သတင္းေဆာင္းပါး

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၄)

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၄)
“မေဟာ္သဓာ တစ္ေန႔တာ”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္အထူးလက္ေဆာင္)

ကိုယ့္ေက်ာင္းကိုယ့္ကန္ႏွင့္ မေနထုိင္ရေသာ ယခုအခါ၌ စာလည္း မခ်ရ၊ တရားေဟာလည္း မထြက္ရ၊ ပရိသတ္ႏွင့္လည္း မထိေတြ႔ရ၊ တပည့္မ်ားႏွင့္လည္း အတူမေနရသျဖင့္ ေျခခ်ဳပ္မိသလိုျဖစ္ကာ ‘ပ်င္းေနမွာပဲ’ဟု ထင္ၾကသူမ်ားရွိသလို၊ ‘တစ္ပါးတည္းဘယ္လိုေနလဲမသိဘူး’ဟု စူးစမ္းသူမ်ားလည္း ရွိေပသည္။ သို႔ျဖစ္၍ အရႈံးထဲမွ အျမတ္ဟူ၍လည္းေကာင္း၊ အဆိုးထဲမွ အေကာင္းဟူ၍လည္းေကာင္း အက်ဳိးအျမတ္မ်ား ရရွိခဲ့ပုံကိုလည္း ေျပာခ်င္ေနေပသည္။

စာေရးသူသည္ ယခင္က ေဖ့စ္ဘုတ္အေကာင့္မဖြင့္တတ္ပါ။ ယခုအခါ အလြယ္တကူဖြင့္တတ္သြားခဲ့ေပၿပီ။ ေဖ့စ္ဘုတ္အေကာင့္ဖြင့္သည့္အလုပ္ကား ခက္ခဲလွသည္မဟုတ္ပါ။ လုပ္စမရွိ၍ မဖြင့္တတ္ျခင္းျဖစ္မွန္း သိလုိက္ရေပသည္။ တပည့္မ်ားကို ခိုင္း၍ရမွန္းသိေနသျဖင့္ အေသးအဖြဲေလးကအစ ကိုယ္တုိင္မလုပ္လိုေသာေၾကာင့္ ယခင္က ေဖ့စ္ဘုတ္အေကာင့္မဖြင့္တတ္ျခင္းလည္း ျဖစ္ႏိုင္ပါသည္။ ယခုအခါ မိမိလည္း ကိုယ္တုိင္ဖြင့္၍သံုး၊ သူတစ္ပါးကိုလည္း ဖြင့္ေပးကာ ေဖ့စ္ဘုတ္အေကာင့္မ်ားကို ေဖာေဖာသီသီ သံုးစြဲေနရေပေတာ့၏။ အေကာင့္က်သြားလွ်င္လည္း ႏွစ္ေျမာစရာမလိုေတာ့ေပ။ အရံအေကာင့္မ်ား ဖြင့္ထားေသာေၾကာင့္တည္း။

ယခင္က Gmail လည္း မဖြင့္တတ္ပါ။ ယခုအခါ မဖြင့္တတ္သူမ်ားကိုပင္ ဖြင့္ျပေနတတ္ေပၿပီ။ Gmail ဖြင့္ထားသျဖင့္ ခုိင္းစရာမ်ား တုိက္ရိုက္ညႊန္ၾကားႏိုင္ရံုသာမကဘဲ Youtube အေကာင့္မ်ားသို႔ ဝင္ၾကည့္ျခင္း ကြန္မန္႔ေပးျခင္း၊ Link မ်ား ခ်ိတ္ဆက္ျခင္း၊ ဖိုင္လ္မ်ား Downျခင္း၊ သိမ္းဆည္းျခင္းမ်ားကိုပါ လုပ္ႏိုင္လာခ့ဲေပသည္။ ေဖ့စ္ဘုတ္၊ မက္စင္ဂ်ာမွတစ္ဆင့္ ဆက္သြယ္ျခင္းမ်ဳိး လံုးဝ မလုပ္ပါ။ မယုံၾကည္ေသာေၾကာင့္ ျဖစ္ပါသည္။ Gmailႏွင့္ကား စာ၊ ပံု၊ အသံ၊ ဗီဒီယိုဖုိင္လ္မ်ား ေပးပို႔၍ ေကာင္းေပသည္။ လံုၿခဳံစိတ္ခ်ရေသာေၾကာင့္ ျဖစ္ပါသည္။

