သတင္းေဆာင္းပါး

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၀)


“တရားပြဲ ေမတၱာ”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္ကူး အထူးလက္ေဆာင္)

စာေရးသူသည္ ဝါတြင္းကာလ စာဝါဖြင့္ခ်ိန္မ်ား၌ စာဝါအပ်က္မခံေပ။ တရားပြဲမ်ားကိုလည္း မႏၲေလးပတ္ဝန္းက်င္ ၿမိဳ႕႐ြာပြဲမ္ားျဖစ္မွသာ လက္ခံႏိုင္ပါသည္။ ညတြင္းခ်င္းျပန္ေရာက္မည့္ပြဲမ်ိဳး မဟုတ္လွ်င္ အဖိတ္ေန႔ညႏွင့္ ဥပုသ္ေန႔ညတို႔ကိုသာ ေပးေလ့ရွိပါသည္။ ျပည္နယ္ပြဲမ်ားဆိုလွ်င္ သီတင္းကြၽတ္ေက်ာင္းပိတ္ခ်ိန္ႏွင့္ ေႏြေက်ာင္းပိတ္ခ်ိန္မ်ား၌သာ ႂကြေရာက္ေလ့ရွိပါသည္။ စာေရးသူတို႔မစိုးရိမ္တိုက္သစ္၌ တစ္ႏွစ္တာစာဝါမ်ားကို ကဆုန္လမွစတင္ပို႔ခ်ၾကသျဖင့္ ျပာသို တပို႔တြဲေရာက္ၿပီဆိုလွ်င္ စာဝါၿပီးျပတ္သည္က မ်ားပါသည္။ ထိုအခါမ်ိဳး၌ ကရင္ ကခ်င္ ရခိုင္ စသည့္ ျပည္နယ္မ်ားသို႔ ဓမၼဒူတခရီးမ်ား ႂကြေရာက္ရပါသည္။

ရပ္နီးျဖစ္ေစ ရပ္ေဝးျဖစ္ေစ တရားပြဲမ်ားသြားသည့္အခါ ေမတၱာပို႔သေလ့ရွိပါသည္။ တရားပြဲက်င္းပရာ ၿမိဳ႕႐ြာရွိ နတ္ေဒဝါမ်ား၊ ဆရာေတာ္သံဃာေတာ္မ်ား၊ တရားပြဲဦးေဆာင္ပုဂၢိဳလ္အသင္းအဖြဲ႕မ်ား၊ တရားပြဲေဝယ်ာဝစၥျပည္သူမ်ား၊ တရားပြဲလာေရာက္မည့္ ပရိသတ္မ်ားကို ပထမဦးစြာ ေမတၱာပို႔သပါသည္။ ဥပမာ- တရားပြဲက်င္းပရာ ေ႐ႊဘိုၿမိဳ႕နယ္၊ ေညာင္ပင္သာ႐ြာရွိ ဘုမၼစိုး၊ ႐ုကၡစိုး၊ အာကာသစိုး၊ သာသနာေတာ္ေစာင့္နတ္မင္းႀကီးႏွင့္တကြ နတ္ေကာင္းနတ္ျမတ္အေပါင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ…။

ေညာင္ပင္သာ႐ြာရွိ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ႐ြာသူ႐ြာသားအေပါင္း သူေတာင္ေကာင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ…။

တရားပြဲဦးေဆာင္က်င္းပသူအေပါင္း သူေတာင္ေကာင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ…။
တရားပြဲႀကိဳဆိုေရးပရိသတ္အေပါင္း သူေတာ္ေကာင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ…။
တရားပြဲေဝယ်ာဝစၥပုဂၢိဳလ္အေပါင္း သူေတာ္ေကာင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ…။
တရားပြဲတည္ရွိရာ ၿမိဳ႕႐ြာမ်ားၿပီးလွ်င္ တရားပြဲသြားရာ လမ္းတစ္ေလွ်ာက္ရွိ နတ္လူသတၱဝါမ်ားကို ေမတၱာပို႔သပါသည္။ ေ႐ႊဘိုၿမိဳ႕နယ္ ေညာင္ပင္သာ႐ြာ လမ္းတစ္ေလွ်ာက္ရွိ နတ္လူသတၱဝါဟူသမွ်တို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ…။
ၿပီးလွ်င္ က်န္ရစ္ခဲ့သည့္ မႏၲေလးၿမိဳ႕ႀကီး၊ မစိုးရိမ္တိုက္သစ္ႀကီးႏွင့္ စပ္ဆက္သမွ်ကို ဆက္လက္ပို႔သပါသည္။ မႏၲေလးၿမိဳ႕ရွိ ဘုမၼစိုး၊ ႐ုကၡစိုး၊ အာကာသစိုး၊ သာသနာေတာ္ေစာင့္နတ္မင္းႀကီးႏွင့္တကြ နတ္ေကာင္းနတ္ျမတ္အေပါင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ…။
မစိုးရိမ္တိုက္သစ္ရွိ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ နတ္လူသတၱဝါဟူသမွ်တို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ…။

