင်ပန်းခံ ကိုယ်ကျိုးစွန့်ကာ ပါဝင်ပေးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းအားလည်း ကောင်း၊

–         ကိုယ်တိုင်လက်မှတ်ထိုး၍ တောင်းဆိုပေးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား လည်းကောင်း၊

–         အားပေးကူညီကြသည့် သံဃာ့အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်းများ၊ ပရဟိတအသင်း အဖွဲ့များအား လည်းကောင်း၊

–         အမြှော်အမြင်ကြီးစွာဖြင့် တောင်းဆိုပေးခဲ့ကြသော ဦးဆောင်ဆရာတော်ကြီးများနှင့် ပါဝင် ဆောင်ရွက်ပေးခဲ့ ကြသော ဥပဒေပညာရှင်များအားလည်းကောင်း၊

–         ထိုဥပဒေများကို လွှတ်တော်အသီးသီးမှ ပြဋ္ဌာန်း အတည်ပြုပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ် အသီး သီးတို့အားလည်းကောင်း၊

–         လွှတ်တော်သို့တင်သွင်းပေးသော လွှတ်တော် အမတ်များနှင့် ထောက်ခံဆွေးနွေးပေးကြသော လွှတ်တော် ကိုယ်စားလှယ် အသီးသီးကို လည်း ကောင်း၊  အထူးကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင်၍ ဂုဏ်ပြုသမိုင်းမော်ကွန်း ထိုးလိုက်ရ ပါသည်။

ကမ္ဘာတည်သ၍ သာသနာတည်ပြီး သာသနာ တည်သမျှကာလပတ်လုံး အမျိုးစောင့်ဥပဒေ တည်တံ့ ပါစေသတည်း…။

လေးစားစွာဖြင့်

စီစဉ်သူ

ဒေါက်တာအရှင်သောပါက

(၂၀၁၅၊ နိုဝင်ဘာလ)