ဟိုယခင္က ကၽြန္ပ်ဴတာမသံုးစြဲတတ္ပါ။ အိုးဘိုသို႔ ပါေတာ္မမူခင္ကာလမ်ား၌ ကြန္ပ်ဴတာကၽြမ္းက်င္စြာ သံုးႏိုင္ခဲ့ေသာ္လည္း အိုးဘိုေတာရမွာ ကိုးဆယ့္ကိုးလ ၾကာျမင့္ခဲ့သည္ကတစ္ေၾကာင္း၊ ျပည္ေတာ္ျပန္လာသည့္အခ်ိန္မွစ၍ အားလပ္သည္ဟူ၍မရွိ၊ ကြန္ပ်ဴတာကိုင္ခ်ိန္ဟူ၍ လံုးဝမရွိေသာေၾကာင့္လည္းေကာင္း၊ တပည့္မ်ားကို အိုင္တီအရာရွိမ်ားအျဖစ္ ခန္႔ထားသျဖင့္ ကြန္ပ်ဴတာကိုင္စရာမလိုအပ္ေသာေၾကာင့္လည္းေကာင္း စာေရးသူကား ကြန္ပ်ဴတာႏွင့္ လံုးဝ စိမ္းသြားခဲ့ရေပသည္။ ေဖ့စ္ဘုတ္ဆယ္လီအျဖစ္ သတင္းႀကီးေနေသာ္လည္း ကြန္ပ်ဴတာအဖြင့္အပိတ္ပင္ မလုပ္တတ္ခဲ့ပါ။ ယခုအခါ အခ်ိိန္မ်ားပိုလွ်ံေနသျဖင့္ ကြန္ပ်ဴတာျဖင့္ စာစီစာရိုက္ျခင္း၊ သတင္းတင္ျခင္း၊ အခ်က္အလက္ရွာေဖြသိမ္းဆည္းေပးပို႔ျခင္း၊ ရုပ္သံမ်ား ေဒါင္းလုတ္လုပ္၍ ကူးယူျခင္း၊ ေဖ့စ္ဘုတ္အေကာင့္ ဂ်ီေမးလ္အေကာင့္မ်ား ဖြင့္ျခင္း စသည္တုိ႔ကို ကၽြမ္းက်င္စြာ အသံုးျပဳႏိုင္ခဲ့ေပသည္။

ဟိုယခင္က ေခါင္းလည္း မရိတ္တတ္ပါ။ စာသင္သားဘ၀ အခ်ိန္ႏွေျမာေသာေၾကာင့္ သက္သာခိုျခင္းလည္း ျဖစ္ႏိုင္ပါသည္။ နာယကဘ၀ တပည့္မ်ားကို အလြယ္တကူ ခိုင္း၍ရေနေသာေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။ ယခုအခါ မည္သူ႔ကိုမွ် ခိုင္းစရာမလုိဘဲ ကိုယ္တိုင္ေခါင္းရိတ္တတ္သြားပါၿပီ။ ေခတ္ေပၚဓားမ်ားကလည္း ထိခိုက္ရွနာျခင္း အလ်င္းမရွိဘဲ လြယ္ကူစြာ ေခါင္းရိတ္ႏိုင္ေအာင္ မ်ားစြာအေထာက္အကူျပဳေပးေသာေၾကာင့္ ျဖစ္ပါသည္။

စာေရးသူ၏ ေဖ့စ္ဘုတ္ပိတ္သိမ္းခံရသည့္အခါ အင္တာနက္ေရဒီယုိေထာင္ပါသည္။ သဟာယအင္တာနက္ေရဒီယုိဟု အမည္ေပးထားပါသည္။ အပတ္စဥ္ တနလၤာ ဗုဒၶဟူး ေသာႀကာေန႔တိုင္း Liveလႊင့္ပါသည္။ သုိ႔ေသာ္ တရားပြဲသြားရျခင္း၊ ဧည့္က်ျခင္း၊ အစည္းေ၀းရွိျခင္း၊ အေရးႀကီးကိစၥေပၚေပါက္ျခင္းစေသာ အေၾကာင္းမ်ားေၾကာင့္ အခ်ိန္မနည္းယူရပါသည္။ အသစ္မေဟာႏိုင္သျဖင့္ အေဟာင္းျပန္လႊင့္ရသည္က မ်ားပါသည္။ ယခုအခါ အင္တာနက္ေရဒီယိုမွာ စာေရးသူ၏ တရားေတာ္မ်ား ပုံမွန္လႊင့္ႏိုင္ခဲ့ပါၿပီ။ အသံသြင္းၿပီးသား တရားေတာ္မ်ားကို တစ္လစာ ႀကိဳပို႔ထားႏိုင္သည္အထိ အခ်ိန္ေပးႏိုင္ခဲ့ေပသည္။ ထိုတရားေတာ္မ်ားကို စုေပါင္းကာ MP3စတစ္ထုတ္ႏိုင္ခဲ့ေပၿပီ။ ေတာ္လွန္ေရးကာလအတြက္ သမိုင္းမွတ္တိုင္တစ္ခုပင္တည္း။ ထိုအတြက္ တစ္စုံတရာကို ေက်းဇူးတင္ရပါမည္ေလ။

အျခားတစ္ခုကား English Speaking ေလ့လာခ်ိန္ ရျခင္းပင္။ ေန႔စဥ္ သံုးႀကိမ္ေလ့လာပါသည္။ Youtubeလာ ရုပ္သံဖိုင္လ္ေလးမ်ားကို ေဒါင္းယူၿပီး ပံုမွန္နားေထာင္ျခင္း ျဖစ္ပါသည္။ တစ္ဖုိင္လ္လွ်င္ အနည္းဆံုး သံုးႀကိမ္နားေထာင္ကာ သင္ရိုးကုန္အထိ နည္းနည္းခ်င္းစီ ေလ့လာပါသည္။ အတြဲလိုက္နားေထာင္ၿပီးသည့္အခါ ၾကည့္၍ ေရးပါသည္။ ရုပ္သံၾကည့္၍ ကြန္ပ်ဴတာျဖင့္ စာစီျခင္း ျဖစ္ပါသည္။ အလြတ္က်က္ျခင္း၊ အလြတ္ေရးသားျခင္း၊ အလြတ္တန္းေလ့က်င့္ျခင္းမ်ား ဆက္လက္လုပ္္ေဆာင္ရပါမည္။ ေသစာရွင္စာအတြက္ ျဖစ္ပါသည္။