အႀကိဳညမွာ အခ်ိန္ရလွ်င္ အႀကိဳညကတည္းက ႀကိဳတင္ပို႔သတတ္ပါသည္။ ကားေပၚေရာက္သည့္အခါ၌လည္း ဖုန္းဆက္ၫႊန္ၾကားျခင္း၊ မစၥေကာလ္မ်ား ျပန္ဆက္ျခင္း၊ ဖုန္းျဖင့္ ေဆြးေႏြးစရာမ်ား ေဆြးေႏြးျခင္းတို႔ၿပီးသည္ႏွင့္ ေမတၱာအာ႐ုံစယူတတ္ပါသည္။ ပင္ပန္းလြန္းလွ်င္ျဖစ္ေစ၊ ေန႔ဘက္ မအိပ္စက္လိုက္ရလွ်င္ျဖစ္ေစ ေမတၱာပို႔ရင္း အိပ္ေပ်ာ္သြားေလ့ရွိပါသည္။

ထို႔ေၾကာင့္ တရားပြဲလက္ခံသည့္တပည့္မ်ားက ဝႈိက္ဘုတ္ေပၚမွာ ၿမိဳ႕၊ ႐ြာ၊ တရားပြဲအမည္၊ ပင့္ဖိတ္သူ၊ ဖုန္းနံပါတ္ စသည္တို႔ကို ျပည့္စုံစြာ ေရးထားတတ္ၾကသလို ရပ္ေဝးမွ တပည့္မ်ားကလည္း တရားပြဲေၾကာ္ျငာ လက္ကမ္းစာေစာင္မ်ား ဗီႏိုင္းပိုစတာမ်ား ႀကိဳတင္ပို႔ထားေပးတတ္ၾကပါသည္။ မပို႔လွ်င္လည္း စာေရးသူက လွမ္းေမးတတ္ပါသည္။ အခ်ိဳ႕တပည့္မ်ားက ‘ လႈိင္သာယာတရားပြဲသြားရမည္ ’ ဤမွ်သာ သိထားၾကပါသည္။ ခ်ိန္းဆိုသည့္ေနရာသာ မွတ္သားထားၿပီး တရားပြဲႏွင့္ စပ္ဆက္သည့္ အခ်က္အလက္မ်ားကိုမူ လုံးဝ မသိရွိၾကပါ။ ထိုအခါ စာေရးသူက စုံစမ္းခိုင္းရပါသည္။ ရန္ကုန္ဆိုလွ်င္ ရပ္ကြက္အမည္၊ လမ္းအမည္၊ ရပ္ကြက္အမွတ္၊ လမ္းအမွတ္၊ တရားပြဲအမည္ စသည္တို႔ကို သိထားဖို႔ လိုပါသည္။ ဥပမာ- လႈိင္သာယာ၊ ၁၉ရပ္ကြက္၊ ငုဝါလမ္း၊ ေထရဝါဒအထူးတရားပြဲ စသည္ သိရလွ်င္ ေမတၱာပို႔သည့္အခါ လြယ္ကူစြာ အာ႐ုံယူႏိုင္ပါသည္။ လမ္းအမွတ္ ရပ္ကြက္အမွတ္ တရားပြဲေနရာတို႔ကို မွန္းဆ၍ ေမတၱာပို႔သႏိုင္ပါသည္။

ေမတၱာပို႔ၿပီးသည့္အခါ ခဏနားပါသည္။ ကားေပၚပါ တပည့္မ်ား ဒါယကာမ်ားႏွင့္ စပ္မိစပ္ရာ ေျပာၾကားျခင္း၊ တရားေတာ္မ်ား ဖတ္မွတ္ျခင္း၊ တရားကဗ်ာမ်ား ရွာေဖြျခင္း၊ ဂါထါပါဠိမ်ား အလြတ္က်က္ျခင္း စသည္တို႔ကို စိတ္ေအးေအးထား လုပ္ေဆာင္ပါသည္။

တရားပြဲမေရာက္ခင္ ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္၍ အမွ်ေပးေဝျခင္း၊ ေမတၱာပို႔သျခင္းဟူသည့္ ေန႔စဥ္ပုံမွန္လုပ္ငန္းမ်ားကို ကားေပၚမွာပင္ ဝတ္မပ်က္ေအာင္ လုပ္ေဆာင္ပါသည္။