အျခားေသာအက်ဳိးရလဒ္မ်ားကား က်န္းမာေရးႏွင့္ပတ္သက္သည့္ ရွာေဖြေတြ႔ရွိခ်က္မ်ား ျဖစ္ပါသည္။ က်န္းမာခ်မ္းသာ တရားရိပ္သာ အမည္ေပးႏိုင္ေလာက္သည့္ အေတြးစ စိတ္ကူးစေလးမ်ား ရရွိခဲ့ျခင္းလည္း ပါဝင္ပါသည္။ လူသားတစ္ဦး (သို႔မဟုတ္) သတၱဝါတစ္ဦးအေနျဖင့္ ကိုယ္က်န္းမာဖုိ႔ အေရးႀကီးသလို စိတ္ခ်မ္းသာဖို႔လည္း အေရးႀကီးပါသည္။ ကိုယ္က်န္းမာေအာင္ ေစာင့္ေရွာက္နည္း၊ စိတ္ခ်မ္းသာေအာင္ ျပဳျပင္နည္းမ်ား ျပသကာ တရားရိပ္သာထူေထာင္လိုစိတ္ ျပင္းျပလာသည္ကား မေဟာ္သဓာဘဝမွာ ရရွိခဲ့ေသာ အေတြ႔အႀကဳံမ်ား ျဖစ္ပါသည္။ တန္ဖိုးမျဖတ္ႏိုင္ေသာ ရတနာတစ္ခုပင္။

စာခ်ခြင့္မရေတာ့သျဖင့္ စာၾကည့္ စာခ်ခ်ိန္အစား တရားလုပ္ခ်ိန္ အစားထိုးပါသည္။ ေန႔စဥ္ ႏွစ္ႀကိမ္သံုးႀကိမ္ တရားထုိင္ပါသည္။ တရားပြဲမ်ားသြားစရာမလိုေတာ့သျဖင့္ ၎အစား ဂုဏ္ေတာ္ပြားခ်ိန္ မ်ားစြာထားပါသည္။ နေမာေတဂါထာရြတ္ျခင္း၊ နေမာတႆဂါထာရြတ္ျခင္းမ်ားကို အခ်ိန္ေပး၍ ပြားမ်ားပါသည္။ မနက္ အေခါက္သံုးရာ၊ ေန႔ဆြမ္းစားၿပီး အေခါက္သံုးရာ၊ ေန႔ခင္းအိပ္ရာႏိုး အေခါက္သံုးရာ၊ ညဘုရားဝတ္တက္ၿပီး အေခါက္တစ္ရာမွ အေခါက္ႏွစ္ရာ နေမာတႆ ဘုရားရွိခိုးဂါထာ ရြတ္ဆိုျခင္း ျဖစ္ပါသည္။ အားလံုး စႀကႍကမၼ႒ာန္းျဖစ္ပါသည္။ ပါဠိရြတ္သည့္အခါ အနက္ကိုပါ ဆင္ျခင္၍ ဗုဒၶဂုဏ္ေတာ္မ်ားကို ႏွလံုးသြင္းျခင္း ျဖစ္ပါသည္။ ဗုဒၶါႏုႆတိကမၼ႒ာန္းအက်ဳိးေက်းဇူးကား အံ့မခန္းလွပါ။ “ပူရယိႆတိ မာနသံ”ဟု ျမတ္ဘုရားမိန္႔ေတာ္မူခဲ့သည့္အတိုင္း စိတ္အလိုေတာင့္တတုိင္း ျပည့္ဝသည္သာ ျဖစ္ပါသည္။ စာေရးသူသည္ တစ္ကိုယ္ရည္သာ ေနထုိင္ရသျဖင့္ ဆြမ္းကြမ္း မခက္ခဲလွပါ။ အျခားလိုအပ္ခ်က္မ်ားလည္း မရွိသေလာက္ပင္။ သို႔ေသာ္ စာေရးသူတည္ေထာင္ထားသည့္ ပရဟိတႏွင့္ ဘကပညာေရးအတြက္ကား လြန္စြာေၾကာင့္ၾကရပါသည္။ ထိုဆႏၵကို နေမာတႆက ျဖည့္ဆည္းေပးသြားပါသည္။ လက္ေတြ႔သိလိုသူမ်ား စမ္းသပ္ၾကည့္ေစခ်င္ပါသည္။ စာေရးသူ၏ ဣစၧာသယေရႊအိုးႀကီးကား နေမာတႆဂါထာပင္ ျဖစ္ပါသည္။ နေမာတႆဂါထာသည္ လိုတရဂါထာေတာ္ႀကီး ျဖစ္ပါေတာ့သတည္း။

စာခ်ခ်ိန္ႏွင့္ တရားေဟာခ်ိန္ ႏႈတ္လိုက္လွ်င္ က်န္အခ်ိန္မ်ားသည္ ပံုမွန္လည္ပတ္ေနက်အခ်ိန္မ်ား ျဖစ္ေနပါေတာ့သည္။ ထို႔ေၾကာင့္ ထိုအခ်ိ္န္မ်ား၌ အမ်ဳိးသားေရးလုပ္ငန္းမ်ား လုပ္ေဆာင္ပါသည္။ ျပည္သူ႔မွာတမ္းႏွင့္ ျပည္သူသိေစခ်င္လို႔ပါ ဗီဒီယိုဖုိင္လ္မ်ားသည္ အမ်ဳိးသားေရးလုပ္ငန္းမ်ား ေဖာ္ေဆာင္မႈ၏ ရလဒ္တစ္ခုမွ်သာ ျဖစ္ပါသည္။ အျခားအရာမ်ားကား စာဖြဲ႔၍ပင္ ကုန္ႏိုင္မည္မဟုတ္ပါ။ တစ္ေယာက္တည္းေနရသည္ဆိုေသာ္ျငား အလုပ္ကား ခပ္ရွုပ္ရွုပ္ပင္။ တပည့္ ဒကာ ဒကာမမ်ားအား အျမဲေျပာခဲ့ဖူးသလို “အရွုပ္ေတြလုပ္ေတာ့ အလုပ္ေတြ ရွုပ္တာေပါ့ဗ်ာ”ဟူေလေသာ္။ ယခင္က အလုပ္မ်ားလြန္းသျဖင့္ တစ္ခုၿပီးတစ္ခု ဆက္တိုက္လုပ္ခဲ့ရပါသည္။ တစ္ခုမၿပီးခင္ တစ္ခုထပ္ခိုင္းမိသည့္အခါ တပည့္မ်ားက အ့ံၾသသည့္ပုံစံျဖင့္ ေမာ္ၾကည့္ၾကမွ သတိရကာ လုပ္လက္စကို ၿပီးေအာင္လုပ္ဖို႔ ေျဖသိမ့္ေပးရပါသည္။ ‘ေျဖးေျဖးလုပ္ပါေလ’ ‘ေအးေအးေဆးေဆးလုပ္ပါေလ’ဟုလည္း ႏွစ္သိမ့္ေပးတတ္ပါသည္။ ယခုအခါ ထိုသို႔ ေလာစရာမလိုေတာ့ပါ။ ေန႔စဥ္ စိတ္ေအးလက္ေအးရွိသျဖင့္ သက္ေသာင့္သက္သာ နားနားေနေနလုပ္ေဆာင္္ခြင့္ရရွိေနပါသည္။ စိတ္ဖိစီးမႈ နည္းပါးသြားသျဖင့္ စိတ္ပင္ပန္းမွႈလည္း သက္သာသြား၏ဟူလိုေသာ္။ ထူးျခားမႈတစ္ခုကား Myanmar Idol Season 4 Top 11 မွ Grand Final ထိ တုိက္ရိုက္အားေပးခြင့္ ရရွိျခင္းပါပင္။ အမ်ဳိးသားေရးတာဝန္ႀကီးပိေနသျဖင့္ အိုင္ေဒါပင္ မၾကည့္ခဲ့မိဖူးပါ။ ယခုမွ စိတ္ေအးလက္ေအး ၾကည့္ျဖစ္သြားျခင္း ျဖစ္ပါသည္။ ေက်ႏွပ္စရာပင္။ စာသင္တိုက္ စာခ်ဘုန္းႀကီး ဓမၼကထိကလုပ္ေနသျဖင့္ တစ္သက္လုံး မြန္းၾကပ္စြာ ေနရေတာ့မည္ဟုသာ ခံယူထားပါသည္။ လြတ္လပ္ေပါ့ပါးစြာ သစ္ပင္ေရေလာင္းကာ နားေအးပါးေအးေနရလိမ့္မည္ဟု အိပ္မက္ပင္ မမက္ခဲ့ဖူးပါ။ ယခုအခါ ေရေလာင္းေပါင္းသင္သည့္ ဥယ်ာဥ္မွဴးႀကီး ျဖစ္ေနေပၿပီ။ သူမ်ားခိုင္း၍ မဟုတ္ပါ။ တားျမစ္သည့္ႀကားမွ ၀ါသနာအရ ေပ်ာ္ရႊင္စြာ လုပ္ကိုင္ေနျခင္း ျဖစ္ပါသည္။ ေလေကာင္းေလသန္႔ ေလႏုေအးေလးေတြ ရွဴလိုက္ ေရေလာင္းလိုက္၊ စာဖတ္ရင္း ေစာင့္ေနလိုက္၊ ပရိတ္ရြတ္ရင္း ေရေလာင္းလိုက္၊ ေရေလာင္းရင္း စာက်က္လိုက္ႏွင့္ တစ္သက္လုံး မခံစားခဲ့ရဖူးေသာ ရဟန္းဘ၀စည္းစိမ္ကို ခ်ဳိျမိန္စြာ ခံစားခြင့္ ရရွိေနေပေတာ့၏။

အင္တာနက္၌ စာေရးသူႏွင့္ပတ္သက္သည့္ သတင္းမ်ားတက္လာသည့္အခါတုိင္း ဘုရားေလာင္းမေဟာ္သဓ (မေဟာ္သဓာ)ကို သတိရေနမိပါသည္။ ထိုကအခါ ဘုရားေလာင္းကို သနားေနမိတတ္ပါသည္။ မိမိ ျပည့္ျပည့္စုံစံုစားရသည့္အခါတုိင္း မေဟာ္သဓာကို စာနာေနမိတတ္ပါသည္။ မိမိခ်မ္းခ်မ္းသာသာ ေနရသည့္အခါတုိင္း မေဟာ္သဓာကို ကရုဏာသက္ေနမိတတ္ပါသည္။

ေတာ္လွန္ေရးကာလ စားပြဲထိုးလုပ္ခဲ့ရသည့္ ဟိုခ်ီမင္း၊ ရုပ္ဖ်က္ခိုးထြက္ကာ အငတ္ခံခဲ့ရေသာ သခင္ေအာင္ဆန္း စသူတို႔ကိုလည္း ကိုယ္ခ်င္းစာမိတတ္ပါသည္။