တရားပြဲၿပီး၍ ျပန္ႂကြလာသည့္အခါ၌လည္း မဟာသမယပရိတ္ေတာ္ ခုနစ္သုတ္ ႐ြတ္ဖတ္ပူေဇာ္ အမွ်ေဝ ေမတၱာပို႔ရပါသည္။ ပင္းပန္းလြန္းသည့္အခါ အိပ္ေရးမဝသည့္အခါမ်ိဳးႀကဳံရလွ်င္ ၿပီးဆုံးသည္မထင္ပါ။ အိပ္ေပ်ာ္သြားလိုက္ ျပန္႐ြတ္လိုက္ႏွင့္ အစမွ ျပန္ေက်ာ့ေနရသျဖင့္ အၿပီးမသတ္ႏိုင္ ျဖစ္ခဲ့သည္က မ်ားတတ္သလို အိပ္ေပ်ာ္ေနစဥ္ ေရာင္ယမ္း႐ြတ္ဆိုေနသည္မ်ားလည္း ရွိတတ္ပါသည္။

တရားပြဲသို႔ ညေနကတည္းက ေရာက္ေနလွ်င္ လမ္းေလွ်ာက္ ပ႒ာန္း႐ြတ္ အမွ်ေဝ ေမတၱာပို႔ပါသည္။ အိပ္ေရးလည္းဝမည္၊ တရားပြဲလည္း ေစာေစာၿပီးမည္ဆိုလွ်င္ မဟာသမယပရိတ္ေတာ္မ်ား ေျဖာင့္ျဖဴးစြာ ႐ြတ္ဆိုပူေဇာ္ႏိုင္ပါသည္။ ထိုအခါ တာဝန္တစ္ရပ္ေက်သြားသလို မိမိကိုယ္မိမိ အားရေက်နပ္ေနမိပါေတာ့၏။

တရားပြဲက်င္းပရာ ၿမိဳ႕႐ြာမ်ားမွာ အိပ္ရသည့္အခါ လူေျခတိတ္ခ်ိန္ေစာင့္၍ မဟာသမယပရိတ္ေတာ္မ်ား ႐ြတ္ဖတ္ပူေဖာ္ပါသည္။ နတ္ေဒဝါမ်ား နာယူခြင့္ရေအာင္ သစ္ပင္ႀကီးမ်ားေအာက္မွာ စႀကႍေလွ်ာက္လ်က္ ႐ြတ္ဖတ္ပူေဇာ္ကာ နတ္ေဒဝါမ်ားကို ဖိတ္ၾကားျခင္း၊ အမွ်အတန္းေပးေဝျခင္း၊ ေမတၱာပို႔သျခင္းမ်ားကို အားပါးတရ ျပဳလုပ္တတ္ပါသည္။ နတ္ေဒဝါမ်ား နာယူသည္ မနာယူသည္ မသိမျမင္ရေသာ္လည္း မိမိစိတ္ထဲ၌ ၾကည္ႏူးမႈေပါင္းမ်ားစြာ ခံစားရသည္ကား အရသာတစ္မ်ိဳးပင္ ျဖစ္ေလသတည္း။
(တရားပြဲေမတၱာ ၿပီးပါၿပီ။)

ဝီရသူ(မစိုးရိမ္)
1.5.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၀)


“တရားပွဲ မေတ္တာ”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)

စာရေးသူသည် ဝါတွင်းကာလ စာဝါဖွင့်ချိန်များ၌ စာဝါအပျက်မခံပေ။ တရားပွဲများကိုလည်း မန္တလေးပတ်ဝန်းကျင် မြို့ရွာပွဲမ်ားဖြစ်မှသာ လက်ခံနိုင်ပါသည်။ ညတွင်းချင်းပြန်ရောက်မည့်ပွဲမျိုး မဟုတ်လျှင် အဖိတ်နေ့ညနှင့် ဥပုသ်နေ့ညတို့ကိုသာ ပေးလေ့ရှိပါသည်။ ပြည်နယ်ပွဲများဆိုလျှင် သီတင်းကျွတ်ကျောင်းပိတ်ချိန်နှင့် နွေကျောင်းပိတ်ချိန်များ၌သာ ကြွရောက်လေ့ရှိပါသည်။ စာရေးသူတို့မစိုးရိမ်တိုက်သစ်၌ တစ်နှစ်တာစာဝါများကို ကဆုန်လမှစတင်ပို့ချကြသဖြင့် ပြာသို တပို့တွဲရောက်ပြီဆိုလျှင် စာဝါပြီးပြတ်သည်က များပါသည်။ ထိုအခါမျိုး၌ ကရင် ကချင် ရခိုင် စသည့် ပြည်နယ်များသို့ ဓမ္မဒူတခရီးများ ကြွရောက်ရပါသည်။