“ေတာ္လွန္ေရးကာလမွာ ဇိမ္အက်ဆံုးက ငါတုိ႔ပဲကြ”
“သဟာယမွာ စားရတာေလာက္ေတာ့ သနားတယ္”
“ေတာ္လွန္ေရးကာလမွာ စားေကာင္းေသာက္ဖြယ္ေတြ အစားရဆံုးကေတာ့ ငါတုိ႔ပဲရွိမွာ” စသည္စသည္ ေပ်ာ္ေစပ်က္ေစ ေျပာျပတတ္သလို ဓာတ္ပံုမွတ္တမ္းမ်ားလည္း ရုိက္ကူးထားပါသည္။

ဘုရားေလာင္းမေဟာ္သဓာခမ်ာ ပညာရွိခုခမိန္ႀကီးတစ္ေယာက္လံုးျဖစ္ပါလ်က္ ကိုယ္ေရာင္ေဖ်ာက္ကာ အိုးဖုတ္ေနခဲ့ရဖူးပါသည္။ ဖြဲႏုသာ စားခဲ့ရရွာပါသည္။

“မင္းေဘးသင့္တာခ်င္းအတူတူ ဝီရသူက မေဟာ္သဓာထက္ ကံေကာင္းတယ္ကြ”ဟု က်ဴးရင့္မိခဲ့လွ်င္ ပရိသတ္ႀကီး စိတ္မဆိုးေစလိုေပ။

မေဟာ္သဓာ တစ္ေန႔တာ ၿပီးပါၿပီ။

ဝီရသူ(မစိုးရိမ္)
13.5.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၄)


“မဟော်သဓာ တစ်နေ့တာ”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

ကိုယ့်ကျောင်းကိုယ့်ကန်နှင့် မနေထိုင်ရသော ယခုအခါ၌ စာလည်း မချရ၊ တရားဟောလည်း မထွက်ရ၊ ပရိသတ်နှင့်လည်း မထိတွေ့ရ၊ တပည့်များနှင့်လည်း အတူမနေရသဖြင့် ခြေချုပ်မိသလိုဖြစ်ကာ ‘ပျင်းနေမှာပဲ’ဟု ထင်ကြသူများရှိသလို၊ ‘တစ်ပါးတည်းဘယ်လိုနေလဲမသိဘူး’ဟု စူးစမ်းသူများလည်း ရှိပေသည်။ သို့ဖြစ်၍ အရှုံးထဲမှ အမြတ်ဟူ၍လည်းကောင်း၊ အဆိုးထဲမှ အကောင်းဟူ၍လည်းကောင်း အကျိုးအမြတ်များ ရရှိခဲ့ပုံကိုလည်း ပြောချင်နေပေသည်။

စာရေးသူသည် ယခင်က ဖေ့စ်ဘုတ်အကောင့်မဖွင့်တတ်ပါ။ ယခုအခါ အလွယ်တကူဖွင့်တတ်သွားခဲ့ပေပြီ။ ဖေ့စ်ဘုတ်အကောင့်ဖွင့်သည့်အလုပ်ကား ခက်ခဲလှသည်မဟုတ်ပါ။ လုပ်စမရှိ၍ မဖွင့်တတ်ခြင်းဖြစ်မှန်း သိလိုက်ရပေသည်။ တပည့်များကို ခိုင်း၍ရမှန်းသိနေသဖြင့် အသေးအဖွဲလေးကအစ ကိုယ်တိုင်မလုပ်လိုသောကြောင့် ယခင်က ဖေ့စ်ဘုတ်အကောင့်မဖွင့်တတ်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ယခုအခါ မိမိလည်း ကိုယ်တိုင်ဖွင့်၍သုံး၊ သူတစ်ပါးကိုလည်း ဖွင့်ပေးကာ ဖေ့စ်ဘုတ်အကောင့်များကို ဖောဖောသီသီ သုံးစွဲနေရပေတော့၏။ အကောင့်ကျသွားလျှင်လည်း နှစ်မြောစရာမလိုတော့ပေ။ အရံအကောင့်များ ဖွင့်ထားသောကြောင့်တည်း။

ယခင်က Gmail လည်း မဖွင့်တတ်ပါ။ ယခုအခါ မဖွင့်တတ်သူများကိုပင် ဖွင့်ပြနေတတ်ပေပြီ။ Gmail ဖွင့်ထားသဖြင့် ခိုင်းစရာများ တိုက်ရိုက်ညွှန်ကြားနိုင်ရုံသာမကဘဲ Youtube အကောင့်များသို့ ဝင်ကြည့်ခြင်း ကွန်မန့်ပေးခြင်း၊ Link များ ချိတ်ဆက်ခြင်း၊ ဖိုင်လ်များ Downခြင်း၊ သိမ်းဆည်းခြင်းများကိုပါ လုပ်နိုင်လာခဲ့ပေသည်။ ဖေ့စ်ဘုတ်၊ မက်စင်ဂျာမှတစ်ဆင့် ဆက်သွယ်ခြင်းမျိုး လုံးဝ မလုပ်ပါ။ မယုံကြည်သောကြောင့် ဖြစ်ပါသည်။ Gmailနှင့်ကား စာ၊ ပုံ၊ အသံ၊ ဗီဒီယိုဖိုင်လ်များ ပေးပို့၍ ကောင်းပေသည်။ လုံခြုံစိတ်ချရသောကြောင့် ဖြစ်ပါသည်။

ဟိုယခင်က ကျွန်ပျူတာမသုံးစွဲတတ်ပါ။ အိုးဘိုသို့ ပါတော်မမူခင်ကာလများ၌ ကွန်ပျူတာကျွမ်းကျင်စွာ သုံးနိုင်ခဲ့သော်လည်း အိုးဘိုတောရမှာ ကိုးဆယ့်ကိုးလ ကြာမြင့်ခဲ့သည်ကတစ်ကြောင်း၊ ပြည်တော်ပြန်လာသည့်အချိန်မှစ၍ အားလပ်သည်ဟူ၍မရှိ၊ ကွန်ပျူတာကိုင်ချိန်ဟူ၍ လုံးဝမရှိသောကြောင့်လည်းကောင်း၊ တပည့်များကို အိုင်တီအရာရှိများအဖြစ် ခန့်ထားသဖြင့် ကွန်ပျူတာကိုင်စရာမလိုအပ်သောကြောင့်လည်းကောင်း စာရေးသူကား ကွန်ပျူတာနှင့် လုံးဝ စိမ်းသွားခဲ့ရပေသည်။ ဖေ့စ်ဘုတ်ဆယ်လီအဖြစ် သတင်းကြီးနေသော်လည်း ကွန်ပျူတာအဖွင့်အပိတ်ပင် မလုပ်တတ်ခဲ့ပါ။ ယခုအခါ အချိန်များပိုလျှံနေသဖြင့် ကွန်ပျူတာဖြင့် စာစီစာရိုက်ခြင်း၊ သတင်းတင်ခြင်း၊ အချက်အလက်ရှာဖွေသိမ်းဆည်းပေးပို့ခြင်း၊ ရုပ်သံများ ဒေါင်းလုတ်လုပ်၍ ကူးယူခြင်း၊ ဖေ့စ်ဘုတ်အကောင့် ဂျီမေးလ်အကောင့်များ ဖွင့်ခြင်း စသည်တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့ပေသည်။

ဟိုယခင်က ခေါင်းလည်း မရိတ်တတ်ပါ။ စာသင်သားဘ၀ အချိန်နှမြောသောကြောင့် သက်သာခိုခြင်းလည်း ဖြစ်နိုင်ပါသည်။ နာယကဘ၀ တပည့်များကို အလွယ်တကူ ခိုင်း၍ရနေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ယခုအခါ မည်သူ့ကိုမျှ ခိုင်းစရာမလိုဘဲ ကိုယ်တိုင်ခေါင်းရိတ်တတ်သွားပါပြီ။ ခေတ်ပေါ်ဓားများကလည်း ထိခိုက်ရှနာခြင်း အလျင်းမရှိဘဲ လွယ်ကူစွာ ခေါင်းရိတ်နိုင်အောင် များစွာအထောက်အကူပြုပေးသောကြောင့် ဖြစ်ပါသည်။

စာရေးသူ၏ ဖေ့စ်ဘုတ်ပိတ်သိမ်းခံရသည့်အခါ အင်တာနက်ရေဒီယိုထောင်ပါသည်။ သဟာယအင်တာနက်ရေဒီယိုဟု အမည်ပေးထားပါသည်။ အပတ်စဉ် တနင်္လာ ဗုဒ္ဓဟူး သောကြာနေ့တိုင်း Liveလွှင့်ပါသည်။ သို့သော် တရားပွဲသွားရခြင်း၊ ဧည့်ကျခြင်း၊ အစည်းဝေးရှိခြင်း၊ အရေးကြီးကိစ္စပေါ်ပေါက်ခြင်းစသော အကြောင်းများကြောင့် အချိန်မနည်းယူရပါသည်။ အသစ်မဟောနိုင်သဖြင့် အဟောင်းပြန်လွှင့်ရသည်က များပါသည်။ ယခုအခါ အင်တာနက်ရေဒီယိုမှာ စာရေးသူ၏ တရားတော်များ ပုံမှန်လွှင့်နိုင်ခဲ့ပါပြီ။ အသံသွင်းပြီးသား တရားတော်များကို တစ်လစာ ကြိုပို့ထားနိုင်သည်အထိ အချိန်ပေးနိုင်ခဲ့ပေသည်။ ထိုတရားတော်များကို စုပေါင်းကာ MP3စတစ်ထုတ်နိုင်ခဲ့ပေပြီ။ တော်လှန်ရေးကာလအတွက် သမိုင်းမှတ်တိုင်တစ်ခုပင်တည်း။ ထိုအတွက် တစ်စုံတရာကို ကျေးဇူးတင်ရပါမည်လေ။

အခြားတစ်ခုကား English Speaking လေ့လာချိန် ရခြင်းပင်။ နေ့စဉ် သုံးကြိမ်လေ့လာပါသည်။ Youtubeလာ ရုပ်သံဖိုင်လ်လေးများကို ဒေါင်းယူပြီး ပုံမှန်နားထောင်ခြင်း ဖြစ်ပါသည်။ တစ်ဖိုင်လ်လျှင် အနည်းဆုံး သုံးကြိမ်နားထောင်ကာ သင်ရိုးကုန်အထိ နည်းနည်းချင်းစီ လေ့လာပါသည်။ အတွဲလိုက်နားထောင်ပြီးသည့်အခါ ကြည့်၍ ရေးပါသည်။ ရုပ်သံကြည့်၍ ကွန်ပျူတာဖြင့် စာစီခြင်း ဖြစ်ပါသည်။ အလွတ်ကျက်ခြင်း၊ အလွတ်ရေးသားခြင်း၊ အလွတ်တန်းလေ့ကျင့်ခြင်းများ ဆက်လက်လုပ်ဆောင်ရပါမည်။ သေစာရှင်စာအတွက် ဖြစ်ပါသည်။