ရပ်နီးဖြစ်စေ ရပ်ဝေးဖြစ်စေ တရားပွဲများသွားသည့်အခါ မေတ္တာပို့သလေ့ရှိပါသည်။ တရားပွဲကျင်းပရာ မြို့ရွာရှိ နတ်ဒေဝါများ၊ ဆရာတော်သံဃာတော်များ၊ တရားပွဲဦးဆောင်ပုဂ္ဂိုလ်အသင်းအဖွဲ့များ၊ တရားပွဲဝေယျာဝစ္စပြည်သူများ၊ တရားပွဲလာရောက်မည့် ပရိသတ်များကို ပထမဦးစွာ မေတ္တာပို့သပါသည်။ ဥပမာ- တရားပွဲကျင်းပရာ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာရှိ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ သာသနာတော်စောင့်နတ်မင်းကြီးနှင့်တကွ နတ်ကောင်းနတ်မြတ်အပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…။

ညောင်ပင်သာရွာရှိ ဆရာတော်သံဃာတော်များနှင့် ရွာသူရွာသားအပေါင်း သူတောင်ကောင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…။

တရားပွဲဦးဆောင်ကျင်းပသူအပေါင်း သူတောင်ကောင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…။
တရားပွဲကြိုဆိုရေးပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…။
တရားပွဲဝေယျာဝစ္စပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…။
တရားပွဲတည်ရှိရာ မြို့ရွာများပြီးလျှင် တရားပွဲသွားရာ လမ်းတစ်လျှောက်ရှိ နတ်လူသတ္တဝါများကို မေတ္တာပို့သပါသည်။ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာ လမ်းတစ်လျှောက်ရှိ နတ်လူသတ္တဝါဟူသမျှတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…။
ပြီးလျှင် ကျန်ရစ်ခဲ့သည့် မန္တလေးမြို့ကြီး၊ မစိုးရိမ်တိုက်သစ်ကြီးနှင့် စပ်ဆက်သမျှကို ဆက်လက်ပို့သပါသည်။ မန္တလေးမြို့ရှိ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ သာသနာတော်စောင့်နတ်မင်းကြီးနှင့်တကွ နတ်ကောင်းနတ်မြတ်အပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…။
မစိုးရိမ်တိုက်သစ်ရှိ ဆရာတော်သံဃာတော်များနှင့် နတ်လူသတ္တဝါဟူသမျှတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…။

အကြိုညမှာ အချိန်ရလျှင် အကြိုညကတည်းက ကြိုတင်ပို့သတတ်ပါသည်။ ကားပေါ်ရောက်သည့်အခါ၌လည်း ဖုန်းဆက်ညွှန်ကြားခြင်း၊ မစ္စကောလ်များ ပြန်ဆက်ခြင်း၊ ဖုန်းဖြင့် ဆွေးနွေးစရာများ ဆွေးနွေးခြင်းတို့ပြီးသည်နှင့် မေတ္တာအာရုံစယူတတ်ပါသည်။ ပင်ပန်းလွန်းလျှင်ဖြစ်စေ၊ နေ့ဘက် မအိပ်စက်လိုက်ရလျှင်ဖြစ်စေ မေတ္တာပို့ရင်း အိပ်ပျော်သွားလေ့ရှိပါသည်။

ထို့ကြောင့် တရားပွဲလက်ခံသည့်တပည့်များက ဝှိုက်ဘုတ်ပေါ်မှာ မြို့၊ ရွာ၊ တရားပွဲအမည်၊ ပင့်ဖိတ်သူ၊ ဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံစွာ ရေးထားတတ်ကြသလို ရပ်ဝေးမှ တပည့်များကလည်း တရားပွဲကြော်ငြာ လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ကြိုတင်ပို့ထားပေးတတ်ကြပါသည်။ မပို့လျှင်လည်း စာရေးသူက လှမ်းမေးတတ်ပါသည်။ အချို့တပည့်များက ‘ လှိုင်သာယာတရားပွဲသွားရမည် ’ ဤမျှသာ သိထားကြပါသည်။ ချိန်းဆိုသည့်နေရာသာ မှတ်သားထားပြီး တရားပွဲနှင့် စပ်ဆက်သည့် အချက်အလက်များကိုမူ လုံးဝ မသိရှိကြပါ။ ထိုအခါ စာရေးသူက စုံစမ်းခိုင်းရပါသည်။ ရန်ကုန်ဆိုလျှင် ရပ်ကွက်အမည်၊ လမ်းအမည်၊ ရပ်ကွက်အမှတ်၊ လမ်းအမှတ်၊ တရားပွဲအမည် စသည်တို့ကို သိထားဖို့ လိုပါသည်။ ဥပမာ- လှိုင်သာယာ၊ ၁၉ရပ်ကွက်၊ ငုဝါလမ်း၊ ထေရဝါဒအထူးတရားပွဲ စသည် သိရလျှင် မေတ္တာပို့သည့်အခါ လွယ်ကူစွာ အာရုံယူနိုင်ပါသည်။ လမ်းအမှတ် ရပ်ကွက်အမှတ် တရားပွဲနေရာတို့ကို မှန်းဆ၍ မေတ္တာပို့သနိုင်ပါသည်။