အခြားသောအကျိုးရလဒ်များကား ကျန်းမာရေးနှင့်ပတ်သက်သည့် ရှာဖွေတွေ့ရှိချက်များ ဖြစ်ပါသည်။ ကျန်းမာချမ်းသာ တရားရိပ်သာ အမည်ပေးနိုင်လောက်သည့် အတွေးစ စိတ်ကူးစလေးများ ရရှိခဲ့ခြင်းလည်း ပါဝင်ပါသည်။ လူသားတစ်ဦး (သို့မဟုတ်) သတ္တဝါတစ်ဦးအနေဖြင့် ကိုယ်ကျန်းမာဖို့ အရေးကြီးသလို စိတ်ချမ်းသာဖို့လည်း အရေးကြီးပါသည်။ ကိုယ်ကျန်းမာအောင် စောင့်ရှောက်နည်း၊ စိတ်ချမ်းသာအောင် ပြုပြင်နည်းများ ပြသကာ တရားရိပ်သာထူထောင်လိုစိတ် ပြင်းပြလာသည်ကား မဟော်သဓာဘဝမှာ ရရှိခဲ့သော အတွေ့အကြုံများ ဖြစ်ပါသည်။ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။

စာချခွင့်မရတော့သဖြင့် စာကြည့် စာချချိန်အစား တရားလုပ်ချိန် အစားထိုးပါသည်။ နေ့စဉ် နှစ်ကြိမ်သုံးကြိမ် တရားထိုင်ပါသည်။ တရားပွဲများသွားစရာမလိုတော့သဖြင့် ၎င်းအစား ဂုဏ်တော်ပွားချိန် များစွာထားပါသည်။ နမောတေဂါထာရွတ်ခြင်း၊ နမောတဿဂါထာရွတ်ခြင်းများကို အချိန်ပေး၍ ပွားများပါသည်။ မနက် အခေါက်သုံးရာ၊ နေ့ဆွမ်းစားပြီး အခေါက်သုံးရာ၊ နေ့ခင်းအိပ်ရာနိုး အခေါက်သုံးရာ၊ ညဘုရားဝတ်တက်ပြီး အခေါက်တစ်ရာမှ အခေါက်နှစ်ရာ နမောတဿ ဘုရားရှိခိုးဂါထာ ရွတ်ဆိုခြင်း ဖြစ်ပါသည်။ အားလုံး စင်္ကြံကမ္မဋ္ဌာန်းဖြစ်ပါသည်။ ပါဠိရွတ်သည့်အခါ အနက်ကိုပါ ဆင်ခြင်၍ ဗုဒ္ဓဂုဏ်တော်များကို နှလုံးသွင်းခြင်း ဖြစ်ပါသည်။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းအကျိုးကျေးဇူးကား အံ့မခန်းလှပါ။ “ပူရယိဿတိ မာနသံ”ဟု မြတ်ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း စိတ်အလိုတောင့်တတိုင်း ပြည့်ဝသည်သာ ဖြစ်ပါသည်။ စာရေးသူသည် တစ်ကိုယ်ရည်သာ နေထိုင်ရသဖြင့် ဆွမ်းကွမ်း မခက်ခဲလှပါ။ အခြားလိုအပ်ချက်များလည်း မရှိသလောက်ပင်။ သို့သော် စာရေးသူတည်ထောင်ထားသည့် ပရဟိတနှင့် ဘကပညာရေးအတွက်ကား လွန်စွာကြောင့်ကြရပါသည်။ ထိုဆန္ဒကို နမောတဿက ဖြည့်ဆည်းပေးသွားပါသည်။ လက်တွေ့သိလိုသူများ စမ်းသပ်ကြည့်စေချင်ပါသည်။ စာရေးသူ၏ ဣစ္ဆာသယရွှေအိုးကြီးကား နမောတဿဂါထာပင် ဖြစ်ပါသည်။ နမောတဿဂါထာသည် လိုတရဂါထာတော်ကြီး ဖြစ်ပါတော့သတည်း။

စာချချိန်နှင့် တရားဟောချိန် နှုတ်လိုက်လျှင် ကျန်အချိန်များသည် ပုံမှန်လည်ပတ်နေကျအချိန်များ ဖြစ်နေပါတော့သည်။ ထို့ကြောင့် ထိုအချိန်များ၌ အမျိုးသားရေးလုပ်ငန်းများ လုပ်ဆောင်ပါသည်။ ပြည်သူ့မှာတမ်းနှင့် ပြည်သူသိစေချင်လို့ပါ ဗီဒီယိုဖိုင်လ်များသည် အမျိုးသားရေးလုပ်ငန်းများ ဖော်ဆောင်မှု၏ ရလဒ်တစ်ခုမျှသာ ဖြစ်ပါသည်။ အခြားအရာများကား စာဖွဲ့၍ပင် ကုန်နိုင်မည်မဟုတ်ပါ။ တစ်ယောက်တည်းနေရသည်ဆိုသော်ငြား အလုပ်ကား ခပ်ရှုပ်ရှုပ်ပင်။ တပည့် ဒကာ ဒကာမများအား အမြဲပြောခဲ့ဖူးသလို “အရှုပ်တွေလုပ်တော့ အလုပ်တွေ ရှုပ်တာပေါ့ဗျာ”ဟူလေသော်။ ယခင်က အလုပ်များလွန်းသဖြင့် တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ခဲ့ရပါသည်။ တစ်ခုမပြီးခင် တစ်ခုထပ်ခိုင်းမိသည့်အခါ တပည့်များက အံ့သြသည့်ပုံစံဖြင့် မော်ကြည့်ကြမှ သတိရကာ လုပ်လက်စကို ပြီးအောင်လုပ်ဖို့ ဖြေသိမ့်ပေးရပါသည်။ ‘ဖြေးဖြေးလုပ်ပါလေ’ ‘အေးအေးဆေးဆေးလုပ်ပါလေ’ဟုလည်း နှစ်သိမ့်ပေးတတ်ပါသည်။ ယခုအခါ ထိုသို့ လောစရာမလိုတော့ပါ။ နေ့စဉ် စိတ်အေးလက်အေးရှိသဖြင့် သက်သောင့်သက်သာ နားနားနေနေလုပ်ဆောင်ခွင့်ရရှိနေပါသည်။ စိတ်ဖိစီးမှု နည်းပါးသွားသဖြင့် စိတ်ပင်ပန်းမှှုလည်း သက်သာသွား၏ဟူလိုသော်။ ထူးခြားမှုတစ်ခုကား Myanmar Idol Season 4 Top 11 မှ Grand Final ထိ တိုက်ရိုက်အားပေးခွင့် ရရှိခြင်းပါပင်။ အမျိုးသားရေးတာဝန်ကြီးပိနေသဖြင့် အိုင်ဒေါပင် မကြည့်ခဲ့မိဖူးပါ။ ယခုမှ စိတ်အေးလက်အေး ကြည့်ဖြစ်သွားခြင်း ဖြစ်ပါသည်။ ကျေနှပ်စရာပင်။ စာသင်တိုက် စာချဘုန်းကြီး ဓမ္မကထိကလုပ်နေသဖြင့် တစ်သက်လုံး မွန်းကြပ်စွာ နေရတော့မည်ဟုသာ ခံယူထားပါသည်။ လွတ်လပ်ပေါ့ပါးစွာ သစ်ပင်ရေလောင်းကာ နားအေးပါးအေးနေရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပါ။ ယခုအခါ ရေလောင်းပေါင်းသင်သည့် ဥယျာဉ်မှူးကြီး ဖြစ်နေပေပြီ။ သူများခိုင်း၍ မဟုတ်ပါ။ တားမြစ်သည့်ကြားမှ ဝါသနာအရ ပျော်ရွှင်စွာ လုပ်ကိုင်နေခြင်း ဖြစ်ပါသည်။ လေကောင်းလေသန့် လေနုအေးလေးတွေ ရှူလိုက် ရေလောင်းလိုက်၊ စာဖတ်ရင်း စောင့်နေလိုက်၊ ပရိတ်ရွတ်ရင်း ရေလောင်းလိုက်၊ ရေလောင်းရင်း စာကျက်လိုက်နှင့် တစ်သက်လုံး မခံစားခဲ့ရဖူးသော ရဟန်းဘဝစည်းစိမ်ကို ချိုမြိန်စွာ ခံစားခွင့် ရရှိနေပေတော့၏။

အင်တာနက်၌ စာရေးသူနှင့်ပတ်သက်သည့် သတင်းများတက်လာသည့်အခါတိုင်း ဘုရားလောင်းမဟော်သဓ (မဟော်သဓာ)ကို သတိရနေမိပါသည်။ ထိုကအခါ ဘုရားလောင်းကို သနားနေမိတတ်ပါသည်။ မိမိ ပြည့်ပြည့်စုံစုံစားရသည့်အခါတိုင်း မဟော်သဓာကို စာနာနေမိတတ်ပါသည်။ မိမိချမ်းချမ်းသာသာ နေရသည့်အခါတိုင်း မဟော်သဓာကို ကရုဏာသက်နေမိတတ်ပါသည်။

တော်လှန်ရေးကာလ စားပွဲထိုးလုပ်ခဲ့ရသည့် ဟိုချီမင်း၊ ရုပ်ဖျက်ခိုးထွက်ကာ အငတ်ခံခဲ့ရသော သခင်အောင်ဆန်း စသူတို့ကိုလည်း ကိုယ်ချင်းစာမိတတ်ပါသည်။

“တော်လှန်ရေးကာလမှာ ဇိမ်အကျဆုံးက ငါတို့ပဲကွ”
“သဟာယမှာ စားရတာလောက်တော့ သနားတယ်”
“တော်လှန်ရေးကာလမှာ စားကောင်းသောက်ဖွယ်တွေ အစားရဆုံးကတော့ ငါတို့ပဲရှိမှာ” စသည်စသည် ပျော်စေပျက်စေ ပြောပြတတ်သလို ဓာတ်ပုံမှတ်တမ်းများလည်း ရိုက်ကူးထားပါသည်။

ဘုရားလောင်းမဟော်သဓာခမျာ ပညာရှိခုခမိန်ကြီးတစ်ယောက်လုံးဖြစ်ပါလျက် ကိုယ်ရောင်ဖျောက်ကာ အိုးဖုတ်နေခဲ့ရဖူးပါသည်။ ဖွဲနုသာ စားခဲ့ရရှာပါသည်။

“မင်းဘေးသင့်တာချင်းအတူတူ ဝီရသူက မဟော်သဓာထက် ကံကောင်းတယ်ကွ”ဟု ကျူးရင့်မိခဲ့လျှင် ပရိသတ်ကြီး စိတ်မဆိုးစေလိုပေ။

မဟော်သဓာ တစ်နေ့တာ ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
13.5.2020