မေတ္တာပို့ပြီးသည့်အခါ ခဏနားပါသည်။ ကားပေါ်ပါ တပည့်များ ဒါယကာများနှင့် စပ်မိစပ်ရာ ပြောကြားခြင်း၊ တရားတော်များ ဖတ်မှတ်ခြင်း၊ တရားကဗျာများ ရှာဖွေခြင်း၊ ဂါထါပါဠိများ အလွတ်ကျက်ခြင်း စသည်တို့ကို စိတ်အေးအေးထား လုပ်ဆောင်ပါသည်။

တရားပွဲမရောက်ခင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်၍ အမျှပေးဝေခြင်း၊ မေတ္တာပို့သခြင်းဟူသည့် နေ့စဉ်ပုံမှန်လုပ်ငန်းများကို ကားပေါ်မှာပင် ဝတ်မပျက်အောင် လုပ်ဆောင်ပါသည်။

တရားပွဲပြီး၍ ပြန်ကြွလာသည့်အခါ၌လည်း မဟာသမယပရိတ်တော် ခုနစ်သုတ် ရွတ်ဖတ်ပူဇော် အမျှဝေ မေတ္တာပို့ရပါသည်။ ပင်းပန်းလွန်းသည့်အခါ အိပ်ရေးမဝသည့်အခါမျိုးကြုံရလျှင် ပြီးဆုံးသည်မထင်ပါ။ အိပ်ပျော်သွားလိုက် ပြန်ရွတ်လိုက်နှင့် အစမှ ပြန်ကျော့နေရသဖြင့် အပြီးမသတ်နိုင် ဖြစ်ခဲ့သည်က များတတ်သလို အိပ်ပျော်နေစဉ် ရောင်ယမ်းရွတ်ဆိုနေသည်များလည်း ရှိတတ်ပါသည်။

တရားပွဲသို့ ညနေကတည်းက ရောက်နေလျှင် လမ်းလျှောက် ပဋ္ဌာန်းရွတ် အမျှဝေ မေတ္တာပို့ပါသည်။ အိပ်ရေးလည်းဝမည်၊ တရားပွဲလည်း စောစောပြီးမည်ဆိုလျှင် မဟာသမယပရိတ်တော်များ ဖြောင့်ဖြူးစွာ ရွတ်ဆိုပူဇော်နိုင်ပါသည်။ ထိုအခါ တာဝန်တစ်ရပ်ကျေသွားသလို မိမိကိုယ်မိမိ အားရကျေနပ်နေမိပါတော့၏။

တရားပွဲကျင်းပရာ မြို့ရွာများမှာ အိပ်ရသည့်အခါ လူခြေတိတ်ချိန်စောင့်၍ မဟာသမယပရိတ်တော်များ ရွတ်ဖတ်ပူဖော်ပါသည်။ နတ်ဒေဝါများ နာယူခွင့်ရအောင် သစ်ပင်ကြီးများအောက်မှာ စင်္ကြံလျှောက်လျက် ရွတ်ဖတ်ပူဇော်ကာ နတ်ဒေဝါများကို ဖိတ်ကြားခြင်း၊ အမျှအတန်းပေးဝေခြင်း၊ မေတ္တာပို့သခြင်းများကို အားပါးတရ ပြုလုပ်တတ်ပါသည်။ နတ်ဒေဝါများ နာယူသည် မနာယူသည် မသိမမြင်ရသော်လည်း မိမိစိတ်ထဲ၌ ကြည်နူးမှုပေါင်းများစွာ ခံစားရသည်ကား အရသာတစ်မျိုးပင် ဖြစ်လေသတည်း။
(တရားပွဲမေတ္တာ ပြီးပါပြီ။)

ဝီရသူ(မစိုးရိမ်)
1.5.2020